Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

အမျိုးချစ်သူများအကြောင်း

ကျနော်ဆယ်တန်းအောင်ပြီးတော ကရင်ပြည်နယ် ဒေသကောလိပ်မှာ ကျောင်းတက်ခဲ့ရသည်။ နေရသောအဆောင်မှာ တစ်ကယ်တော့ ၀န်ထမ်းအိမ်ရာများ ဖြစ်ပါသည်။ ကျောင်းနှင့်ကပ်ရက်စွာရှိပါသည်။

မိသားစုနေသော တန်းလျားများဖြစ်သောကြောင့် အခန်းတွေလဲများသည်။ မီးဖိုဆောင်ပါသည်။ ချက်ပြုတ်ဝါသနာပါသော ကျောင်းသား အချို့ ကိုယ်တိုင်ချက်ပြုတ်စားကြသည်။ ကျနော်တို့ ကတော့ ထမင်းဆိုင်မှာ လပေးစားကြပါသည်။ တခါတရံ ဆိုင်ထမင်းဆိုင်ဟင်း ငြီးငွေ့လာသောအခါ ချက်ပြုတ်စားလေ့ရှိသော သူငယ်ချင်းများနှင့်ပေါင်းပြီး ကြက်၊ ဘဲတွေ ၀ယ်၍ အုန်းထမင်းချက်စားလေ့ ရှိကြပါသည်။

ကြာအင်းဆိပ်ကြီးသား စောဟန်ယျှ ဟင်းချက်သော လက်ရာ တော်တော်ကောင်းပါသည်။ ဘားအံမှာ ကျောင်းတက်စဉ် အတောအတွင်း ဘယ်နေရာရောက်ရောက် ဇွဲကပင်တောင်ကို လှမ်းလှမ်းမြင်နေရပါသည်။ ဇွဲကပင်တောင်အလှသည်ဘယ်တော့မှကြည့်၍မ၀ခဲ့ပါ။

ထို့ အတူ  ကျနော်မွေးရာဒေသမှာရှိသော ဒေါနတောင်တန်း၏အလှသည်လည်း ကျနော်တို့ ကို ဘယ်တော့မှမငြီးငွေ့စေခဲ့ပါ။ တစ်ခါတစ်ရံ ဒေါနတောင်တန်းပေါ်တွင်လည်း တောမီးလောင်လေ့ရှိပါသည်။

ဒေါနတောင်တန်းတစ်လျှောက် တောမီးလောင်နေသော မြင်ကွင်းကို မြင်ရသည်မှာ တန်ဆောင်တိုင်မီးထွန်းပွဲမှာ မီးထွန်းထားသကဲ့သို့ အရမ်းကြည့်၍ကောင်းပါသည်။ သို့ သော် တောမီးလောင်လျှင်တော့ တောရဲတိရစ္ဆာန်တွေ အများအပြား အသက်ဆုံးရှုံးရတတ်ပါသည်။

ကျနော်တို့နေသောအဆောင်၏ တစ်ဘက်ထိပ်မှာ ဆရာဦးကြီးမြင့် (ပန်းချီ.ကြီးမြင့်စော)တို့ မိသားစုတို့နေပါသည်။ ကျန်သော အဆောင်မှာ ဆရာမင်းသန်းလွန်း၊ ဆရာစောမာခိုရဲ တို့ နှင့်အတူ ကျောင်းသားများရှိကြပါသည်။ စောဟန်ယျတို့လည်း ရှိကြပါသည်။ ကျနော်တို့ အားလုံးအိပ်ရာထနောက်ကျပါသည်။

စောဟန်ယျသည် ကျန်းမာရေးလိုက်စားသူဖြစ်ပြီး စောစောအိပ်ရာဝင်ပြီး နံက် ၅ နာရီပုံမှန်ထပြီး ကျန်းမာရေးအတွက် အပြေးလေ့ကျင်လေ့ ရှိပါသည်။ သူတို့ သည် ကိုယ်တိုင်ချက်ပြုတ်စားလေ့ ရှိကြပါသည်။ သူတို့ စားကြွင်းများကို လာရောက်စားလေ့ရှိသော ခွေးပေါက်ကလေး တစ်ကောင်ရှိပါသည်။ တစ်မနက်ကိုဟန်ယျ အပြေးလေ့ကျင့်ပြီးပြန်အလာ အဆောင်ရှေ့ ကားလမ်းမပေါ်မှာ သူ့ခွေးပေါက်ကလေး ကားတိုက်ခံရပြီး ဆုံးနေတာကိုတွေ့ ရပါတယ်။

သူ့ခွေးကလေးဆုံးသွားတာမြင်တော့ သူစိတ်မကောင်းဖြစ်ပြီး ခွေးကလေးကိုအဆောင် နောက်ဘက်တောစပ်မှာ မြှပ်လိုက်ရန် စီစဉ်လိုက် ပါတယ်။ ခွေးကလေးကိုသယ်လာရင်း ဗိုက်ကလဲဆာလာပါတယ်၊ လကုန်ရက်ဖြစ်သောကြောင့် ငွေကလဲပြတ်နေပါပြီ။ ဒီနေ့ ချက်ရန် ဟင်းဘာမှမစီစဉ်ရသေးပါ။ သယ်လာတဲ့ ခွေးကလေးကိုကြည့်လိုက်တော့ စားကြွင်းတွေစားနေရင်း အတော်ထွားလာကာ အသားတွေလဲ တိုးနေပါတယ်။

မထူးတော့ပါဘူးလို့ ဆုံးဖြတ်လိုက်ပြီး ခွေးကလေးကို မီးဖိုချောင်ထဲ ယူသွားလိုက်ပါသည်။ ပြီးတော့ ကျကျနနထိုင်ပြိး အရေခွံ ဆုတ်ပါတော့သည်။ အသားသီးသန့် လှီိးထုတ်လိုက်ပါသည်။ အသားတွေကိုကြည့်ရင်း တစ်ဆောင်လုံးစားမယ်ဆိုရင်တောင် စားလောက်ပါတယ်။ သို့ သော် လူတိုင်းမစားရဲကြပါ။ စားရဲသောသူ အားလုံးစားနိုင်ရန် သူဒါနပြုတော့မည်ဟုဆုံးဖြတ်လိုက်ပါသည်။

ဟင်းမွှေးမဆလာမျိုးစုံကိုရဲဘော်ဈေးသို့ ပြေးပြီးဝယ်ခဲ့ပါသည်။ပြီတော့စပါယ်ရှယ်အနှစ်များနှင့်အစပ်ချက်ပါတော့သည်။ ကျနော်တို့ မနက် ၈ နာရီလောက် အိပ်ရာထတော့ မွှေးပျံ့ နေသော ဟင်းအနံ့ က ဗိုက်ကိုဆာလောင်စေပါသည်။ ဘာဟင်းချက်နေမှန်းတော့မသိသေးပါ။
ဘာဟင်းချက်နေလဲကွ
ဗိုက်ဆာလာပြီနော်
ဒီမှာထူးဆန်းတဲ့ ဟင်းလူတိုင်း လာစားနိုင်တယ်
ညာပြီးတော့လဲမကျွေးဘူး၊လိမ်ပြီးတော့လည်းမကျွေးဘူး
စားရဲတဲ့သူအားလုံးလာစားနိုင်တယ်
ဟောဒီမှာခွေးသားဟင်းချက်ထားတယ်

ခဏခဏလိမ်ပြီင်္းကျွေးခံထိနေသော ကျနော်တို့ အားလုံး ခွေးသားကိုမကြောက်ကြတော့ပါ။ အရေးကြီးသည်က ဟင်းချက်ကောင်းရမည်။ ဟင်းချက်ကောင်းလျှင် ဘယ်အသားမဆို စား၍ကောင်းပါသည်။ ကျနော်တို့ ရောက်သွားတော့ တချို့ကျောင်းသားများ စားပြီးနှင့်ပြီ။ ကိုဟန်ယျဟင်းချက်အရမ်းကောင်းပါသည်။ ခွေသားဟင်းလို့ မပြောခဲ့ရင်ကျနော်တို့ စိတ်ထဲမှာ ဂျီသားလား၊ ဆတ်သားလား တောကောင် အသားတစ်ခုခုလို့ ထင်နေပါမည်။ မနက် ညနှစ်နပ်လုံးကိုဟန်ယျရဲ့ ဟင်းနဲ့ ပြီးသွားပါသည်။

ဟင်းချက်အရမ်းကောင်းသောကြောင့် ထမင်စားလဲ အလွန်ကောင်းပါသည်။ ကိုဟန်ယျကို အလွန်ကျေးဇူးတင်ပါသည်။ ဒီနေ့ည ကျနော်တို့အဆောင်မှ သူငယ်ချင်းတွေစုပြီး ဘားအံ့မြို့ ဇွဲရုပ်ရှင်ရုံမှာ ပြနေသော ဂျိမ်းစဘွန်းကား သွားကြည့်ကြပါသည်။ ကိုဟန်ယျ အပါအ၀င်။ ရုပ်ရှင်ကြည့်ပြီးတော့ အဆောင်သို့ ဖြေးဖြေးချင်း စကားတပြောပြောနဲ့ ပြန်ခဲ့ကြပါတယ်။ ကျနော်တို့ ပြန်လာတော့ အချိန် ၁၀ နာရီလောက်ရှိနေပြီ။

ပထမသတိမထားမိခဲ့။ ခွေးတွေဟောင်နေသံကြားနေတယ်။ နောက်တော့ ဒီခွေးတွေ ကျနော်တို့ အုပ်စုကို ၀ိုင်းဟောင်နေကြတာကို သတိထားမိလာပြီ။ ဖြတ်ခဲ့သောလမ်းပေါ်ရှိ ခွေးများအားလုံး ကျနော်တို့ ကို ထိုးထိုးပြီးဟောင်နေကြသည်။ ကျနော်နဲနဲစူးစမ်းချင်စိတ် ပေါ်လာသည်။ ဘယ်သူ့ ကိုပိုပြီးဟောင်နေတာလဲလို့ သိချင်နေသည်။ အုပ်စုလိုက် နောက်ချန်လိုက်၊ အချို့ အုပ်စု အရှေ့သွားလိုက် နဲနဲခွဲပြီး လျှောက်ကြတော့ ပိုပြီးကွဲပြားလာသည်။ လမ်းတစ်လျှောက်ခွေးများအားလုံး စောဟန်ယျတစ်ယောက်တည်းကိုသာ သဲသဲမဲမဲ ထိုးပြီးဟောင်နေကြသည်။

ဒါကိုစောဟန်ယျလဲ သတိထားမိလာသည်။

မနက်ခွေးကိုင်ပြီးကတည်းကရေချိုးတာ သုံး ခါ ရှိပြီ
ဒါလဲဒီကောင်တွေအနံ့ ရနေတာထင်တယ်
ကြည့်စမ်း ဒီကောင်တွေအမျိုးကိုတော်တော်သိတဲ့အကောင်တွေ
ကိုဟန်ယျတစ်ယောက်လမ်းပေါ်မှခွေးများကိုကြိမ်းမောင်းရင်းပါးစပ်မှလည်းရေရွတ်နေသည်။ ခွေးပေါက်လေးသည် ကားတိုက်ခံရ၍ သေသွားသည်။ ကိုဟန္ယ်နွင့္ဘာမွမပတ္သက္ပါ။

သေသွားသောခွေးကိုကို ဟန်ယျ ဖျက်ပြီးဟင်းချက်သည်။ တစ်ဆောင်လုံးကျောင်းသားများဝိုင်းစားကြသည်။

ဒါပေမယ့် အဲဒီခွေးတွေရဲ့အတွေးထဲမှာ ကိုဟန်ယျကို ဘယ်လိုထင်နေကြသလဲမသိပါ။ တစ်ခုခုတော့မှားနေပြီထင်ပါသည်။

အော်..   တိရစ္ဆာန်တွေလို့ ကျနော်တို့ ယူဆထားသောခွေးမှာလဲ အမျိုးချစ်စိတ်တွေ အပြည့်အ၀ရှိနေကြပါလားလို့ ကျနော်တွေးတောမိ ပါသည်။
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit