Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

ပထမဆုံးအကြိမ် ဘူမိဗေဒ ကွင်းဆင်းခြင်း

ရန်ကုန် မှ ရထားစတင်ထွက်ကတည်းက ပြောနေကြတဲ့ စကားသံတွေဆူညံနေ သည်။
ရထားတွဲ 2 တွဲ စပါယ်ရှယ်ကျောင်းသားတွဲဖြစ်သည်။
သာစည် ကျမှ တီအီးကားကြီး နှင့်လာကြိုမည်။
ပထမပိုင်း 10 ရက်ကို ကျွဲတပ်ဆုံ Camp ဒုတိယက ပျဉ်ညောင် Camp မှာ ဆင်းရမည်။
ညနေ 33း0 မှာ ရထားစထွက်သည်။ ည 8း00 လောက်ကျတော့ အသံတွေ နည်းနည်း ငြိမ်သွားသည်။
တချို့လည်း အိပ်နေကြပြီ။ တစ်ချို့လည်းဂစ်တာတိုးတိုးလေး ကိုယ့်အဖွဲ့ နဲ့ ကိုယ်ငြိမ့်နေကြသည်။
တခါတရံ ဆရာ ဦးခင်မောင်လတ်၏ မယ်ဒလင်လက်သံလည်းအလွန်နားထောင်ကောင်းပါသည်။
ဆရာကတော့ ရန်ကုန်တက္ကသိုလ်အနုပညာအသင်း ရဲ့ အတွင်းရေးမှူးတစ်ယောက်ပါ။
ဆရာ့မယ်ဒလင်သံကို နားထောင်နေရင်း စာမေးပွဲဖြေရန်ကိုယ်ပိုင်စာကြည့်ချိန်ပေး ထားသောညများကို သတိရ နေပါသည်။
ခါတိုင်းညများတွင် ကျွန်တော်တို့ ပုဂံဆောင်သွားလိုက် မာလာဆောင်သွားလိုက်၊ အင်းယားဆောင်ကို သွားလိုက် ဖျော်ဖြေနေရပါသည်။
ယခုအချိန်မှာ သူများကိုလည်း မဖျော်ဖြေနိုင်တော့ပါ။
စာအုပ်ထဲမှာ မှတ်စု မရှိလို့ စာကူးနေတာနဲ့ စာဖတ်လို့ မရလို့ စိတ်ညစ်နေတာနဲ့ ညတာ တော်တော်ရှည်ပါသည်။
ည 12း00 ၊ 1း00 နာရီ ချိန်မျိုးတွင် ကျွန်တော်တို့အားလုံး အိပ်မပျော်နိုင်ကြဘဲ ဒဂုံဆောင်အခန်းအပြင်ဖက်တွင် ထွက်ထိုင်နေလေ့ရှိပါသည်။
ထိုအချိန်မျိုးတွင် လုပ်သားကောလိပ် မှ ဆရာများ မယ်ဒယ်လင်တီးပြီး သီချင်းဆိုရင်း ဖြတ်လျှောက်သွားလေ့ရှိပါသည်။
ထိုမြန်မာသံစဉ်များကို ကြားမိသောခဏ မှာ လွမ်းစရာလဲကောင်းသလို၊ စိတ်ကိုလည်း တစ်ဖန် ပြန်လန်းဆန်းလာစေပါသည်။
ထိုသောအခါ ကျွန်တော်တို့က သူတို့ကို Request လုပ်၍ နောက် 2ပုဒ်3ပုဒ်လောက်ထပ်ဆိုခိုင်းပါသည်။
ဆရာများလည်း စိတ်ရှည်ပါသည်။ ကျွန်တော်တို့ ရဲ့ စာမရတဲ့ဒုက္ခကို ကိုယ်ချင်းစာပါသည်။
ဆိုပြရင်း ၊ တီးပြရင်း နဲ့စာကြိုးစားကြဖို့ သတိပေးရင်း နဲ့ သူတို့ဆက်လျှောက်သွားကြပါသည်။
ကျွန်တော်တို့ အားလုံးလဲ ကိုယ့်အခန်း ကိုယ်ပြန်၍ စာပြန်ဖတ်ကြပါသည်။

သာစည်ကို မနက် 6း00 လောက်မှာ ရောက်ပါသည်။
ပစ္စည်းများချရင်း လာကြိုမည့်ကားများကို စောင့်နေကြပါသည်။
ကျွဲတပ်ဆုံ ရွာသည် သာစည်မြို့နယ် အတွင်းဖြစ်၍ သာစည် နဲ့ သိပ်မဝေးပါ။
ဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ ဆောက်လုပ်ရေးတန်းလျားတွင် စခန်းချရပါသည်။
လူအမျိုးမျိုး ၊ စိတ်အမျိုးမျိုး ပါ၊
ကိုယ့်အုပ်စု နဲ့ ကိုယ်နေကြဘို့ ဆရာပြောထားပါသည်။
တစ်ချို့ကျောင်းသားများလဲ နေရာတော်တော်ရွေးပါသည်။
သူတို့စိတ်ထဲတွင် တစ်သက်လုံးများနေရတော့မယ်လို့ ထင်နေလား မသိ
ကျွန်တော်တို့ကတော့ ရတဲ့နေရာမှာ နေပါသည်။
အားလုံးရွေးပြီး လွတ်သောနေရာ မှာ ၀င်နေလိုက်ပါသည်။
တစ်နေ့လုံး တစ်ညလုံးမချွတ်ဘဲဝတ်ထားသော Jungle boot
ပထမ ဆုံး Field ဆင်းသောနေ့မှာ အတော်များများဖိနပ်ပေါက်ကုန်ပါသည်။
နောက်ရက်များတွင်တော့ Camp တစ်ခုလုံး ခြေအိတ်ပုတ်ဆော်နံနေပါသည်။
ဆရာကိုယ်တိုင် ခြေအိတ်ကိုယ်လျှော်ကြဘို့ သတိပေးနေပါသည်။
ကျွန်တော်ဘ၀တွင် Geology ယူခဲ့ခြင်း အတွက် နောင်တမရခဲ့ပါ။
သူငယ်ချင်းများသည် အပေါ်ယံပေါင်းရုံနှင့် အတွင်းစိတ်ကိုမသိနိုင်ပါ။
ခရီးထွက်သောအခါ မှ သာ လူ့သဘာဝ စိတ်တွေပေါ်လာပါသည်။
တစ်ချို့လည်းတစ်ကိုယ်ကောင်းဆန်ပါသည်။
တချို့လဲ ကူညီပေးတတ်ပါသည်။
ကျွန်တော်ကတော့အားလုံးနဲ့ လိုက်လျောညီထွေနေတတ်ပါသည်။
ကျွန်တော်တို့ Field ဆင်းကြသောအခါ အမျိုးမျိုး အဖုံဖုံသော စိတ်ဓာတ်တွေကိုသိလာရပါသည်။ ဒါတွေဟာ ငွေနဲ့ ၀ယ်ယူ၍ မရသော အတွေ့အကြုံများဖြစ်ပါသည်။ နောက်ကြုံလာမယ့် ဘ၀တွေအတွက် အများကြီးအထောက်အကူဖြစ်ခဲ့ပါသည်။
Field ပထမဆုံး သောရက် ညနေစာ စားပြီးတော့ တစ်ယောက် မှ Camp မှာမနေကြပါ။
နေရာသစ်ဖြစ်သော ရွာထဲအနှံ့ လျှောက်ကြည့်ကြပါသည်။
ထို့နောက် သိကြတဲ့အတိုင်း ရွာထဲက အရက်ဆိုင် မှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြပါတော့တယ်။
ထိုအချိန် .
ရွေလိမ္မော်အရက် နာမည်ကြီးနေချိန်ဖြစ်ပါသည်။
တစ်ကယ်တော့ ကျွန်တော် နဲ့ အရက်သိပ်မတဲ့ပါ။
သောက်ရင် အနီကွက်တွေ အများအပြား ထွက်ပြီး ယားတတ်ပါသည်။
``ငါရွှေလိမ္မော်တစ်လုံးတိုက်မယ်`` ကျွန်တော်က အဆိုတင်ပါသည်။
မွန်ကြီးက အမြည်းအတွက်တာဝန်ယူမည်ဆိုတော့ ကျွန်တော်တို့အဖွဲ့အဆင်ပြေနေပါပြီး။
လာတဲ့သူငယ်ချင်းတွေလည်း သူအဖွဲ့ နဲ့ သူရှိနေကြပါသလို တစ်ယောက်ထဲယောင်တောင်တောင် နဲ့ ရောက်လာသော ဖြူဖတ်ဖြူရော်အကောင်သေးသော ဖိုးဟတ်ဖြူကို ကျွန်တော်တို့ ၀ိုင်းထဲခေါ်လိုက်ပါသည်။
တစ်ယောက်နည်းနည်းစီ သောက်ကြရင်း ရွှေလိမ္မော်တစ်လုံး ကုန်သွားပါပြီ။
ကျွန်တော်ကတော့ မရတော့ ကျန်တဲ့သူတွေလည်း သိပ်မဟန်တော့ .
``နောက်တစ်လုံးပေးဦး`` ပိုးဟတ်ဖြူ အသံထွက်လာပါသည်။
``ငါတို့ကို အားမကိုးနဲ့နော် ငါတော့မရတော့ဘုး`` အေးအေးဆေးဆေးပါ`` ပိုးဟတ်ဖြူတော့လုပ်ချလိုက်ပြီ။ အံ့သြစရာ ဒီကောင်လေးမျက်နှာ လုံးဝမနီပါ။
သူမှာထား သောတစ်လုံးကို သူတစ်ယောက်ထဲရှင်းနေသည်။
ကျွန်တော်မျက်နှာကားတိုက်ကြက်မျက်နှာ လိုဘဲ နီနီရဲနေပါသည်။
ထိုအချိန်အာနိုးတစ်ယောက်ရောက်လာပြီး ကျွန်တော်တို့ ၀ိုင်းမှာ လာထိုင်ပါသည်။
အာနိုးသည် တက္ကသိုလ်များ မောင်ပြိုင်ပွဲဝင် ရန် ကာယဗလ လေ့ကျင့်နေသူ တစ်ဦးဖြစ်သည်။
ဝိတ်ပေါကြီးလို့လည်း ခေါ်ကြပါသည်။
အခုလဲ ရှမ်းပြည် ဒီလောက်အေးတဲ့ ရာသီ မှာ စွတ်ကျယ်ပြတ်ဝတ်ပြီး ဗလတပြပြလုပ်နေပါသည်။
သူသည် အားကစားသမားပီပီ အရက် ၊ ဆေးလိပ်ကို ရှောင်ပါသည်။
ကျွန်တော်တို့ဝိုင်း မှာ လာထိုင်ပြီး နှာခေါင်းတစ်ရှုံ့ရှုံ့လုပ်နေပါသည်။
ကျွန်တော်တို့ အားလုံးအရက်သောက်ဆေးလိပ်သောက် နေတာကို မကြိုက်တဲ့ပုံမျိုးပင်။
ကောင်လေးရေမရောရင် တော့ အသေစော မှာ ဘဲနော်လို့ ပိုးဟတ်ဖြူကို သတိပေးနေပါသည်။
ပိုးဟတ်ဖြူကတော့ နောက်ဆုံးတစ်ခွက်ကို တစ်ကျိုက်ထည့်နဲ့ ရှင်းပြစ်လိုက်ပါသည်။
ကျွန်တော်လဲ ပိုးဟတ်ဖြူကို လက်ဖျားခါသွားပါသည်။
``မွန်ကြီး မင်းထိုင်ခုံ နည်းနည်းရွေ့ပေး`` ပြောပြီအာနိုးတစ်ယောက်အရက်ဆိုင် အလယ်မှာ ဒိုက်ထိုးနေပါတော့သည်။
19-20 - 21 22- 30 ( အချက်ရေ )
ကျောင်းသားများလည်း အာနိုးကိုကြည့်ပြီး တစ်ဝါးဝါး တစ်ဟားဟား နှင့် ဖြစ်ပါသည်
အားနိုးကတော့ လုံးဝဂရုမစိုက်။
မွန်ကြီး မင်းခုံ ငါ့ကိုပေး ကြာဆံ မင်းခုံလည်းပေး ဆိုပြီး အာနိုး ခုံကိုမပြီးလက်မောင်း
ကစားနေပါသည်။
မွန်ကြီးကတော့ မကျေနပ်၍ ဆဲရေးပါတော့သည်။
``ဟေ့ကောင် စောက်ပေါ ဒါတက္ကသိုလ် အားကစားရုံမဟုတ်ဘူးကွ``
``ဒါအရက်ဆိုင်လေ -- ငါသိသားဘဲ---
ငါဖာသာလေ့ကျင့်ခန်း လုပ်တာမင်းတို့ အရက်သောက်တာ ကို
အနှောင့်အယှက်ဖြစ်နေလို့လား``
တစ်ယောက်တစ်ခွန်း စကားများပြီးရန် ဖြစ်ကြပါတော့သည်။
ကျွန်တော်တို့အားလုံးဝိုင်း ဖြန်ဖြေကြပါသည်။ ကလေး မှစ၍ ရွာသူကြီးအဆုံး ကျွန်တော်တို့ကို အားလုံးအထင်ကြီးလေးစားနေအချိန် မှာ ဒီလိုမျိုးမဖြစ်သင့်ပါ။
ကျနော်တို့ camp ပြန်ရောက်တော့ ည ၁၂ နာရီထိုးနေပြီ ။
ဆရာများလည်းအိပ်နေကြပြီ

ကျွန်တော်တို့ အသံတိတ်ခြေလှမ်း နှင့် ကိုယ့်အိပ်ရာ ကိုယ်ဝင်ကြပါသည်။
မှေးကနဲ အိပ်ပျော်သွားပြီး နောက်
``ဟေ့ကောင် အာနိုးမင်းလက်က ဘာလို့ ငါ့ဖင်ကိုလာစမ်းနေတာလဲ။
``မင်းဗလအားကိုးနဲ့ အနိုင်ကျင့်လို့ရမယ်ထင်လား
`` ငါ့ဘေးမှာဓားမြောင်ရှိတယ်နော်`
` လူမရွေးဘူးကွ``ဖြစ်ချင်တော့ မွန်ကြီး နဲ့ အာနိုး ဘေးချင်းယှဉ်လျက်အိပ်နေကြတာကိုး ။
``ငါ့လက်နှိပ် ဓာတ်မီး ပျောက်သွားလို့ လိုက်စမ်းနေတာပါ။
``ရေမဆေးတဲ့ ဖင်ကို သွားကိုင်မိလို့ ချမ်း ချမ်း စီး စီး နဲ့ လက်ရေသွားဆေးရဦးမယ်။
သူတို့နှစ်ယောက်ဇာတ်လမ်းကမပြီးသေးပါ ။ စကားထများကြပြန်ပြီ
မင်းတို့ နှစ်ယောက် နောက်နေ့ကြရင် တစ်နေရာဆီနေကြတော့ ဆရာဦးခင်မောင်လတ် ထလာပြီး ဟောက်တော့ မှ ငြိမ်သွားကြသည်။
တိုးတိုး တိတ်တိတ် နဲ့ ကြိတ်ပြီး စကားများနေကြတုန်းဘဲ
နောက်ညကြတော့ အာနိုးတစ်ခြား တစ်နေရာ ရွှေ့သွားသည်။
တစ်ည နှစ်ည ပဲရှိသေးသည် အာနိုး နှင့် ယှဉ်လျက် အိပ်သော နှစ်ယောက် မှာ တစ်ခြားတစ်နေရာကိုသို့ ထပ်ရွေ့ကြပြန်သည်။
``မင်းတို့ ဘာဖြစ်နေကြတာလဲ`` ဒါ Camp ကွ ကိုယ်အိမ် လို့ သဘောမထားကြနဲ့``
တစ်ည 6 နာရီ 7 နာရီ အိပ်တာလေးကို မင်းတို့ တော်တော်ဂျီးများ နေကြတယ်။
ဆရာဆူနေပါသည်။ အာနိုးဘေးမှာ အိပ်မယ့်သူမရှိဖြစ်နေပါသည်။ Camp ကလည်း ကျောင်းသားဦးရေ နှင့် အတိအကျဖြစ်နေသောကြောင့် တစ်ယောက်ယောက် နဲ့ တော့တွဲပြီးကျနေရပါသည်။
``ကျွန်တော်တို့ နေ့လည်ပင်ပန်းတော့ ညဖက်အရမ်းအိပ်ငိုက်တယ်``
ညဖက်ကျရင် အာနိုးလက်က အငြိမ်မနေဘူး ဖင်နှိုက်လိုက် ၊ ပေါင်ကြားထဲရောက်လိုက်နဲ့
``ငါယောင်တတ်လို့ပါကွာ``
``မင်းယောင်တာကလဲ ညတိုင်းဘဲလား``
ကျောင်းသားတွေ တိုးတိုးပြောကြရင်း အားလုံးသိလာကြပါသည်။
ဒါပေမယ့် ဒီပြဿနာ က ပိုးဟတ်ားတွေ တိုးတိုးပြောကြရင်း အားလုံးသိလာကြပါသည်။
ဒါပေမယ့် ဒီပြဿနာ က ပိုးဟတ်ဖြူ နဲ့ ယှဉ်ပြီးအိပ်သော ညမှစ၍ ဘာသံမှ မကြားရတော့.
ပိုးဟတ်ဖြူသည် ညစာစားရင်း နဲ့ ရွှေလိမ္မော်တစ်လုံးကို တစ်ယောက်ထဲကိုင်လေ့ရှိသည်။
ဒါညတိုင်း ညစဉ်
(တစ်ကယ့် ရေတစ်လျှောက်) အရက်သောက်ပြီး သွားလို့ကတော့ ပိုးဟတ်ဖြူ တစ်ညလုံး ဘာမှမသိတော့ ၊ မိုးလင်း မှ တစ်ရေးနိုးတယ်လို့ ပြောတယ်။
ရှမ်းပြည်ညဖက် အအေးဒဏ် က အရိုးကွဲမတတ်။
အာနိုးကတော့ ပိုးဟတ်ဖြူကို ယုယလိုက်တာ။
အရက်သောက်ဖို့ အမြည်းဝယ်ပေးရတာနဲ့ ၊ အရက်ဌဲ့ပေးရတာနဲ့ မူးပြီးလမ်းမလျှောက်နိုင်တဲ့ ပိုးဟပ်ဖြူကို အာနိုးပွေ့ချီပြီး Camp ကိုကျောပိုးပြီး ခေါ်ခဲ့ရတာနဲ့ အာနိုးအလုပ်ရှုပ်နေတော့သည်။
မွန်ကြီးတို့ ကြာဆံတို့နဲ့လည်း အာနိုးရန်မဖြစ်အားတော့ ပိုးဟတ်ဖြူ နဲ့ တစ်ဖြူ တည်း ဖြူနေတော့သည်။
ညဖက်အိပ်ရင်းလည်း အာနိုးရန်မဖြစ်အားတော့ ပိုးဟတ်ဖြူကို ထွေးထွေးပွေ့ပွေ့ နဲ့ ချော့သိပ်နေသည်။
ပိုးဟတ်ဖြူကတော့ မူးပြီး ရင် ဘာမှမသိတော့..။။
ပိုးဟတ်ဖြုတော့ ဇိမ်ကျချက်ကတော့ ပြောမပြောချင်တော့ပါ။
ပိုးဟတ်ဖြူကျောပိုးအိတ်၊ ထမင်းဘူး ၊ ရေဗူး အားလုံး အာနိုးတစ်ယောက် ဒိုင်ခံကူသယ်ပေးသည်။
Field ဆင်းရန် ပိုးဟတ်ဖြူ ကိုယ်ပေါ်မှာ ဘာလေးအပင်မှ မရှိစေရ။ အာနိုး ဒိုင်ခံသယ်ပေးသည်။
ကျောက်နမူနာ ကောက်တာအစ အာနိုးကောက်ပေးသည်။
Field ဆင်းရင်လဲ သူတို့ နှစ်ယောက်နောက်ဆုံးမှာ တိုးတိုးတွတ်တွတ် နဲ့ ဘာတွေတွတ်တိုးနေကြလဲမသိ..။
ဆရာဦးမေတ္တာကတော့ သူတို့ နှစ်ယောက် ကိုကြည့်ပြီး ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ပြုံးနေပါတော့သည်။
ဆရာဘာတွေ တွေးပြီးပြုံးနေတာကို ကျွန်တော်မသိပါ။
ကျွန်တော်သိတာကတော့ ကျားကိုး စီးစား ၍ မကုန်သောခန္စာကိုယ်ပိုင် ရှင် အာနိုးရဲ့ အသည်းနှလုံးသည် ယောက်ျားအသည်းနှလုံးတော့မဟုတ်ပါ။ လူ့လောကထဲရောက်အောာင်ဖန်ဆင်းပေးခဲ့သောဖန်ဆင်းရှင်သည်
အသည်း နှလုံးမှားထည့်မိပြီလို့ထင်ပါတယ်..။
``ဒီလိုမျိုးလည်းရှိသလားကွ``
လို့ကြာဆံအော်လိုက်သောအသံသည် ရှမ်းတောင်တန်းတစ်ခုလုံး ပဲ့တင်ထပ်သွားပါတော့သည်။

ကျနော်တို့နေထိုင်ရာလောကကြီးထဲတွင်လူဆိုသောခေါင်းစဉ် အောက်မှာ ယောက်ျားနှင့်မိန်းမနှစ်မျိုးသာရှိပါသည်။ အများစုသည်ရခဲသောလူ့ဘ၀တွင် လူလာဖြစ်ရခြင်းအတွက် မည်သည့်ဘ၀ရရ ကျေနပ်ကြပါသည်။
အချို့သောသူများကရတာမလို၊ လိုတာမရဖြစ်နေကြရရှာပါသည်။
ကျနော်တို့အားလုံးနားလည်ပေးလိုက်ကြပါ။

 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit