Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

မင်းပုန်းတောင်

Field  ဆင်းနေစဉ်အတွင်း ကျောင်းသားများနှစ်ယောက်တွဲသော်လည်းကောင်း ၃ ယောက်တွဲသောလည်းကောင်းအလှည့်ကျ Camp Duty ကျလေ့ရှိပါသည်။ ပထမ ကျနော်သိပ်စိတ်မ၀င်စားပါ ကိုယ်အလှည့်မှမကျသေးဘဲကိုး ။Geology ဌာနမှအကူများဖြစ်ကြသောဦးကစ္စ နား၊ကိုစိုးမင်း တို့ က Camp တစ်ခုလုံးအတွက်စားရေးသောက်ရေးတာဝန်ယူသည်။

Camp Duty ကျသူများက သူတို့ ကို ၀ိုင်းကူညီပေးရသည်။ဦးကစ္စနားတို့ ကသူတို့ အလုပ်ကိုအကွက်စေ့နေအောင်လုပ်သွားပါသည်။သူတို့  ကိုသိပ်ထွေထွေထူးထူးကူစရာပင်မလိုပါ။ကြာတော့ကျောင်းသားများဟိုနားဒီနားထွက်လည်ဖို့ ဖန်လာပါသည်။ကျနော်တို့ ကျွဲတပ်ဆုံမှာကျ စဉ်ကတချို့ ကျောင်းသားများသာစည်သို့ ဆင်းကြသည်။ဟိုအကြောင်းပြ ဒီအကြောင်းပြနှင့်ပေါ့။

ကြာဆံတို့ အဖွဲ့ Dutyကျတော့ဒီကောင်တွေမိတ္ထီလာထိဆင်းသွားသည်။ကျနော်တို့ကိုတိုးတိုးလေးပြောသည်မိတ္ထီလာကန်မြောက်ဖျားမှာ ကန်ရိပ်ညိုဆိုသော လ္ဘက်ရည်ဆိုင်ရှိသည်။ဖျော်တာတော်တော်ကောင်းတယ်တဲ့အားလုံးလ္ဘက်ရည်ကြိုက်သူတွေ၊ဒီအသံကြားတော့ အား လုံးနားရွက်ထောင်လာကြတယ်ရန်ကုန်လ္ဘက်ရည်ဆိုင်နှင့်ဝေးနေတာတစ်ပတ်လောက်ရှိတော့မယ်။

ငါ့ Duty နေ့ မှာသွားအုံးမှပဲလို့ စိတ်ကူးထားလိုက်တယ်။Camp duty ကျသူတိုင်းလည်းမသွားကြပါ၊အချို့ သာလျှင်လျောက်လည်ကြတာပါ။ အများအားဖြင့် Camp မှာနားနေကြတာများတယ်။

ကြည်ဝေ၊ကျနော်၊ကိုတင်ထွန်း(စစ်တွေ) Camp Duty ကျပါတယ်။ကျနော် မိတ္ထ္ထီလာသွားမည့်အစီအစဉ်ပြောပြတော့ကိုတင်ထွန်းမလိုက်ပါ Camp မှာကျန်နေခဲ့ပြီး ဦးကစ္စနား တို့ ကိုဝိုင်းကူညီလိုက်မယ်လို့ ပြောပါတယ်။ကျနော် နဲ့ ကြည်ဝေ ၉း၀၀ ကျော်ကတည်းကရွာထိပ် လ္ဘက်ရည်ဆိုင်မှာ ကားစောင့်နေကြပါတယ်။ဒီနေ့ ကံမကောင်းပါ၊လာသမျကားတွေနေရာလွတ်မကျန်ပါ၊ ၁၀ နာရီကျော်နေပြီ အဆင်မ ပြေသေး။

ကြာဆံတို့  Camp သောနေ့ ကအဆင်ပြေခဲ့သည်။ ၉း၀၀ နာရီကတည်းက အောင်ပန်းကဆင်းလာတဲ့Hilux ကသူတို့ ကိုခေါ်တင်သွားတယ်။ ၁၁း၀၀ နာရီင်္ကျတော့ကုန်ကားတစ်စီးတားပြီး ခေါင်မိုးပေါ်ကလိုက်စီးခဲ့ရပါသည်။

            မိတ္ထီလာရောက်တော့အချိန်သိပ်မကျန်တော့ပါ ၄း၀၀ အရောက် Camp ပြန်ရအုံးမည်။ မိတ္ထီလာဈေးနားတ၀ိုက်မှာလိုအပ်သော တိုလီ မိုလီအသုံးအဆောင်တွေလိုက် ၀ယ်ပြီး အဆင်ပြေတဲ့ လ္ဘက်ရည်ဆိုင်မှာထိုင်ကြတယ်။ကြာဆံပြောတဲ့ကန်မြောက်ဖျားရပ်ကဆိုင် ကိုလဲ မရောက်တော့ပါ။ အပြန်မှာတော့ အောင်ပန်းသွားတဲ့ Hilux ခေါင်းခန်းကစီးပြီးပြန်ခဲ့တယ်။ကြည်ဝေကတော့ Country ဦးထုတ်မျက် နှာအုပ်ပြီိးအိပ်လိုက်လာတယ်။ ရွာရောက်ခါနီး ၂ မိုင်လောက်အလိုမှာCamp ကိုပြန်ကြတဲ့ Geology အဖွဲ့ နဲ့ တန်းတိုးတာ၊ဘယ်လိုမှရှောင် ချိန်မရလိုက်တော့ပါ၊ ဆရာဦးခင်မောင်ဝင်းနှင့်မျက်နှာချင်းဆိုင်မိသွားတယ်ကျန်တဲ့ကျောင်းသားတွေမသိလိုက်ပါ။ကားပေါ်မှာကျနော်တို့ ပါ သွားတယ်ဆိုတာ။

            ဒါပေမယ့်ဆရာကတော့လျင်ပါတယ်၊ ဆရာတော့သိသွားပြီ Camp ပြန်ရောက်တော့ဟန်မပျက်နေလိုက်တယ်၊ဆရာဘာမှတော့မ ပြောပါ၊ နောင်တခါ ငွေဝင်း နှင့် စိုးဝင်း Camp Duty ကျတဲ့နေ့ မှာတော့တောင်ကြီးထိသွားကြတယ်၊ပြန်ရောက် တော့ ည ၁၀ နာရီလောက် ရှိနေပြီ၊ဆရာတွေမသိလိုက်ဘူးထင်တာပဲ။

            ဒီလိုနဲ့ ကျွဲတပ်ဆုံ Camp နောက်ဆုံးနေ့ ရောက်လာပါပြီ။မနက်ဖြန်တစ်ရက်နားကြမည်။သဘက်ခါပျဉ်ညောင် Camp ကိုရွေ့ ကြ မည်။

           မနက်ဖြန်နားရမည်ဆိုတော့အားလုံးပျော်နေကြပါသည်။ကျနော်တို့ ညစာစားပြီးချိန်ရောက်တော့ နာမည်စာရင်းနှင့်ဆရာအခေါ် လွတ်လိုက်ပါတယ်။ကျနော်စိတ်မလုံတော့ပါ၊ကျနော်အပြစ်ရှိနေပါတယ်။ ဆရာ့အခန်းထဲရောက်တော့အားလုံး ၁၅ ယောက်လောက်ရှိမယ်။

            ရှေကရောက်နေတဲ့အဖွဲ့ ကို ဆရာဦးခင်မောင်ဝင်းကကျူးလွန်ခဲ့တဲ့အပြစ်တွေကိုပြောပြနေပါတယ်။ကျနော်နဲ့ ကြည်ဝေရောက် သွားတော့ကျနော်တို့ နာမည်ကိုခေါ်ပါတယ်၊ကျူးလွန်ခဲ့တဲ့အပြစ်တွေကိုပြောမလို့ ဆရာပါးစပ်အဟမှာပဲ ကျနော့်မှာအပြစ်ရှိပါတယ်ဆရာ  ကျနော်အရင်ဝန်ခံလိုက်သည်။အပြစ်ကျူးလွန်တဲ့သူတွေကိုဒါဏ်ပေးတဲ့အနေနဲ့ ဒီနယ်မြေမှာအမြင့်ဆုံး တောင်ဖြစ်တဲ့ မင်းပုန်းတောင်ကိုအ ခြားကျောင်းသားများနားရက်မနက်ဖြန်မှာကျနော်တို့ တက်ရပါမယ်။

           ဆရာကတက်ရမယ့်လမ်းကြောင်းကိုရှင်းပြပါတယ်။မနက်စောစောတက်ရမည်။တောင်ပေါ်မှကျောက်နမူနာယူခဲ့ရန်၊ကျောက်ဖြစ် ရုပ်ကြွင်းတွေကိုလဲ ရှာခဲ့ရန်၊ထင်ရှားသောအမှတ်အသားများကိုမှတ်ခဲ့ရန်မှာလိုက်သည်။

           အပြစ်ကျူးလွန်ခဲ့သောကျောင်းသားများအားလုံးစုပြီးမနက်ဖြန်ကိစ္စအတွက်တိုင်ပင်ကြပါသည်။တစ်ယောက်ကတော့ရွာထဲကလမ်း ပြခေါ်သွားရင်ကောင်းမယ်တဲ့။ဆရာကလမ်းပြခေါ်ခွင့်မပြုခဲ့။

            တစ်ချို့ ကလည်းသဘောမတူ၊တစ်ချို့ ကလည်းသဘောတူသည် ။ ဒါပေမယ့်တောင်တက်ရင်လမ်းပျောက်မှာလည်း စိုးရိမ်နေကြ တယ်။

            အဲဒီအချိန်မှာကျနော်တို့  Group leader ကိုမြင့်လွင်ရောက်လာခဲ့တယ်။ခေါင်းဆောင်တစ်ယောက်အနေနှင့်လည်းသူ့ တာဝန်မ ကင်းသလိုခံစားနေရပြီး သူကိုယ်တိုင်လိုက်ခဲ့မယ်တဲ့။

            ကျနော်တို့ ကတော့မလိုက်ဖို့ ပြောကြပါတယ်။ဒါပေမယ့်မရပါ သူလဲလိုက်ပါလာမည်။လမ်းပြအကြောင်းပြောကြတော့သူလုံးဝ အပြတ်ငြင်းသည်။ဘယ်သူ့ ကိုမှမခေါ်ပါ။လက်ထဲမှာမြေပုံ နဲ့ Compass ရှိနေသမျဘယ်သူမှမလိုတဲ့ Geology ကျောင်းသားမှန်ရင်မြေပုံနှင့် Compass ကြည့်တတ်ရမည်တဲ့သူကတော့ ဆရာရှင်းပြသောတောင်တက်လမ်းကြောင်းကိုသေသေချာချာမှတ်ထားသည်။

            မနက်ကျတော့ ဦးကစ္စနားတို့ ကကျနော်တို့ အတွက်ထမင်းကြော်နှင့်ပဲပြုတ်ပြင်ဆင်ထားပေးပါတယ်။နေလည်စာကိုထမင်းဘူးထဲ ထည့်ပြီး Camp ကထွက်ချိန် ၆း၀၀ နာရီရှိနေပြီ၊သူတော်ကောင်းကျောင်းသား များကတော့အိပ်လို့ ကောင်းနေကြတုန်း၊အပြစ်ရှိရင်တော့ ပေးတဲ့အပြစ်ကိုခံယူဖို့ ကျနော်တို့ ပြင်ဆင်ထားကြပါတယ်။တောင်တက်လမ်း ကကြမ်းလွန်းသည်။မြင့်လွင်ကတော့လမ်းမမှားစေရန်Mapနဲ့  Compass  ကိုခဏခဏကြည့်နေတယ်။

            ဆရာကတော့ကျနော်တို့ ကိုညနေမိုးချုပ်လောက်မှပြန်ရောက်နိုင်ကြောင်းဦးကစ္စနားကပြောပြခဲ့သည်။ဒါကလဲကျနော်တို့ ကိုခပ် ပျင်းပျင်းကျောင်းသားများလို့ သတ်မှတ်ထားလိုက်လို့ ပါ။ကိုမြင့်လွင်ကခေါင်းဆောင်ပီသစွာ ဆရာအထင်ကိုပြောင်းပြန်လှန်ပစ်ဖို့ အားလုံး ကိုတိုက်တွန်းလိုက်ပါတယ်။

            မြန်မြန်တောင်ပေါ်ရောက်အောင်တက်ကြမယ်
ရှေ့မှဦးဆောင်ပြီးတက်သွားပါတယ်။ကျနော်တို့ အားလုံးလည်းသူဦးဆောင်တဲ့နောက်ကိုလိုက်သွားကြပါတယ်။ကျနော်တို့  ၁၀း၀၀ နာရီလောက်တောင်ထိပ်ရောက်သွားပါတယ်။ကျောက်တုံးအနေအထားတွေကိုပါလာတဲ့ကာတွန်းဆရာကျောင်းသားတစ်ယောက်က ပုံကြမ်းဆွဲပြီးမှတ်ထားပါတယ်။

            စာရေးထားတာတွေလည်းတွေ့ ရပါတယ်။ဆင်ချည်တိုင်၊ မြင်းချည်တိုင်စသောစာတွေကိုလည်းဘယ်သူရေးထားမှန်းမသိပါ။ တောင်ပေါ်မှာဂူပုံလိုကျောက်ဖျာမိုးထားပြီးအထဲမှာမင်းအိပ်တဲ့သလွန်ကိုတွေ့ ရပါတယ်။မင်းသလွန်ရှေ့ နားမှာထုံးသင်္ဃန်းကင်းမဲ့နေတဲ့ ဗုဒ္ဓဆင်းထုတော်တစ်ဆူကိုဖူးတွေ့ ရပါသည်။

            သောက်ရေဘူးမှရေနှင့်သပ္ပာယ်လိုက်တော့ဗုဒ္ဓဆင်းတုမျက်နှာတော်ကြည်လင်ဝင်းပလာပါတယ်။            အကုသိုလ်များနေသောတပည့်တော်တို့ကိုအန္တရာယ်ကင်းအောင်ကြည့်ရှုပေးတော်မူပါဘုရား  အကုသိုလ်ဆိုတာကိုယ်လုပ်သောအပြစ် ကိုယ်ခံရတာလို့ အကြမ်းဖျင်းသိထားပါသည်။

            အခုလဲကျနော်တို့ စည်းကမ်းမဖေါက်ခဲ့ရင်ဒီအပြစ်ခံစရာမလိုပါ။မင်းပုန်းတောင်လို့ အမည်တွင်ရခြင်းကမင်းတစ်ပါးလာရောက်ပုန်း ခိုနေတာကိုအစွဲပြုပြီးခေါ်ကြတာလို့ ရွာထဲကလူကြီးအချို့ ကပြောပါတယ်။

            ပဒေသရာဇ်ခေတ်မှာနယ်တစ်နယ်ကိုအုပ်ချုပ်နေတဲ့မင်းတစ်ပါး ဘာအတွက်နဲ့ ပုန်းရှောင်နေရတာလဲ။ သူဘာတွေလုပ်ခဲ့လို့လဲ --ဘယ်သူတွေကလိုက်ရှာနေတာလဲ--ဒီမင်းလဲကျနော်တို့ လို အကုသိုလ်များနေလို့ ဖြစ်မှာပါ။

           မျက်စိရှေ့ မှာမြင်ရတာတွေကိုအားလုံးပုံကြမ်းဆွဲခဲပါတယ်။နမူနာကျောက်တွေကိုစုဆောင်းပါတယ်။ အားလုံးစုံလင်ပြီဆိုမှတောင် ပေါ်မှပြန်ဆင်း လာခဲ့ပါသည်။အပြန်လမ်းကတော့မြန်သွားပါပြီ၊သွားကထဲကလမ်းတွေကိုအမြော်အမြင်ကြီးတဲ့ခေါင်းဆောင်ကအမှတ်အ သားတွေလုပ်သွားပါတယ်။

            နေ့ လည် ၁ နာရီကျော်လောက် Camp ကိုပြန်ရောက်ခဲ့ပါတယ်။ဆရာတွေကတော့ပထမကျနော်တို့ အုပ်စု Camp  ထဲဝင်ခဲ့တဲ့ အချိန်မှာမယုံသေးဘူး။ဆရာတွေရဲ့စိတ်ထဲမှာကျနော်တို့ အဖွဲ့ တောင်ခြေမှာပျော်ပွဲစားထွက်ပြီးပြန်လှည့်လာကြတာလို့ ပဲထင်နေကြတယ်။

            ယူလာခဲ့တဲ့နမူနာကျောက်တွေ ၊ဆွဲထားတဲ့ပုံကြမ်းတွေကိုထုတ်ပြပြောပြတော့မှဆရာအားလုံးယုံကြည်သွားကြပါတယ်။

            မင်းတို့ တွေလမ်းပြခေါ်သွားကြသေးလား

            မြေပုံနှင့် compass ရှိနေသမျ လမ်းပြမလိုပါဘူးဆရာ

            ငါ့တပည့်တွေအလာကြီးပါဘဲလား

ဆရာမှာအတွေ့ အကြုံနှင့်ယုံကြည်ချက်တစ်ခုရှိပါတယ် ဆိုးတဲ့ကျောင်းသားအများစုမှာသာမန်ကျောင်းသားတွေထက်သာတဲ့အရည် အချင်းတစ်ခုတော့ရှိနေတယ်၊ဒီအရည်အချင်းကိုတစ်လွဲအသုံးမချဘို့ ပဲလိုတယ်

မင်းတို့ ကြီးပြင်းလာတဲ့အချိန်မှာ မင်းတို့ အားလုံးထူးချွန်ထက်မြတ်တဲ့ပုဂ္ဂိုလ်တွေအဖြစ်နဲ့ ပဲဆရာမြင်ချင်တယ်

မင်းတို့ မှာထူးခြားတဲ့အရည်အချင်းတွေရှိနေတယ်၊မင်းတို့ ကြိုးစားရင်ဖြစ်ကိုဖြစ်ရမယ်၊အရာရာတိုင်းမှာအကောင်းဆုံးဖြစ်ပါစေလို့  ဆရာဆုတောင်းပေးလိုက်ပါတယ်

ပေးတဲ့ဆုနှင့်ပြည့်ပါစေဆရာ
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit