Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

ပုဂံဆောင်အနောက်က..ည

ကျွန်တော် ပုဂံဆောင်အနောက်ဖက် .. လမ်းကို ဖြတ်သွားရင်း
ကျောင်းသားဘ၀က ဖြစ်ပျက်ခဲ့သော ပုဂံဆောင်အနောက်ဖက်က.... ညလေးတစ်ညကိုပြန်သတိရမိပါသည်။

ကျွန်တော်တို့ကျောင်းတက်စဉ်အချိန်က ဘူမိဗေဒတွင် ကျောင်းသားများသာ တက်ခွင့်ရသည်။ ကျောင်းသားများသီးသန့်ဖြစ်သောကြောင့် တစ်ခုခုပြဿနာဖြစ်ပြီဆိုလျှင် အရမ်းညီညွတ်ကြပါသည်။ ငယ်ရွယ်သူတွေမို့.. အရာရာကို ရေရှည်မစဉ်းစားတတ်ဘဲ.. မိုက်ရူးရဲဆန်လေ့ ရှိကြပါသည်။ ဌာနအလိုက်အားကစားပြိုင်ပွဲများတွင်လည်း ကျွန်တော်တို့အသင်း ရှုံးချင်ရှုံးမည်.. ဒါပေမဲ့.. အားပေးသောနေရာမှာတော့ အမြဲနိုင်လေ့ရှိပါသည်။ ကျောင်းသားအုပ်စုနှင့်ဖိပြီးအားပေးတော့ .တစ်ခြားအသင်းမှကျောင်းသားများ စိတ်ညစ်ပြီး..ထလစ်ကုန်ပါသည်။ ပြီးနောက်..ကွင်းထဲမှာ ကျွန်တော်တို့အသံတွေသာကျန်ပါတော့သည်။

ပုဂံဆောင်နောက်ဖက် ရောက်သွားတော့ ကျောင်းနေတုန်း က အကြောင်းပြန်စဉ်းစားမိပြီး ။
မင်းသိပ်ကံကောင်းတယ် ကိုယ့်ကို ကိုယ်မှတ်ချက်ချမိပါသည်။

ဒီည လှည်းတန်းက ဦးချစ်ဆိုင်မှာ လူတော်တော်ရှင်းနေသည်။ ည 103း0 လောက်ဆိုရင် ကျောင်းသားအများဆုံးရောက်ချိန် ဒီနေ့ နည်းနည်း ထူးခြားနေသည်။ ဦးချစ်..သား.. ကိုကျော်.. လူရှင်းနေလို့ ကျွန်တော်တို့ဝိုင်း မှာ စကားလာထိုင်ပြောနေသည် ။ ခါတိုင်း သူ့ကို ခေါ်လျှင် လူကျနေလို့လှည့်၍ပင် မကြည့်အား။ ဒီနေ့ည ဘာအစီစဉ်မှ မရှိ ၊ အဆောင်ပြန်တော့မည်။ သူငယ်ချင်း အားလုံး ထပြန်ခဲ့ကြသည်။ အဆောင်ရှေ့ရောက်တော့ ကြည်ဝေ.. ကျွန်တော်တို့ ကို စောင့်နေသည်။ သူတစ်ယောက်ထဲဖြစ် နေလို့ လိုက်ခဲ့ကြပါ။ ပုဂံဆောင် မှာ ဂစ်တာ သွားတီးချင်နေတယ်။ ညနေက မတူးမာ သူ့ကို စိတ်ကောက်နေတာ ဂစ်တာနဲ့ ပြန်ချော့မယ်.. အဲဒါနဲ့ဘဲ ဂစ်တာပြန်ယူပြီး ကျွန်တော်တို့ ပုဂံဆောင် နောက်ကို ချီတက်ခဲ့ကြတယ်။

ဟိုရောက်တော့ ကံကောင်းသည် ..နှစ်ဖွဲ့ ..သုံးဖွဲ့ မရှိ.. တစ်ဖွဲ့ထဲဘဲ ရှိနေတယ်..။ အိုကေ ပြီ နေရာယူပြီ.. ဂစ်တာကြိုးညှို့ကြသည်။ အားလုံး ဆေးလိပ်ဖွာရှိုက်ပြီး ကိုယ့် စီနီယာအလှည့်ကို စောင့်နေကြသည်။ ဟိုကောင်တွေ သူတို့ သီချင်းပြီးသွားပြီ ဌေးဝင်းက Led တီးပြီး Intro ၀င်ပြီ ကြည်ဝေ Rhytm မှန်မှန်လေး.. ဟိုကောင်တွေ ကျွန်တော်တို့ကို အလှည့်မပေးပါ။ သူတို့ဆက်ပြီး ထပ်ဆိုနေပါသည်။ ထားလိုက် တစ်ခါတစ်လေလည်း ဖြစ်တတ်ပါတယ်။ သူတို့ထဲက တစ်ကောင်က အသည်း ဟက်တက်ကွဲသွားလို့ဖြစ်မှာပါ။

တစ်ပုဒ်.. နှစ်ပုဒ်.. သုံး ပုဒ်.. ဆက်ပြီး ဆိုနေကြသည်။ ကျွန်တော်တို့အလှည့် မရောက်တော့ပါ။ အသာလေးချောင်းကြည့်လိုက်တော့ မျက်မှန်နဲ့ ကောင်က လူရည်ချွန် ကျန်တဲ့ကောင်တွေကို မမှတ်မိပါ၊။ ဒါပေမယ့် အားလုံး B.Ed အဖွဲ့တွေ..။ အချင်းချင်းတော့သိနေကြသည်။ သူတို့လူနည်းနည်း များပါသည်။ 6 ယောက်ရှိပါသည်။ တစ်ကောင်က တော်တော် မူးနေသည်။ ဘေးနှစ်ယောက်က ဘာတွေပြောနေလည်းမသိ။ ကျွန်တော်တို့ က 4 ယောက်။ ကြည်ဝေ ထသွားပြီး ငါတို့ကိုလဲ အလှည့်ပေးဘို့ အေးအေးဆေးဆေး ဘဲသွားပြောနေတယ်.. ကျွန်တော်တို့ အားလုံးလည်း ကြည်ဝေ နောက်က ကပ်ပါလာပါတယ်။ ကျန်တဲ့သူတွေ က ဘာမှမပြောပါ။ မူးနေတဲ့ သူကောင့်.. သားက ကျွန်တော်တို့အားလုံးကို မအေတွေ နှမ တွေ..ကိုင်ပြီးဆဲပါတော့သည်။

အော်ဆဲသံကြားတော့.. ဗျော့ကြီး.. မခံနိုင်တော့ဘဲ ထိုအုပ်စုထဲကိုပြေး၍ခုန်ကန်ပါသည်။ အုပ်စုအလည်ရောက်သွားသော.. ဗျော့ကြီးကို.. ဟိုကောင်တွေဝိုင်းပြီး..သမ..ပါသည်။ ဗျော့ကြီး အဖြစ်ကိုမြင်တော့..ဌေးဝင်းလည်း..ဂစ်တာနှင့်ဝင်ရိုက်ပါသည်။ ကျွန်တော်.. ရန်မဖြစ်ချင်ခဲ့ပါ.. ရန်ဖြစ်ဖို့အထိလည်း.. မရည်ရွယ်ခဲ့ပါ။ ကျောင်းသားအချင်းချင်း..ညီအစ်ကိုတွေလို့ဘဲ သဘောထားခဲ့ပါသည်။ ဂစ်တာနှင့်ဝင်ရမ်းနေသောဌေးဝင်း..ကို ၀င်တားရန်.. သူတို့ကြားထဲ.. ရောက်သွားပါသည်။ ပါး တစ်ဖက်..ပူကနဲ.. ဖြစ်သွားချိန်မှာတော့.. ကျွန်တော်စိတ်တွေလဲ.. ..ထိမ်းမရတော့ပါ အဖြစ်ပျက်ကမြန် ဆန်လွန်းသည်။ ၀ုန်းကနဲ အားလုံးပေါက်ကွဲကြပြီ။ ဂစ်တာချင်းရိုက်သံတွေ လူချင်းလုံးကျတဲ့အသံတွေ.. ပုဂံဆောင်သူတွေကော.. ဟောလ်ကျူတာတွေပါအားလုံး. ထွက်ကြည့်နေကြပါတယ်။ ကျွန်တော်တို့ အဖွဲ့မှန်းတော့ B.ed ကျောင်းသူတွေက ရိပ်မိသွားပါသည်။ ကျွန်တော် မှတ်မှတ်ရရမှတ်မိတာက ဘေးမှာမြင်လိုက်တဲ့ အုတ်ခဲနဲ့ အဆက်မပြတ်ဆဲဆိုနေသော.. ငမူး .. ဆီကို လွဲပြီး ပစ်ထည့်မိပါသည်။

ဒီကောင်လေး..ကံကောင်းတာလား....ရှောင်လိုက်တာလား..မသိပါ ရှေ့ကိုယိုင်ပြီး လဲသွားလို့ အုတ်ခဲ နဲ့ မိတ်မဆက်ဖြစ်လိုက်ပါ။ သူ့ပုံမှန်အတိုင်းထိုင်နေရင် ကျွန်တော့် အုတ်ခဲက သူ့ခေါင်း နဲ့ တည့်တည့်ပဲ။
ကိုဂျစ် မင်းလူတွေကို ပြန်ခေါ်သွားတော့.
ငါ့ကောင်တွေကို ငါထိန်းလိုက်မယ်.လူရည်ချွန်ကအော်ပြောနေသည်
ဟောလ် ကျူတာ ဖုန်းဆက်နေပြီ..ပြန်ကြတော့..ပြန်ကြတော့..
ကျောင်းသူတစ်ယောက်ရဲ့အော်ဟစ်သံကြားတဲ့အခိုက်မှာ. ကျွန်တော်အားလုံး ဒဂုံဆောင်သို့ သုတ်ခြေတင်လာခဲ့ပါသည်။ ပုဂံဆောင်ကား လူရည်ချွန်တို့ တကောင်းဆောင်နဲ့ သိပ်နီးနေတယ်။ ဒီကောင်တွေအဖွဲ့ နဲ့ လိုက်လာရင်းမလွယ်။ ကျောင်းသားချင်းချင်း ရန်ဖြစ်လို့ပင်မရ သွေးထွက်သံယို ဖြစ်ရင်တော့ ကျောင်းထုတ်ခံရဖို့ ရှိတယ်။ ဒီနေ့ည ကိစ္စကို ကျွန်တော်တို့အားလုံး သိုသိုသိပ်သိပ်နဲ့ ဘယ်သူ့ကို မှ အသိမပေးတော့ပါ။

ညက အဖြစ်ပျက်ကို ပြန်စဉ်းစားတိုင်း ကျွန်တော့်ကျောချမ်းပါသည်။ ငမုးလေး ဘာမှ မဖြစ်လို့တော်သေးတယ်။ တစ်ကယ်တော့ တက္ကသိုလ်မှာ ပညာလာသင်ကြသူချင်း ဒီလိုမဖြစ်သင့်ပါ။ လူရည်ချွန်...ကိုတွေ့ရင် ကျွန်တော် တောင်းပန်မည်လို့စိတ်ကူးပြီး B.Ed ကို တစ်ယောက်တည်း ထွက်ခဲ့ပါသည်။ ကျွန်တော် သူတို့ နယ်မြေထဲကို တစ်ယောက်ထဲလာခဲ့သော်လည်း ရင်ထဲမှာ အကြောက်တရား လုံးဝမရှိပါ။ နေ့ခင်းဘက် စာသင်ချိန် မှာ ဘာမှလဲလုပ်လို့မရသလို ၊ ဘာမှလဲ မဖြစ်နိုင်ပါ။

ကျွန်တော်ကို မြင်တော့ လူရည်ချွန်.. စာသင်ခန်း မှ ထွက်လာပြီး ကင်တန်း သွားဖို့ခေါ်ပါသည်။ ငမူးလေးက ကျွန်တော်ထင်သည့် အတိုင်း အသည်းဟက်တက်ကွဲသူ ၊ သူ့ကောင်မလေး သူ့ကိုခေါက်ပြီး R.I.T က ကောင်လေးနဲ့တွဲနေပြီ၊ ဒီကောင်လေးကို ကင်တင်းမှာလည်း ဆုံခဲ့တယ်။ ကျွန်တော်တို့ထက် ငယ်သည် လူရည်ချွန်မိတ်ဆက်ပေးတော့။ ကျွန်တော်ကို ကြည့်ရင်း ဘာမဆိုင် ညာမဆိုင် ကျွန်တော့်ပခုံးကို ဖက်ပြီး ငိုပါလေတော့သည်။ ကျွန်တော်ပင် ကြောင်သွားပါသည်။ ထိုနောက် သူ့ပုခုံးကို ပြန်ဖက်ရင်း.. ပြန်နှိမ့်သိမ့် လိုက်ပါသည်။

ဒီကောင်အတွက် လောလောဆယ်တော့ ဆေးမရှိသေးဘူး ။ သူကြောင့်လဲံငါတို့..ညက ပြဿနာတွေဖြစ်ခဲ့ကြတာ ..လူရည်ချွန် ရှင်းပြမှ သူ့ကို ကိုယ်ချင်းစာမိပါသည်။ ကျွန်တော့်ကို စိတ်မချ၍ လိုက်လာကြသော ကြည်ဝေ ၊ ဌေးဝင်းတို့နဲ့လည်း ကင်တဲန်း မှာဘဲ ဆုံကြပါသည်။ အားလုံး ဒီကောင်လေးကို ၀ိုင်းသနားနေကြပါတယ်

ကျွန်တော်တော့ ဒီကောင်လေးများ .
ညကတစ်ခုခုဖြစ်ခဲ့ ရင်ကျွန်တော်ဘွဲ့ရဖို့တောင် မမြင်နိုင်တော့ပါ၊ ဒေါသစိတ်သည် အဆင်ခြင်ဥဏ်ကို ကင်းမဲ့စေပါသည်။ တဒင်္ဂတခဏမှာ ဒေါသကြောင့်ဖြစ်ခဲ့ရသော အဖြစ်အပျက်များသည် အရမ်းကြောက်စရာကောင်းပါသည်။ အဆင်ခြင်မဲ့သော ဒေါသစိတ်ကြောင့် လူ့ဘ၀ကိုအများကြီး ပြောင်းလဲစေနိုင်ပါသည်။ ။
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit