Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

ကျန်းမာခြင်းသည်လာဘ်တပါး

ကျန်းမာခြင်းသည် လာဘ်တပါးတဲ့ မှန်လိုက်တဲ့စကား
ဒီခေတ်ကြီးထဲမှာ ရောဂါတစ်ခုခု ဖြစ်ရင် လာဘ်ပိတ်ပြီ။
ပြည့်သူ့ဆေးရုံဆိုတာလဲ ဆရာဝန်တွေ ဆရာမတွေဘဲရှိတာ ကုသမယ့်ဆေးတွေကမရှိ
အပြင်ဆေးခန်းတွေတော့အများကြီးရှိပါတယ်။
အပြင်ဆေးခန်းမှာတက်ပြီးဆေးကုမယ်ကြံရင် အိမ်ကအထုပ်တွေကိုနဲနဲစမ်းကြည့်
လက်ထဲကအထုပ်သေးနေရင် မသွားနဲ့တော့၊လမ်းဘေးကွမ်းယာဆိုင်က စပ်ဆေးကိုဘဲသောက်
လိုက်တော့..တောကတက်လာတဲ့ လူနာတစ်ယောက်ကို အပြင်ဆေးခန်းမှာမြင်ခဲ့ဖူးပါတယ်၊
သူ့ခမျာ ကုသတဲ့ အဆင့်ကိုမရောက်လိုက်ဘူး။
ဆေးစစ်တဲ့ အဆင့်မှာဘဲလယ်တွေကုန်၊နွားတွေကုန်ပြီးပြန်သွားရရှာပါတယ်။
ကျနော်စာစောင်တစ်ခုမှာတွေ့လိုက်မိတယ်..
ကျနော်တို့မြန်မာတွေရဲ့သက်တမ်းဟာ ၅၈ နှစ်လို့ရေးထားတာ
ကျနော့်အတွေးထဲမှာလူ့သက်တမ်းဟာ အောက်ပါနှစ်ချက်နဲ့ဘဲပတ်သက်နေတယ်
၁.ဆင်းရဲသားပြည်သူများနေခြင်း
၂.အစိုးရ၏ကျန်းမာရေးဘတ်ဂျက်နဲခြင်း.
ဆင်းရဲသားတစ်ယောက်ဟာ ပြည့်သူ့ဆေးရုံကိုဘဲအားကိုးစရာရှိတယ်.
ဆေးမရှိတဲ့ဆေးရုံကိုတက်မိတဲ့လူနာအတွက်လမ်းဆုံးသွားပြီ.
ကျနော်တို့ဆီကကျန်းမာရေးစောင့်ရှောက်မှု အလွန့်အလွန်နဲသောကြောင့်ဖြစ်ပါသည်။
ထိုင်းအစိုးရ၏ပြည်သူတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး
ကျနော့်အတွေ့အကြုံတစ်ခု ပြောပါရစေ.
ကျနော့်ဦးလေးမိသားစုဟာ မြ၀တီမြို့မှာ လက်ရှိနေထိုင်ကြပါတယ်
ဦးလေးအသက်ဟာ ၈၁ နှစ် ရှိနေပါပြီ.
ဒါပေမယ့် ငယ်ငယ်တုန်းက ကျန်းမာရေးလိုက်စားခဲ့တဲ့ဦးလေး မနှစ်ကထိ ကျန်းမားရေးတော်တော်
ကောင်းနေခဲ့ပါတယ်.ဒီနှစ်ထဲမှာ အသက်ကြောင့်လဲပါမည်။
ကျန်းမာရေးနဲနဲလေးကျသွားသလို ကျနော်ထင်မိပါတယ်
တစ်ရက် နံနက်စာ စားအပြီး ဦးလေးအိပ်ငိုက်သလိုမျိုး မကြာခဏသန်းဝေနေရင်း သတိလစ်သွား
ပါတော့တယ်.ခေါ်တာလဲမကြားတော့ပါဘူး ။
ကျနော်ညီတွေ ညီမတွေကားနဲ့တင်ပြီး မြ၀တီဆေးရုံကို ခေါ်သွားပါတယ်..
ဆေးရုံမရောက်ခင် လမ်းခုလတ်မှာ ကားဆောင့်တာနဲ့ အစာတွေပြန်အန်ပြီး ဦးလေးပြန်သတိရ လာပါတယ်.. ဆေးရုံရောက်တော့ဟောင်းနွမ်းနေတဲ့ အီးစီဂျီ စက်လေးနဲ့ နှလုံးကိုစစ်ဆေးပါတယ်..
ဦးလေးရဲ့ အီးစီဂျီ အဖြေကိုဆရာဝန်ကြီး မကြိုက်ပါ..
ကျနော်တို့လဲ ရန်ကုန်မှာရှိတဲ့ဆရာဝန်ကြီးတွေဆီကို ဖုန်းဆက်ပြီး ဦးလေးရောဂါအကြောင်းမေးမြန်း ပါတယ်သူတို့အားလုံးဦးလေးရဲ့နှလုံးသွေးကြောတစ်ချောင်းမှာသွေးခဲပိတ်နေပြီလို့ဆုံးဖြတ်ကြပါတယ်.
ကုသမှုက သွေးခဲကိုပျော်သွားအောင်ဆေးတစ်မျိုးထိုးရပါမယ်..
ဒါပေမယ့် ကျနော်တို့မြို့ရဲ့ပြည် သူ့ဆေးရုံမှာဤ ထိုးဆေးမျိုးမရှိပါ.
ထို့ပြင် ကျနော်တို့မှာ အရေးပေါ်ခွဲစိတ်ရန် ပစ္စည်းကရိယာ၊ဆေးဝါး၊ ဆရာဝန်များ မပြည့်စုံပါ..
ငယ်ငယ်တုန်းက ၂၅ ကုတင်ဆေးရုံ၊ခုတော့ ကုတင် ၅၀ ဆေးရုံ၊ကိုယ်ထူကိုယ်ထ စုပေါင်းပြီး
နောက်ထပ်ကုတင် ၆၀ ထပ်တိုးသည်။စုစုပေါင်း ကုတင် ၁၁၀ ဆေးရုံ၊ ဒါပေမယ့် ဆေးဝါးမရှိ၊
ခွဲစိပ်ကိရိယာမရှိ၊ဆရာဝန်ကမပြည့်စုံ၊ လမ်းပမ်းဆက်သွယ်ရေးကလည်း အတက်တစ်ရက် အဆင်းတစ်ရက်၊
ဦးလေးဖြစ်တဲ့နေ့က အတက်နေ့၊ကော့ကရိတ်ဆင်းလို့မရ. ကော့ကရိတ်ဆေးရုံမှာလဲဘာမှမပြည့်စုံပါ.. ဦးလေးအတွက်အရေးတကြီးဆေးထိုးရန်လိုအပ်နေသည်။
ဆွေမျိုးအားလုံးတိုင်ပင်ပြီး မဲဆောက်ဆေးရုံကြီးကိုတက်ရန် ဆုံးဖြတ်လိုက်ကြပါတယ်
ဒီလိုနဲ့ဘဲ ဦးလေးမဲဆောက်ဆေးရုံနှလုံးကုသဆောင်ပေါ်ရောက်သွားပါတယ်.
တစ်ကယ်တော့ သူများတိုင်းပြည်မှာ ဘယ်သူမှ ဆေးမကုချင်ပါ
လူမျိုးမတူ၊စကားမတူ နောက်ပြီးမြန်မာဖြစ်လို့ဂရုမစိုက်မှာကိုလည်း စိုးရိမ်နေကြပါတယ်.
မတတ်သာလို့သာသွားခဲ့တာပါ.. ဒါပေမယ့် ကျနော့်တို့အထင်နဲ့ လက်တွေ့တော်တော်ကွာခြားနေပါတယ်..
သူတို့ဆီမှာ ဆေးရုံတက်လာသောလူနာမည်သည့်လူမျိုးကိုမဆိုလက်ခံတယ်၊
ရှမ်း ၊ကရင်၊မြန်မာ၊ကုလားဆိုပြီးမခွဲခြားပါ.
ရန်ကုန်က အပြင်ဆေးခန်းမှာလို စပေါ်ငွေဆယ်သိန်းလည်းတင်ထားစရာမလိုပါ..
မြ၀တီဆေးရုံမှာလို အရက်ပျံ ၊ဂွမ်း ၊လက်အိပ်တွေလည်းဝယ်ပေးနေစရာမလိုပါ.
လူနာ၏ဆေးစာကိုကြည့်ပြီးသူတို့တွေ ဆက်လက်ကုသပေးပါတယ်.
ဦးလေးကို အထူးကြပ်မတ်ဆောင်မှာ သွင်းထားပါတယ်။ သူတို့နိုင်ငံသားများနဲ့ တန်းတူကုသပေးပါတယ်.
သူနာပြုဆရာမများက အမြဲဝင်ထွက်ကြည့်နေသလို ခန္ဓာကိုယ်မှာ ကိရိယာတွေတပ်ဆင်ထားပြီး
ဗဟိုထိန်းချုပ်တဲ့အခန်းကနေ၍ သွေးဖိအား၊နှလုံးခုန်နှုန်း၊ အောက်စီဂျင်
လိုအပ်ချက်တွေကို အမြဲစစ်ဆေးနေ ပါတယ်.. ရန်ကုန်အပြင်ဆေးခန်းတွေမှာလိုဆရာဝန်ကြီးတွေ မျက်လုံးဖြဲကြည့်၊သွေးခုန်နှုန်းကိုလက်နဲ့ထောက် ပြီးတစ်ခါဝင် တစ်သောင်းနှုန်းတွေလည်းမတင်ပါဘူး..
နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ဆရာဝန်တွေလာကြည့်ကြပါတယ်.
နှလုံးအထူးကုဆရာဝန်ကြီးတွေလာတာ မတွေ့လို့ ဘာကြောင့်မလာတာလဲလို့မဲဆောက်ကအသိမိတ်ဆွေတွေနဲ့
တစ်ဆင့်မေးခိုင်းပါ တယ် မဲဆောက်လိုမြို့ငယ်မှာ နှလုံးအထူးကုဆရာဝန်ကြီးမရှိပေမယ့်လည်း
ရဟိုင်းလို့ခေါ်တဲ့ တာ့ခ် နဲ့ ချင်းမိုင်မှာရှိနေတဲ့ နှလုံးအထူးကုဆရာဝန်ကြီးတွေက ဦးလေးရဲ့ဆေးမှတ်တမ်းကို
အွန်လိုင်းပေါ်ကအမြဲတမ်း စစ်နေပြီး ဘယ်လိုကုသရမယ်ဆိုတာ ညွန်ကြားနေတယ်လို့ပြောပါတယ်
တစ်ရက်ပြီး တစ်ရက်ဦးလေးသက်သာလာပါတယ်
ဆယ်ရက်လောက်မှာ ဦးလေးကိုဆေးရုံဆင်းခွင့်ပြုပါတယ်.. ရင်ထဲမှာငွေဘယ်လောက်တောင်းမလဲမသိဘူးဆိုတဲ့ စိုးရိမ်စိတ်ကပြည့်နေပါတယ်.ဒါပေမယ့် ကုန်ကျစရိတ်တောင်းခံလွာမှာထင်သလောက်စရိတ်မများခဲ့ပါဘူး.
ရန်ကုန်အပြင်ဆေးခန်းတွေမှာလို ဘောက်ချာတွေလည်း မများပါဘူး.ဆေးထိုးအပ်တွေ၊ဂွမ်း၊ပလာစတာ၊အောက်စီဂျင် အခြေခံအသေးစား လေးတွေကိုမတောင်းပါဘူး..အဓိကကုသပေးသောဆေးဝါးဘိုးလောက်ဘဲတောင်းတာပါ. တတ်နိုင်လို့အားလုံးပေးခဲ့ရင်လည်းရတယ်
တ၀က်ဘဲတတ်နိုင်လို့ တ၀က်ဘဲပေးရင်လည်းရတယ်.. မတတ်နိုင်လို့တပြားမှ မပေးလည်း ဘာမှမပြောပါ ရန်ကုန်အထူးကုဆေးခန်းကြီးတွေမှာလိုငွေမပေးရင်သေသွားတဲ့အလောင်းကိုထုတ်မပေးတာမျိုးလဲမရှိဘူး။ ဦးလေးနဲ့အတူတူရွှေ့ပြောင်းအလုပ်သမားမိသားစုက ငွေကြေးမတတ်နိုင်လို့လက်အုပ်ချီပြီးကန်တော့လိုက် ပါတယ်..ငွေမပေးလို့ဂရုမစိုက်တာမျိုးမရှိပါ.ထိုမိသားစုကိုသောက်ဆေးတွေပေးတယ်
နောက်တလကြာရင်လာပြန်ပြဘို့မှာနေတယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတောင်လိုအပ်ချက်တွေများနေတာကျနော်တို့လိုနယ်စွန်နယ်ဖျားကဆေးရုံတွေရဲ့
လိုအပ်ချက်တွေကိုရေးပြရရင် စာမျက်နှာ ၁၂၀စာအုပ်တစ်အုပ်တောင်လောက်မှာမဟုတ်ပါဘူး။ ကျနော်တို့ပတ်ဝန်းကျင်ကရွာသားတွေရောဂါတစ်ခုခုဖြစ်ရင်၊မသေချင်ရင်မဲဆောက်ဆေးရုံကိုပြေးကြတာဘဲ။
ကျနော်တို့တိုင်းပြည် အစွန်အဖျားမှာနေ၊နေကြတဲ့ ပြည်သူတွေရဲ့ကျန်းမာရေးဘယ်လိုလုပ်နေကြလဲ ကျနော်မသိဘူး
ကျနော့်ဦးလေး အဖြစ်ကိုရေးပြလိုက်တာ မဲဆောက်ဆေးရုံအတွက်ကြော်ငြာဝင်နေတာမဟုတ်ပါဘူး။ အမျိုးသားရေးရာဇ၀င်ရှိတဲ့တိုင်းပြည်မှာမတတ်သာလို့သာ သွားနေကြတာပါ.
ကိုယ့်ဆီမှာပြည့်စုံနေရင်ဘယ်သူမှသွားမှာတော့ မဟုတ်ပါဘူး ကျနော်တို့နယ်စပ်မြို့ပြည်သူတွေရဲ့ ကျန်းမာရေး၊ရွှေ့ပြောင်းလုပ်သားမိသားစုတွေရဲ့ကျန်းမာရေး ကိုမြင်ပြီး ထိုင်းအစိုးရက
စိတ်မကောင်းဖြစ်ပြီးမြန်မာပြည်သူတွေအတွက် မဲဆောက်မှာ ဆေးရုံအသစ်ဆောက်ပေးမယ်လို့သတင်းကြားမိပါတယ်
ထိုင်းနိုင်ငံ အစွန်အဖျားမြို့လေးဖြစ်သော မဲဆောက်ဆေးရုံ၏ပြည်သူများကို ကုသပေးနေသော
ကျန်းမားရေးစောင့်ရှောက်မှုကိုကြည့်ပြီး ကျနော်အပါအ၀င်မြန်မာပြည်သူများကိုသနားမိပါတယ်..
ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျနော်တို့ပြည်သူတွေမှာ အားကိုးစရာမရှိ.
ဆေးရုံတွေတစ်ရုံပြီး တရုံတိုးလာနေတယ် ဆေးရုံထဲမှာဟောင်းလောင်း.
ဒီနှစ်ဘက်ဂျက်မှာ ကာကွယ်ရေးက ၂၅% ၊ပညာရေး ၄%၊ကျန်းမာရေး ၂.၄ %
မြန်မာပြည်လူဦးရေ သန်းခြောက်ဆယ်ကျော်အတွက်ကျန်မာရေး အသုံးစရိတ်ဟာ လူတစ်ဦး
တစ်နှစ်အတွက်ကျပ် ၁၀၀၀ နှုန်းတဲ့.လ္ဘက်ရည် တစ်ခွက်နှစ်ရာ ဖြစ်နေတဲ့အချိန်မှာ
ကျန်းမာရေးစရိတ် တစ်ထောင်နှုန်းဟာ စဉ်းစားကြည့် ကြပါအုံး
ဒီကျန်းမာရေးစရိတ်ဟာ ကျနော်တို့လူမျိုးရဲ့အသက်ကို တမနက်လောက်ရှည်စေမလား
တစ်နာရီလောက်ရှည်စေမလား.ဒါမှမဟုတ် အနှတ်ပြသွားမလား တိုင်းပြည်တစ်ပြည်တိုးတက်မှုဟာ
လူ့စွမ်းအားအရင်းအမြစ် ပေါ်မှာမူတည်နေပါတယ်..
လူ့သက် တမ်းတိုနေတဲ့တိုင်းပြည်မှာ လူစွမ်းအားအရင်းအမြစ်ကို ဘယ်လိုရှာကြမလဲ
ခေတ်မီ တိုးတက်သော နိုင်ငံတော်သစ်ဆီသို့ချီတက်ရာမှာ လူ့သက်တမ်းရှည်ဘို့က အဓိကကျ ပါတယ်..တိုင်းပြည်တိုးတက်အောင်ကျနော်တို့ကူညီနိုင်ပါသေးတယ်.
ကျနော်တို့မိသားစုတွေရဲ့ လုပ်အားနဲ့တိုင်းပြည်တိုးတက်လာအောင် ကူညီပါရစေ..
ဒါပေမယ့် နိုင်ငံတော်အနေနဲ့ ကျနော်တို့ရဲ့လူ့သက်တမ်းရှည်အောင်ကျန်းမာရေးစောင့်ရှောက်မှုကို
ဖြည့်ဆည်းပေးဘို့လိုအပ်ပါတယ်. ကျနော်တို့ လူမျိုးရဲ့သက်တမ်း တစ်ရက်၊တစ်လ၊တစ်နှစ် ၊
ငါးနှစ်တိုးလာချင်ပါတယ်..ကျနော့်မိဘတွေ၊ဦးလေးတွေ၊ဘကြီးတွေကို အသက်ရှည်ရှည်နဲ့နေတာမြင်ချင်ပါသေးတယ်
သမ္မတကြီးခင်ဗျား..ကျနော်တို့ မြန်မာပြည်သူတွေကို သနားရင်၊
အသက်ရှည်ရှည်နေစေချင်ရင် ဒီထက်ပိုသောကျန်းမာရေး
ဘတ်ဂျက်ချပေးပါလို့ မေတ္တာရပ်ခံလိုက်ပါရစေ.  

 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit