|
“ကျနော်သည် ရန်ကုန်
ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မန္တလေးဆောင်မှာစာသင်ရင်း ၁၉၈၁ မှာဘူမိဗေဒဘွဲ
့ရရှိခဲ့ပါသည်။ကရင်ပြည်နယ်ကလာသူ မို
့ဒဂုံဆောင်မှာနေပြီးကျောင်းတက်ခဲ့ပါသည်။ကျနော့ညီအငယ်ဆုံးတစ်ယောက်
လည်း ၁၉၈၇ မှာဘူမိဗေဒနှင့်ကျောင်းပြီးခဲ့ပါသည်။
ကျောင်းပြီး ၍စီးပွားရေးနယ်ပယ်ထဲမှာ
နေရာတစ်နေရာရဖို့အတွက်ကျနော်တို့လက်ရောခြေထောက်ပါကျားကုတ်ကျားခဲကုတ်ဖဲ့
ကာမတ်မတ်ရပ်နိုင်အောင်
ကြိုးစားခဲ့ရပါသည်။ထိုအချိန်များကကျနော်တို
့သည်ပူပူနွေးနွေး ကျောင်းပြီးစအချိန် ကျောင်းဘက်သို့ လည်းမ
လှည့်နိုင်ပါ၊ကျောင်းမှသူငယ်ချင်းများနှင့်လည်းမဆုံဖြစ်ပါ။
ပြင်ပစီးပွားရေးသမားများနှင့်သာလုံးထွေးနေရပါသည်။ထိုအချိန်များက ဂရုမစိုက်ခဲ့မိ၊
မေ့လျော့နေမိ၊နေရာအထားအသိုမတတ် မသိမ်းဆည်းခဲ့မိသောကြောင့်ကျနော်တို
့ဘ၀မှတ်တမ်းများဖြစ်သောဓါတ်ပုံများဝမ်းနည်းစရာပျက်စီးပျောက်ဆုံးခဲ့ရပါသည်။အစားပြန်မရ
သောဆုံးရှုံးမှုကြီးဖြစ်ပါသည်။
ဆရာကန် တော့ပွဲတွေမှာဆုံဖြစ်တိုင်း
ဘ၀ကိုတစ်ကပြန်စရခဲ့ရင်မန္တလေးဆောင်မှာကျောင်းပြန်တက်ချင်တယ်လို
့ပြောကြပါ
တယ်။ကျနော်တို့ အားလုံးဒုတိယအရွယ်သို
့ရောက်ခဲ့ပါပြီင်္။ငယ်တဲ့ဘ၀ပြန်မရနိုင်တော့ပါ၊လျောက်ခဲ့တဲ့လမ်းကိုပြန်ကြည့်ရင်သင်ခန်းစာ
ယူစရာ၊မှတ်သားစရာအတွေ့ အကြုံအများအပြားရှိခဲ့ပါတယ်။
ကျနော်တို့သည် အောင်မြင်နေသောအဆင့်သို
့မရောက်သေးပါ။ဒါပေမယ့်နေရာတစ်ခုမှာတော့မတ်မတ်ရပ်နေနိုင်ပါပြီ။
ဒီလိုအခြေအနေမျိုး ရောက်ခဲ့မှကျနော်တို့ ကိုစာသင်ပေးခဲ့သောဌာနမှ
ဆရာ၊ဆရာမများကိုပြန်သတိထားမိသည်။ ကွင်းဆင်းခဲ့စဉ်က
အစားအသောက်များကိုချက်ပေးသော ဦးကစ္စနား၊ဦးလှသန်း၊ဒေါ်ထွန်းမေတို
့ကိုလည်းပြန်သတိရလာပါသည်။
ကျနော်တို့ ဒုတိယအရွယ်ဆိုတော့သူတို့ 
တွေလဲအသက်အရွယ်ရနေပြီ။ဆရာ၊ဆရာမအချို
့လည်းဆုံးပါးသွားကြပြီ။နှစ်တိုင်းကျ
နော်တို
့လည်းဆရာကန်တော့ပွဲမှတဆင့်ကူညီခဲ့ကြပါသည်။Geology ကျောင်းသားများစာ
သင်နှစ်အလိုက်ဆရာကန်တော့ပွဲနှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက်ကျင်းပလေ့ရှိပါတယ်။
တစ်နှစ်အတွင်းဆရာကန်တော့ပွဲအကြိမ်ရေအများဆုံးလို
့ဆိုနိုင်ပါသည်။ကျနော်သည်သင်ကြားခဲ့သောပညာ နှင့်မသက်ဆိုင်သော
ပြင်ပမှလုပ်ငန်းရှင်တစ်ဦးပါ။ကျနော်တို့ ဌာနနှင့်ဝေးကွာခဲ့သည်မှာ
(၂၇) နှစ်ရှိပြီဖြစ်သည်။ကျနော်ရေးခဲ့သောအကြောင်းအရာများသည်
ကိုယ်တိုင်သော်လည်း၎င်း၊သူငယ်ချင်းသော်၎င်း အမှန်တကယ်ကြုံတွေ
့ခဲ့သောအဖြစ်အပျက်များကိုခံစားရေးသားထားခြင်းများဖြစ်ပါ
သည်။
တစ်ခါတစ်ရံ သူငယ်ချင်းအမည်များကို
လွဲမှားစွာဖေါ်ပြမိခြင်း၊ နေရာဒေသများကိုအမှတ်မရတော့ခြင်း၊ Field
ဆင်းခဲ့သောဧရိ
ယာနှင့်လိုက်ခဲ့သောဆရာ၊ဆရာမများ၏အမည်များလွဲနေခြင်းသင်ကြားခဲ့သောဘာသာရပ်နှင့်ဆရာ
များကိုတွဲမမှတ်မိတော့ခြင်း၊ စသော
အမှားအယွင်းများပါရှိနေပါကသည်းခံပြီးခွင့်လွတ်ပေးကြပါ။
နောက်ဆုံးကျနော်ရိုးသားစွာဝန်ခံလိုပါသည်။Geology ဌာနနှင့်
နှစ်ပေါင်းများစွာဝေးကွာနေပြီးမှတဖန်ပြန်ခံစားရာတွင် Geology
အခေါ်တော်တော်များများကိုကျနော်မေ့လျော့နေပါပြီ။ Geology
အခေါ်အဝေါ်များကိုကျနော်သိပ်ပြီးမထည့် ရဲတော့ပါ။ဒီခေတ်လူငယ်များ
ဖတ်မိပြီး ရီစရာဖြစ်နေမှာကိုအရမ်းစိုးရွံ့ မိပါတယ်။
Geology ဌာနဖြစ်သောမန္တလေးဆောင်နှင့် နေခဲ့သော
ဒဂုံဆောင်တို့ ကိုတော့မမေ့ခဲ့ပါ။
ရည်ရွယ်ချက်
၁။ ကျွန်တော်တို့ ဌာနမှမွေးထုတ်ပေးခဲ့သောGeologist
များသည်ကမ္ဘာနိုင်ငံအသီးသီး
သို
့ပြန့်ထွက်နေကြပါသည်။
အချို့ မှာလည်း
ဌာနနှင့်မသက်ဆိုင်သောအပြင်စီးပွားရေးနှင့်ပြင်ပသို
့ရောက်နေသူများလည်းရှိကြပါသည်။တော်တော်များများအဆက်အသွယ်
ပြတ်နေကြပါပြီ၊ယနေ့  I.T
ခေတ်တွင်အဆက်အသွယ်လုပ်ရာတွင်ပြန် ၍လွယ်ကူလာပါသည်။ကျနော်၏
Website ကိုအခြေ
ပြုရင်းသူငယ်ချင်းများပြန်လည်အဆက်အသွယ်ရစေချင်ပါသည်။သူငယ်ချင်းဟောင်းများအားလုံးဤ
Website သို့ အလည်လာ
ရင်းအဆက်အသွယ်များပြန်ရခဲ့ကြရင်ကျနော်ဤ Website
ကိုလုပ်ရကျိုးနပ်ပြီလို့ ဆိုချင်ပါသည်။
၂။ ဤ Website တွင် Geology
ညီအကိုများလုပ်ကိုင်နေကြသော စီးပွာရေးလုပ်ငန်းများကို
ကြေငြာပေးနေပါသည်။Geology မိသား
စုနှင့်ပတ်သက်နေသူဖြစ်ပါကလာရောက်ဆက်သွယ်၍ကြေငြာလာထည့်နိုင်ပါသည်။
အခြားမည်သူမဆိုလဲဝင်ရောက်ကြေငြာနိုင်
ပါသည်။ ဤ Website
သည်ကျနော်၏Personal Website
ဖြစ်သော်လည်းကျနော်ဘ၀၏တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သောရန်ကန်
တက္ကသိုလ်ဘူမိဗေဒဌာနနှင့်လည်းပတ်သက်နေပါသည်။ ထို
့ကြောင့်ဘူမိဗေဒဌာနကို ကိုယ်စားပြုသော Website ဟုခေါ်ရင်
လည်းမမှားနိုင်ပါ။
၃။ Geology Photo Album တစ်ခုဖြစ်ချင်ပါသည်။ Field
ဆင်းစဉ်ကရိုက်ခဲ့သောဓါတ်ပုံများကိုအမှတ်တရသိမ်းထားချင်ပါသည်။မည်
သူမဆိုဝင်ကြည့်ပြီးပြန်၍အမှတ်ရစေချင်ပါသည်။ဤရှေးဟောင်းအမှတ်တရပုံများကိုကြည့်ပြီးကျနော်တို့တစ်ချိန်ကစာသင်ခဲ့သော
ဘူမိဗေဒဌာန မန္တလေးဆောင်
ကိုသတိရခြဲ့ကရင်ကျနော်ကျေနပ်ပါပြီဓါတ်ပုံများကိုတစ်ဖြေးဖြေးစုဆောင်းသွားပါမည်။
ဦးစာပေးပုံများအနေဖြင့်
(က)
ဆရာများအပါအ၀င် အုပ်စုပုံ
(ခ) Field
ဆင်းသောဧရိယာထဲမှအမှတ်တရအုပ်စုပုံ
(ဂ) Field
ဆင်းသောဧရိယာထဲမှအမှတ်တရပုံ များကိုပို့ပေးကြပါ။
၎။ နှစ်တိုင်းပြုလုပ်မြဲဖြစ်သောဆရာကန်တော့ပွဲများကို
စာသင်နှစ်အလိုက်လုပ်မည့်အစီအစဉ်များနေ
့ရက်အလိုက်ဖေါ်ပြပေးသွား
ပါမည်။မည်သူမဆိုအခါအခွင့်ကြု
ံခဲ့ပါက၀င်ရောက်ကန်တော့နိုင်ရန်အတွက်ဖြစ်ပါသည်။
၅။ ဤနေရာတွင်ကျနော်တစ်ခုပြောချင်ပါသည်။ကျနော်ရန်ကုန်မှာကျောင်းတက်ခဲ့သောကြောင့်
မန္တလေးနှင့်မကျွမ်းဝင်ပါ။ ကျနော်သိ
ထားတာက ဆရာများမှာကျနော်တို
့ဌာနမှဆရာများသာဖြစ်သည်။ဆရာအားလုံးအတူတူပါ။
ထိုကြောင့် Geology ကျောင်းသားအားလုံးကို
ညီအကိုများအဖြစ်သတ်မှတ်ထားပါသည်။ ရန်ကုန်၊
မန္တလေး၊တောင်ကြီး၊မော်လမြိုင်မခွဲ
ခြားထားပါ။အားလုံးဝင်ရောက်ဆက်သွယ်ကြပါ။မိမိဆင်းခဲ့သောမည်သည့်နယ်မြေမဆိုအားလုံး
ဓါတ်ပုံပို့ ပေးနိုင်ကြပါသည်။ ဓါတ်ပုံနှင့်
ပတ်သက်သောမှတ်ချက်များရှိခဲ့ရင်လည်းရေးထည့်ပေးစေလိုပါသည်။
အားလုံးကိုမျှဝေခံစားစေခြင်ပါသည်။
ကျေးဇူးတင်လွှာ
ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒဌာန မှဆရာ /
ဆရာမ များအားလုံး၊၀န်ထမ်းများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။
လွန်ခဲ့သော ၂ရနှစ်
ဝန်းကျင်ကွင်းဆင်းစဉ်တွေ့ကြုံခဲ့ရသော
အဖြစ်အပျက်များကို ပြန်လည်အမှတ်ရစေရန် အစဖေါ်ပေးခဲ့ကြသော
သူငယ်ချင်းများကို၎င်း၊
ရှေးဟောင်းအမှတ်တရဓါတ်ပုံများကို
နားပူပူနှင့်လိုက်လံစုဆောင်းပေးခဲ့ကြသော သူငယ်ချင်းများကို၎င်း
အထူးကျေးဇူးတင်ပါသည်။
မျက်နှာဖုံး ဒီဇိုင်းနှင့်ဆရာ/ဆရာမများ၏
ဓါတ်ပုံများကိုအဖေခိုင်း၍သာ စိတ်မပါ့တပါနှင့် လုပ်ပေးခဲ့သော
ကျနော့်သားအငယ်ဆုံး ဖိုးလပြည့်
ကိုလည်းကျေးဇူးတင်ပါသည်။
အကူအညီပေးခဲ့ကြသူများ အားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်။
|