Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

ခွေးကံကောင်းများ

ဒီနေ့ ကျနော့်သားမွေးနေ့၊နှစ်တစ်နှစ်အစ ဇန္န၀ါရီလဆန်းမှာသူ့ကိုမွေးခဲ့သည်။
အရိုးကွဲမတတ်အေးသောဆောင်းတွင်းမှာသူ့ကိုမွေးခဲ့သည်။
မပြည့်စုံသောဘ၀မှာမွေးခဲ့သော ကျနော့်သားကံမကောင်းခဲ့ပါ
ပတ်ဝန်းကျင်နဲ့ယှဉ်လျှင်ကျနော်ဘာကိုမှမယှဉ်နိုင်ခဲ့ပါအရာအားလုံး၏နောက်မှ ကျနော်
အာရုံဆွမ်းကပ်ရန် နံနက် ၂ နာရီလောက်ကတည်းကချက်ပြုတ်နေကြသည်၊
ကျနော့်သားကို နံနက်စောစော ၄ နာရီလောက်မှာမွေးခဲ့သည်။
နှစ်တိုင်းသူ့မွေးနေ့မှာ အာရုံဆွမ်းကပ်လေ့ရှိပါသည်။
နံနက်လေးနာရီထိုးလောက်မှာ ကျနော့်ခြံအပြင်ဘက်နားက
ခွေးသားပေါက်များ၏အသံကြားလိုက်မိပါသည်။
ဒီအသံကို အခုမှကြားရသည်။ညတုန်းကထိမကြားသေးပါ.
တိုက်တိုက်ဆိုင်ဆိုင် ကျနော့်သားနဲ့ မွေးရက်၊မွေးနာရီတူနေသောခွေးသားပေါက်များပါလား
မီးဖွားခါနီးဗိုက်နာနေသော အမျိုးသမီးကို ကျနော်ဆေးရုံသို့လိုက်ပို့ခဲ့ပါသည်။
ခိုက်ခိုက်တုန်အောင်ချမ်းလှသောညမှာဆိုက်ကားနဲ့ဆေးရုံသွားကြတာပါ.
လူ့ဘ၀ထဲရောက်လာသောကျနော့်သားအတွက်
ကျနော်တို့ဘာမှအဆင်သင့်မဖြစ်သေးပါ .ကျနော်တို့ကြိုးစားနေဆဲဖြစ်ပါသည်။
သူ့ကိုမွေးပြီးနောက်တစ်လမှာ အမျိုးသမီးဆိုင်ပြန်ထွက်ရသည်။
ကျနော်တို့မြို့၏မြို့မဈေးထဲမှာ ကျနော်တို့ကုန်စုံဆိုင်ရှိသည်။
အမျိုးသမီးကဆိုင်ထိုင်၊ကျနော်ကတစ်ပတ်တစ်ခါမြို့တက်ပြီးကုန်ဝယ်ရသည်။
စီးပွားရေးလုံးပမ်းနေသောကြောင့်သားကိုငယ်ငယ်ကဂရုတစိုက်မကြည့်နိုင်ခဲ့ပါ.
အိမ်ဘေးကအဒေါ်တစ်ယောက်က၀ိုင်းထိမ်းပေးခဲ့သည်။
ခလေးဘ၀နေမကောင်းသောနေ့များတွင်လည်းကျနော်တို့ဆိုင်ထွက်မပျက်ခဲ့ပါ၊
သူများမိဘများလို သားသမီးများကို ကျောင်းပို့ ကျောင်းကြို မလုပ်ပေးနိုင်ခဲ့ပါ၊
အိမ်ဘေးကအကို၊အရွယ်တွေနဲ့သာကျောင်းသွားလေ့ ရှိသည်။
ကျနော်တို့သားကိုငယ်စဉ်အချိန်ကဂရုတစိုက်အချိန်ပေးပြီးမကြည့်ရှုနိုင်ခဲ့ကြပါ
ဒါပေမယ့် ကျနော်တို့၏ကြိုးစားအားထုတ်မှု၊ကံကြောင့်လဲပါ ပါမည်။
ကျနော်တို့စီးပွားရေးတဖြေးဖြေးတက်လာခဲ့ပါသည်။
ကျနော့်သားအလယ်တန်းလောက်မှာ ကျနော်တို့မိသားစုမြို့ကိုပြောင်းလာခဲ့ကြပါသည်။
မြို့မှာဆိုရင်သားအတွက်ပညာရေးကပိုပြီးပြည့်စုံသည်။
ငယ်ငယ်တုန်းကမကြည့်ရှုနိုင်ခဲ့ပေမယ့်လည်းအဆင်ပြေသောအချိန်မှာ
သားအတွက်ဦးစားပေးရတော့မည်။
အခုသား ဆယ်တန်းရောက်နေပြီ..
ကျူရှင်တွေကျောင်းတွေကိုတက်ရန်သူ့အတွက်ဒရိုင်ဘာတစ်ယောက်သီးသန့်ခေါ်ထားပေးသည်။
သားမွေးနေ့ဘုန်းကြီးဆွမ်းကပ်အပြီးမှာ၊
ကျနော့်ခြံထောင့်ကခွေးသားပေါက်ကိုသွားကြည့်မိပါသည်။
ခွေးသားပေါက်ခြောက်ကောင်မျက်လုံးမပွင့်သေးပါ။
တစ်ကောင်နဲ့တစ်ကောင်ပူးကပ်ရင်းအချမ်းဒဏ်ကို တွန်းလှန်နေကြသည်။
သားမင်းနဲ့ မွေးနေ့၊မွေးနာရီပါတူတဲ့အဖေါ်တွေငါတို့ခြံထောင့်မှာရောက်နေပြီ.
ကျနော့်သားလည်း မကြာခဏခွေးသားပေါက်များကိုသွားကြည့်လေ့ရှိတယ်..
မောင်နှမမရှိသောသားအတွက်ခွေးသားပေါက်များကသူ့အဖေါ်များဖြစ်ကြပါတယ်.
အဖေ ခွေးသားလေးတစ်ကောင်ကို ကားကြိတ်သွားပြီ.
အဖေ နို့မစို့တဲ့ ဟိုတစ်ကောင်လဲ သေသွားပြန်ပြီ.
လမ်းဘေးမှာ မွေးသောခွေးခြောက်ကောင်၊မွေးပြီးတစ်လခွဲအကြာမှာ
တဖြုတ်ဖြုတ်နဲ့ နှစ်ကောင်သာကျန်ပါတော့တယ်..
နောက်ရက်တွေမှာစည်ပင်ကခွေးလေခွေးလွင့်သုတ်သင်ရေးစီမံချက်နဲ့
ခွေးမကြီး အမဲတုံးထိသွားပါတော့တယ်။
ခွေးငယ်လေးနှစ်ကောင်ခမျာနို့ငတ်ရတဲ့ အဖြစ်ရောက်ကုန်ပါတယ်..
အဖေ ကျနော်ခွေးနှစ်ကောင်ကိုခြံထဲမှာမွေးလိုက်တော့မယ်ဆိုပြီး
ခွေးနှစ်ကောင်ခြံထဲရောက်လာပါတယ်။
နို့ငတ်ပြီးပိန်လိန်နေတဲ့လမ်းဘေးခွေးနှစ်ကောင်ဟာချစ်စရာ မကောင်းပါ..
သားကြီးနင့်ခွေးက လှလဲ မလှဘူး.
လှတဲ့ခွေးလေးတွေအမေ၀ယ်ပေးမယ်..
သားဒီခွေးတွေကိုဘဲမွေးမယ်
သားနဲ့မွေးနေ့တူတဲ့ကောင်တွေကိုဘဲသားချစ်တယ်.
ဒီလိုနဲ့ဘဲဒီခွေးလေးနှစ်ကောင်လဲကျနော်တို့အိမ်ထောင်စုစာရင်းထဲရောက်လာပါတယ်.
အဖေ အပြင်မှာ အရမ်းအေးတယ်.ဂျိုးလီနဲ့ဘက်ဟမ်းအတွက်အင်္ကျီဝယ်ပေးခဲ့နော်..
အဖေ သားအတွက်ဝယ်ခဲ့တဲ့ချောကလက် ဒီတစ်ခါပိုဝယ်ခဲ့နော် ..
ဂျိုးလီနဲ့ဘက်ဟမ်းတို့အရမ်းကြိုက်တယ်..
မနေ့က သားအတွက်ဝယ်ခဲ့တာ သူတို့ဘဲစားလိုက်ကြတယ်.
သေပါတော့ကွာ..ငါက မင်းအတွက်ဝယ်ခဲ့တာ.
လူမစားဘဲနဲ့ခွေးကျွေးနေတယ်ကောင်းကွာ
အဖေ ဒီနေ့စောစောပြန်လာခဲ့နော်.ဂျိုးလီအစာလဲမစားဘူး အန်နေတယ်.ဆေးခန်းပို့ပေးအုံး.
အဖေ ဘက်ဟမ်းအစားမှားသွားလားမသိဘူး၊အီးတွေပါနေတယ် ဆေးခန်းသွားရအောင်.
သားမင်းဘာလို့ အဖေ့တပည့်တွေ လာကန်တော့တဲ့ မုန့်ပုံးကိုဖေါက်ပြီးခွေးကျွေးလိုက်ရတာလဲ
ဘယ်သူမှမစားလို့ ဂျိုးလီနဲ့ဘက်ဟမ်း ကိုကျွေးလိုက်တာပါ ။
သူတို့အရမ်းကြိုက်တယ်
ခွေးနေမကောင်းရင် တစ်အိမ်လုံးမနေရပါ.
သားကိုငယ်ငယ်ကအလိုမဖြည့်ခဲ့သမျှအခုသူ့စိတ်တိုင်းကျ အလိုလိုက်ခဲ့ကြသည်။
သူကခွေးချစ်နေတော့လဲကျနော်တို့ပါ ခွေးကိုချစ်တတ်လာရပါသည်။
တစ်ကောင်ပြီးတစ်ကောင် တစ်မျိုးပြီးတစ်မျိုးမရိုးအောင် တစ်ခုပြီးတစ်ခုဖြစ်နေကြသည်။
ခွေးဆေးခန်းကိုတစ်လ သုံးခါ လေးခါလောက်ပြေးနေရသည်။
တိရစ္ဆာန်ဆရာဝန်နဲ့ သူငယ်ချင်းဖြစ်သွားသည်။
ခြံထဲမှာ ခွေးနှစ်ကောင်နဲ့ဆော့ကစားနေသောသားကိုကြည့်ရင်း ကျနော်စိတ်မကောင်းဖြစ်မိပါတယ်..
သူငယ်စဉ်အချိန်က ခြံထဲကခွေးနှစ်ကောင်လောက်သူ့ကို ဂရုမစိုက်ခဲ့ပါ
ပြောရရင် ကျနော့်သားသည် ဒီခွေးနှစ်ကောင်လောက်ကံမကောင်းခဲ့ပါ..
ထို့ကြောင့်သူတို့သည် ကံမကောင်းခဲ့သောသားနဲ့ ခွေးကံကောင်းတို့ဖြစ်ကြပါသည်။

 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit