Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

ဗိုလ်မှူးဗထူး

တစ်ရက် မှာ တော့ မြိုင် Camp ၏ အနောက်ဖက်တည့်တည့် မှာ ရှိနေသော Fault ပြတ်ရွှေ့ကြီး အကြောင်း Report ရေးရန် ကျွန်တော်တို့ အဖွဲ့ကိုဆရာကခိုင်းလိုက်ပါသည်။

လိုချင်သောအထောက်အထားခိုင်ခိုင်လုံလုံနှင့် Sample ကျောက်များ Fossil များပါ စုဆောင်းခဲ့ရန် မှာ လိုက်ပါသည်။ကျွန်တော်တို့အားလူး စိုက်ရန်ပုံထားသော မြေနီပုံများကြားမှ ဖြတ်ရင်း တွေ့ရှိနေသော out crop အပေါ်ထွက်ပိုင်းများကို လေ့လာရင်း အနောက်ဖက်သို့ ဆက် လျှောက်ခဲ့ကြပါသည်။

အားလူးခင်းကိုကျောက်ဖြတ်ပြီးနောက် ကျွန်တော်တို့ တောင်ပေါ်စတက်ပါတော့သည်။တောင်ပေါ်တက်ရင်းနဲ့တွေ့ရှိရသော ကျောက် Sample များကို စကောက်၍ ကျောက်ဖြစ်ရုပ်ကြွင်း Fossil များကို ရှာဖွေနေရပါသည်။ကျွန်တော် fossil ရှာဖွေရာ မှာ အလွန်ပျော်ပါသည်။

ကျွန်တော်၏စိတ်သည် ခက်ခဲသော အလုပ်ကိုမှ လုပ်ချင်သော ဆန္ဒရှိသည် လူတိုင်းလုပ်နိုင်သောကိစ္စကို ကျွန်တော်စိတ်မ၀င်စားပါ။ခက် ခက်ခဲခဲလူတိုင်း မလုပ်နိုင်သောကိစ္စကို သင်မပြီးမြောက်ခဲ့လျင် လည်းသင့်ကို ဘယ်သူမှအပြစ်မပြောပါ။

တစ်နည်းဆိုရလျှင် သင်အရှုံးမရှိပါ။ ပြီးမြောက်အောင်မြင်ခဲ့လျှင် သင်ဂုဏ်တက်မည်။ကျွန်တော်အမြဲတမ်း Fossil ရှာလေ့ရှိပါသည်။ကျောင်း သားတိုင်းလည်းအမှတ်တရဖြစ်အောင် ရှာလေ့ရှိပါသည်။

ကျွန်တော်တွေ့လေ့ရှိပါသည်။ ရှာတွေ့ရခြင်း မှာ လည်း လူတိုင်းမသိသောနည်းကျွန်တော်မှာရှိနေသောကြောင့်ဖြစ်ပါသည်။ကျွန်တော် Field စဆင်းသော နှစ် ဍ် ဆရာဦးအောင်ကျော်ထွန်းလည်း ကျွန်တော်တို့ ရထားတွဲမှာ ပါလာပါသည်။

ဆရာ Master တန်းအတွက် Thesis လုပ်ရန် ကလောနားက ရွာတစ်ရွာ မှာ Field ဆင်းပါမည်။ကျွန်တော် ဆရာဘေးမှာထိုင်ရင်း ဆရာ့အ တွေ့အကြုံကို လည်း နားထောင်နေခဲ့ပါသည်။ဒီလမ်း ဒီခရီးဒီတော ဒီတောင် တွေမှာ မင်းတို့ထက် စီနီ ယာာ ကျောင်းသားတွေရဲ့ခြေရာ တွေရာထောင်ချီပြီးထပ်နေပြီ။

ပုံမှန်သွားနေကျ လာနေကျလမ်းဘေးမှာ Fossil တွေ့ဖို့ မစဉ်စားနဲ့ - မင်းတွေ့မှာလည်း မဟုတ်ဘူး။မင်းတွေ့ချင်ရင်တော့ အပင်ပန်းတော့ ခံရလိမ့်မယ်။သွားနေကျမဟုတ်တဲ့ လမ်းတွေ မြင့်တဲ့ တောင်ထိပ်တွေ နက်တဲ့ ချောက်ထဲမှာ ဆင်းရှာမှ တွေ့ရမယ်။ဆရာဦးအောင်ကျော် ထွန်းစကား ကျွန်တော် မှတ်သားထားပါသည်။

ကျွန်တော် တို့တောင်ပေါ်ထိပ်နားေ၇ာက်လာတော့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိပါသည်။ဘေး2 မိုင် 3 မိုင်လောက်မှာ အမြင့်ဆုံး တောင်ထိပ်တစ်ခုကို တွေ့ပါသည်။သူငယ်ချင်းအားလုံးကို ခဏစောင့်နေကြ၇န်ပြောပြီး ကျွန်တော် နှင့် ကံဦး အမြင်ဆုံးတောင်ထိပ်သို့တက် ခဲ့ပါသည်။

သွားရင်း လာရင်း နဲ့လည်း  မျက်စိမှာ ရှာဖွေနေမိပါသည်။ကျောက်တုံး အောက်တွေကို လှန်လျော ရှာဖွေကြရာ ကင်းမြီးကောက် တွေလဲ တွေ့ရပါသည်။ ကင်းခြေမျှားတွေလည်း တွေ့ခဲ့ရပါသည်။ဒါပေမယ့် မဆိုးပါ Fossil ပါသောကျောက်တုံးတွေ ကျွန်တော်တို့ရခဲ့ပါသည်။

သူငယ်ချင်းတွေအားလုံးရှာကြဖွေကြတာပဲ တွေ့တဲ့သူလည်း တွေ့သည် မတွေ့သောသူများလည်းမတွေ့ကြပါ။ဒါကံ နဲ့လည်း ဆိုင်ပါသည်။ သူငယ်ချင်း တွေစောင့်နေရာ မှ ကျွန်တော်တို့ ဆက်ပြီးခရီးဆက်ခဲ့သည်။

တောင် က တစ်ဖြည်းဖြည်း ဆင်းလာနေသည်။ တစ်နေရာအရောက်မှာတော့ ဖြတ်ရွေ့လို့ခေါ်သော Fault ကိုကျွန်တော်တို့မြင်နေကြရ ပါသည်။Fault သည် ပေ 1000လောက် နက်မည်ဟု ထင်ပါသည်။ ကျွန်တော်တို့ တစ်ဖြည်းဖြည်းဆင်းလာခဲ့ပါသည်။လမ်းမရှိပါ။ အဆင်ပြေ သလို ကျွန်တော်တို့ Fault အနက်ဆုံးအောက်ခြေထိဆင်းလာခဲ့ပါသည်။

အောက် မှာတော့ မြေပြန့်ဖြစ်နေပြီး ချောင်းသေးသေးလေးတစ်ခုတွေ့ပါသည်။Map မှာကြည့်လိုက်တော့ ကျွန်တော်တို့အားလုံးဇော်ဂျီမြစ် ဟုထင်ပါသည်။ မြစ်တစ်ခု၏မြစ်ဖျားခံရာနေရာသို့ရောက်နေပါပြီ။တောင်ပေါ်မှာ အေးနေသလောက်အောက်မှာ တော်တော်ပူပါသည်။

ကျွန်တော်တို့ အပေါ်အင်္ကျီကို ချွတ်ပြီး Geology စွပ်ကျယ်များ နှင့် သာ ဆက်ပြီးလုပ်နေပါသည်။ဆရာခိုင်းထားတာတွေလည်း မမေ့မလျှော့ စေရန် သတိပေးကြ ရင်း မှတ်သူက မှတ်နေကြပါသည်။ Sample ယူသူက ယူနေကြပါသည်။အားလုံးပြီးပြည့်စုံပြီလို့ဆုံးဖြတ်ပြီးမှအား လုံးနားကြပါသည်။

ကျွန်တော်တို့အားလုံး ပထ၀ီမြေကြီးကို ကျောခင်းနေကြပါသည်။မျာက်နှာနေထိုးနေသောကြောင့် မြက်ဦးထုပ် နဲ့ ကွယ်ပြီး နေရပါသည်။ အားလုံး အမောပြေလောက်သောအချိန် ကျမှ ကျွန်တော်တို့ပတ်ဝန်းကျင်  ကို ထပ်မံလေ့လာကြပြန်ပါသည်။

စီးဆင်းနေသော ချောင်းသေးသေးမှ ရေ နှင့် မျက်နှာ သစ်ရင်း ချောင်းဖျားဖက်ဆီသို့ ကျွန်တော်ကြည့်မိပါသည်။မျက်စိအမြင်မှားနေလား တစ္ဆေတွေ  သူရဲတွေ ခြောက် နေတာလား --

အရှေ့တော်တော် ဝေးဝေးခြုံကြားထဲမှာ သွပ်မိုးလိုလိုတစ်ခုခုကိုမြင်နေရသည်။ကံဦးကို ခေါ်ပြတော့သူလည်းမြင်တယ်။ကျွန်တော်တို့သွား ကြည့်မယ်ပြောတော့ တစ်ချိှု့လည်း မလိုက်ချင်ပါ။နားသူတွေနားခဲ့ရန်ပြောပြီး စိတ်ဝင်စားသူများကို စုပြီး ထိုနေရာကို ထွက်လာခဲ့ပါသည်။

ခြုံတွေဖုံးလွမ်းနေပြီး  ခြုံကြားထဲမှာ သွပ်မိုး  ၀ိုင်း ၀ိုင်းခတ်ငယ်ငယ်က  ပျောက်နေပါသည်။သွပ်မိုးအောက် မှာ တော့ကျောက်တိုင်တစ်ခုကို ခြုံတွေက ရစ်ပတ်လို့နေသည်။

တစ္ဆေခြောက်တာလည်း မဖြစ်နိုင်တော့ မြက်ခုတ်ဝါးရှည်နဲ့ ခြုံတွေရှင်းရင်း ကျောက်တိုင်ဆီသို့လာခဲ့ပါသည်။စိတ်ထဲမှာ တော်တော် စိတ်ဝင် စားနေသည်။ ကျောက်တိုင်မှာ ဘာရေးထားလည်း ဆိုတာသိချင်နေပါသည်။နေ့ရက်ကို မမှတ်မိတော့ပါ။

ဤနေ့  ဤရက် ဤနေရာတွင် ငှက်ဖျားရောဂါ  ဖြင့် ဗိုလ်မှူးဗထူး ကျဆုံးခဲ့သည်။ကျွန်တော်တို့အားလုံး အံ့အားသင့်သွားကြပါသည်။ ငယ် ငယ်တုန်းက သင်သော စာထဲမှာ ဗိုလ်မှူးဗထူးအကြောင်းသင်ခဲ့ရပါသည်။

ဖက်ဆစ်ဂျပန်များ ကို ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ ရွပ်ရွပ်ချွံချွံ တွန်းလှန်ခဲ့ပါသည်။နိုင်ငံအတွက် အသက်ပေးလှူခဲ့သော ဗိုလ်မှူးဗထူး အခုတော့ သူ့ကျောက်တိုင်ကို ရှင်းလင်းပေးမည့်သူ မရှိ-

ကျွန်တော်တို့ အားလုံး စိတ်မကောင်းကြပါ။ကျွန်တော်တို့ အားလုံးတိုင်ပင်ထားကြသလိုဘဲ ခြုံတွေရှင်းလင်းသည် ။   ကျောက်တိုင်ဘေးမှာ ရှိသော မြက်ပင်ပေါင်းပင်တွေရှင်းလင်းကြသည်။ထိုအချိန်မှာပင် ကျန်နေခဲ့သော သူတွေလည်း အားလုံးရောက်လာကြသည်။

အားလုံးမြိုင်မြိုင်ဆိုင်ဆိုင် ရှင်းလင်းလိုက်ကြတာ သွပ်မိုးဝိုင်းဝိုင်း နဲ့ ဗိုလ်မှူး ကျောက်တိုင်ကို ထင်ထင်ရှားရှား မြင်နေရပြီ။ရရာတောပန်းများ ဖြင့် သီပြီး လွှမ်းသူပန်းခွေတွေကို ကျွန်တော်တို့လုပ်ကြပါသည်။

ရဲသော်မသေ ၊ သေသော်ငရဲမလား ၊ Geology ကျောင်းသားများ၏ လွှမ်းသူပန်းခွေ စာရေးဖွဲ့တတ်သူတွေကလည်း ကဗျာတွေ စာတွေသီ ကုံးပြီး ဗိုလ်မှူးဗထူးကို ဂုဏ်ပြုကြပါသည်။

 ရည်ရွယ်ရာပန်းတိုင်-လှမ်းကိုင်မမိခင်
လေပြင်းတိုက်၍ -လွင့်ကြွေခဲ့ရ
မြေခရသော-ဗိုလ်မှုးဗထူး --
ငယ်ဘ၀မှာ - သင်ခဲ့ရတဲ့
စာထဲက - သူ့အကြောင်း --
မေ့နေခဲ့တာ -ကျနော်တို့အပြစ်ပါ
တမလွန်က -လာလို့ရရင်
ရိုက်လှည့်ထုလှည့်-ဆုံးမလှည့်ပါ
တင်တဲ့အကြွေး - ကျေစေတော့ ---- 

ဘူမိကျောင်းသားတစ်ယောက်၏လက်တန်းကဗျာတစ်ပုဒ်သုံးတန်းလား လေးတန်းလား ဗိုလ်မှူးဗထူးအကြောင်းသင်ခဲ့ပါသည်။ပြီးတော့ ကျွန်တော်တို့ မေ့ထားခဲ့သည်။ အခု Field ဆင်းရင်း သူ့ရဲ့ကျောက်တိုင်ကို မြင်တော့မှ ကျွန်တော်တို့အားလုံးပြန်သတိရကြသည်။

ဒီဆယ်စုနှစ် တစ်စု မှာ ကျွန်တော်တို့ ဗိုလ်မှူးဗထူးကို မေ့နေကြသည်။

ဗိုလ်မှူးဗထူး - နိုင်ငံတော် အတွက် အသက်ပေးလှူခဲ့သူ

ဗိုလ်မှူးဗထူး -  ကျွန်တော်တို့ ရဲ့အမေ့ခံနေရသော ခေါင်းဆောင်

 အသင်ကော သတိထားမိပါသလား. ?

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit