Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

အဖိုးအလှူ

ကျနော်ငယ်စဉ်ဘ၀မှာ ကျနော်အဖိုးဟာ နှစ်စဉ်နှစ်တိုင်း အဖွားဆုံးသောနေ့မှာ အလှူလုပ်လေ့ရှိပါတယ်. အဖိုးအလှူဟာ ထူးခြားပါတယ် မှတ်မိစအရွယ်ကတည်းက အဖိုးအလှူမှာလူကြီးတွေမပါ.. ရပ်ကွက်ထဲကခလေးတွေ အကုန်လုံးကိုခေါ်ပြီး ထမင်းကျွေးလေ့ရှိပါတယ် ခြံဝင်းထဲမှာ ပြောင်အောင်ရှင်းထားသော မြေတလင်းပေါ်မှာ ငှက်ပျောဖက် စိမ်းစိမ်းကို ပြောင်အောင် ဆေးကြောပြီးခင်းထားတယ်. ခလေးအားလုံး အတန်းလိုက် နေရာယူပြီးပြီဆိုရင် ငှက်ပျောဖက်ပေါ်မှာ ထမင်းနဲ့ ဟင်းထည့်ပေးပါတယ် ငယ်ငယ်တုန်းက ဇွန်း၊ ခရင်းမှမရှိတာ လက်နဲ့တီးကြတယ်..ခလေးတွေ အားရပါးရစားနေကြတာကို အဖိုးလိုက်ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့  သဘောကျနေပါတယ်.. ခလေးတွေ စားသောက်အပြီး ပြန်ကြရင် ခြံပေါက်ဝမှာ အဖိုးထိုင်ပြီး တစ်ယောက်ငွေတမတ် မုန့်ဖိုး ထပ်ပေးလိုက်သေးတယ်.

ကျနော့် ရွယ်တူတွေက ဒီထက်ကောင်းတဲ့ အလှူမပေါ်သေးဘူးလို့ ချီးကျူးကြတယ်.. ငယ်ငယ်တုန်းက ရွယ်တူသူငယ်ချင်းတွေ အကုန်လုံးဟာ ကျနော်ဦးလေးအရွယ် လူကြီးတွေကို ကြည့်မရဘူး.. ရပ်ကွက်အလှူတွေ၊ ဘုန်းကြီးကျောင်း ကထိန်တွေမှာဆိုရင်  သူတို့တွေဘဲ အရင်ဝင်စားကြတာ ကျနော်တို့ခလေးတွေကို ရှိတယ်လို့တောင်မထင်ကြဘူး.. သူတို့စားသောက်ပြီးမှ ကျနော့်တို့ခလေးတွေကိုကျွေးတာ အဲဒါကို ကျနော်တို့အားလုံး မကျေနပ်ကြတာ.. မှန်တာပြောရရင် ကျနော်တို့ခလေးတွေလောက် ဖြူစင်ပြီး အပြစ်ကင်းတာ ဘယ်သူမှမရှိဘူး. ကျနော်တို့အားလုံးဟာ လိမ်ညာပြီးမပြောတတ်ဘူး.. အရက်လဲမသောက်ဘူး. လောင်းကစားတွေလည်း မလုပ်ဘူး. တစ်ခါတလေ ငါးပြားကြေး ဂေါ်လီပစ်တာ ကလွဲလို့ပေါ့

လူကြီးတွေက ထန်းရည်တွေလဲ သောက်တယ်၊ ဖဲလဲရိုက်ကြတယ်၊ ဆေးလိပ်လဲသောက်တယ် မဟုတ်တာ အကုန်လုပ်ကြတာ.. ဒါပေမယ့် အလှူမှာတော့ တိုက်ပုံကြီး တကားကားနဲ့ သူတော်ကောင်း ယောင်ဆောင်နေကြတာ.. တိုက်ပုံဝတ်တိုင်းလဲ သူတော်ကောင်းဖြစ်မလာပါဘူး ကျနော်တို့အားလုံး အဖိုးအလှူကို ထောက်ခံကြတာ.. ကျနော်တို့ကြည့်မရတဲ့ လူကြီးတွေမပါလို့.
ဒီလူကြီးတွေပါလာရင် ကျနော်တို့ခလေးတွေ အရိုးဘဲကိုက်ရမှာ.. ဟိုအရင်ကလူကြီးတွေကိုလဲ ဖိတ်ပြီးကျွေးမွေးလေ့ရှိတယ်လို့  အမေကပြောပါတယ်.ကျနော့်အဖိုးက တောအခေါ်ဝက်ထောင်မှူးပေါ့. ပြောရရင်ဝက်သတ်ပြီး မိသားစုကိုကျွေးမွေးနေတာပါ

အဖိုးအလှူ လာစားကြတဲ့လူကြီးတွေက အဖိုးကွယ်ရာ ဒီလိုအတင်းချကြပါတယ် အကုသိုလ် အတုံးလိုက် အတစ်လိုက်နဲ့ ဒီလူကြီး ဒီအလှူလုပ်ရုံနဲ့ ငရဲက လွတ်မယ်များ အောက်မေ့နေလားတဲ့. အဖိုးအလှူမှာ လာစားကြတဲ့ လူတွေ အဖိုးအတင်းကို အရက်ဆိုင်မှာ ပြောလိုပြော၊ ထန်းရည်တောမှာ ပြောတဲ့သူပြော၊ မယားငယ်အိမ်မှာပြောတဲ့သူပြော၊ နှစ်ပြားမတန်အောင် အမျိုးမျိုးပြောကြတာ.. ဒီစကားအားလုံးကို အဖိုးပြန်ကြားပါတယ်၊ ရွာကသေးသေးလေးဘဲ.. ငရဲကျမှာကိုလဲမကြောက်ဘူး  ငါလုပ်တတ်တဲ့စီးပွားရေးနဲ့ ငါ့မိသားစုကို ရှာကျွေးတာ၊ ခိုးတာလဲမဟုတ်ဘူး ၊ လုတာလဲမဟုတ်ဘူး၊ သူများအိမ်ကိုလဲ ငါမကျူးကျော်ဘူး.. တစ်နှစ်ပြီးတစ်နှစ် လာစားပြီးရင် သူ့ကို အကောင်းမပြောကြတဲ့ လူကြီးတွေကို အဖိုးစိတ်ကုန်သွားပုံရတယ်.

နောင်နှစ်တွေမှာ အဖိုးအလှူမှာ လူကြီးတွေမပါတော့ပါ.. ငယ်ငယ်တုန်းက လူကြီးတွေအပေါ်မှာ ထားတဲ့ အဖိုးရဲ့သဘောထားကို ကျနော်သိပ်နားမလည်ခဲ့ပါ ဒီနေ့၊ ဒီအချိန် ၊ ဒီအရွယ်မှာတော့ ကျနော်နားလည်ခဲ့ပါပြီ ။
ကျနော့်ပတ်ဝန်းကျင်မှာ ၊ကျနော့်ဘေးမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေဝိုင်းနေကြပြီ။
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit