Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main »

 

ဘူမိဗေဒ Geology ဆိုသည်မှာ

ဘူမိဗေဒဆိုသည်မှာကိုမပြောခင်ကျွန်တော့်ဘ၀မှာဘူမိဗေဒဆိုတာကြီးနှင့်တည့်တည့်တိုးခြင်းအကြောင်းကိုပြောပါရစေ။ ဆယ်တန်းအောင်တုန်းကအမှတ်အတော်ကိုအားရဖွယ်ဖြစ်သည်။မျှော်လင့်ချက်ရှိသည်။

သို့ဖြစ်၍ဒေသကောလိပ်ပထမနှစ်ကိုဇီဝဗေဒဘာသသာရပ်ယူပြီး ဒုတိယနှစ်တွင်မွေးမြူရေးဘာသာကိုယူလိုက်သည်။

သကောင့်သားကျွန်တော်သည်ပထမနှစ်တွင်ဆယ်တန်းအောင်အမှတ်များထား၍အောက်ခြေလွတ်၏။သို့ဖြစ်၍ပထမနှစ်အမှတ်လျှော့လေ ရာဒုတိယနှစ်အထူးကြိုးစားရလေ၏။အမှတ်များသော် လည်းပထမနှစ်၌ယူရသောဘာသာရပ် ၅ ခုအရ ပျမ်းမျှအမှတ်ကို carry လုပ်မပေး နိုင်ဘဲဆယ်တန်း ပ-နှစ်/ဒု-နှစ် အမှတ်များအရ ၇၇-၇၈ သာရလေတော့သည်။

သို့ဖြစ်၍တက္ကသိုလ်သို့ဘာသာရပ်များလျှောက်ရန်ဝင်ခွင့်တောင်းရာမှအနှီ ဘူမိဗေဒဘာသာရပ်ရှိခြင်းကိုသိလာရလေ၏…ကောင်းလေစွ….

သိကြသည့်အတိုင်းဘူမိအရှေ့မှာလျှောက်ခဲ့သောဘာသာရပ်များပြုတ်၍ဘူမိဗေဒကျောင်း သားဖြစ်လာရလေ၏။ ဘူမိဗေဒကျောင်းသားဖြစ် တော့လည်းမိဘပေးစားသည့်ဟိုဒင်းလိုအတူနေရင်းတဖြည်းဖြည်းချစ်လာမိပါ တော့သည်။

အမှန်တစ်ကယ်လည်းဘူမိဗေဒဘာသာရပ်နှင့်ဘွဲ့ရသောအခါပညာတတ်အသိုင်းအ၀ိုင်းမှရှေ့မီနောက်မီပုဂ္ဂိုလ်များကအထင်ကြီးကြပါသည်။
အော်……ခင်ဗျားကဘူမိဗေဒနှင့်တောင်ဘွဲ့ရခဲ့ပေသကိုး…..ဟုအထင်ကြီးဟန်လေသံဖြင့်နှတ်ဆက်ကြသည်။

အချို့ပညာနယ်ပယ်မှမနှံ့စပ် သောသူအချို့မှာမူ….ဟင်…..ဘူမိဗေဒနှင့်ဘဲဘွဲ့ရခဲ့ တာလား……ဟုနှိမ်ချင်သလိုလိုပြောကြသည်။

မည်သို့ဆိုစေယခုမှာမူယင်းစကားဆက် “တောင်”
ကိုသော်၎င်း၊“ဘဲ” ကိုသော်၎င်း ဂရုမစိုက်တော့ပါ။
ထားပါတော့…..ဘူမိဗေဒဆိုသည်မှာခေါင်းစဉ်နှင့်လွဲချော်ရတော့စကားဆက်ကြပါစို့…..

ကျောင်းမှာသင်ကြားတာကတော့Geology is may be defined as the process of …… ဘာညာကိစ္စပေါ့ ဗျာ….တစ်ကယ်တမ်းသင်ကြားရင်တော့ တတိယနှစ်၊စတုတ္ထနှစ် ၂ နှစ်တည်းနှင့်ကျောင်းပြီးတာကိုမလိုချင်တော့ဘူးအရင်လိုလေးနှစ်သင်ရတဲ့ ခေတ်ကိုပြန်တမ်းတမိပြီ……ဟုတ်တယ်လေ

ဘူမိဗေဒဆိုတာပညာရပ်ဆိုင်ရာသင်ခန်းစာကိုကျောင်းတွင်း၊ကျောင်းပြင်ပအနေနှင့်လက်တွေ့လေ့လာရတော့.. ပညာရပ်ဆိုင်ရာအပြင်လူမှုရေးနယ်ပယ်၊ခရီးသွားလာခြင်းနယ်ပယ်၊စည်းရုံးရေးနယ်ပယ်၊
စီမံခန့်ခွဲမှုနယ်ပယ်တွေပါသင်ကြားတတ်မြောက်ရသလိုဖြစ်တော့……

အလဲ့….ကျွန်တော်ဂုဏ်ယူတတ်လာပြီ…
တစ်ကယ်ပါ…..ကြုံလို့ကွင်းဆင်းတုန်း ကအဖြစ်လေးတစ်ခုကိုပြောပြချင်တယ်…
စည်းရုံးရေးနယ်ပယ်တစ်ခုကိုချပြခြင်းဆိုပါတော့…….

၁၉၈၁ ခုနှစ်ဧပြီလဆန်းမှာကျွန်တော်တို့(၁၉၈၁ ခုနှစ်ဆင်း)မြောက်ရွှေပုထိုးကွင်းဆင်းအုပ်စုလေး individual field ထွက်လာရလေ၏။ ကျွန်တော်တို့အုပ်စုမှာကိုကိုအေး(ကွယ်လွန်)သန်းစော ဦး၊သန်းထွန်းဦး၊ကျွန်တော်နှင့် ကိုမြအိ …

တို့ပင်းတယ-ပွေးတောင်ကိုတက်ခဲ့ကြတယ်။

အဲဒီမှာ ၀ါးပိုးရေ ဆိုတဲ့ရွာကိုရောက်တော့အရင်ဆုံးဘုန်းကြီးကျောင်းကိုဝင်တယ်။
အချိန်ကလည်းဆွမ်းဘုန်းပြီးစအချိန်…ကိုယ်ကလည်းကိုယ်ဟင်းအပြင်ဘုန်းကြီးကစွန့်မဲ့ဟင်းပါ ဟဲ ရလို့ကတော့ထမင်းမြိန်ပြီတွက်ထား တာ……ဘုန်းကြီးက အခါးရည်(ရေနွေးကြမ်း)
ဘဲလာချပေးသည်။အဲဒါနှင့်ကျနော်လည်းလွယ်ထားတဲ့ရေဘူးထဲကအသင့်ဖျော်လာတဲ့ Queenလိမ္မော်ရည်ကိုငှဲ့ပြီးဘုန်းကြီးသုံးပါးကိုကပ် လိုက်ပါတယ်။ အဲဒီတော့မှကျက်သရေခန်းထဲမှ ဇီးသီး၊ထန်းလျှက်၊မက်မန်းသီးတွေထွက်လာပါတော့သည်ခင်ဗျား…….

ကျွန်တော်ပြောချင်တာကတော့စည်းရုံးမှုနယ်ပယ်သင်ခန်းစာပါ။ထားပါတော့ ဆရာတစ်ဦးကတော့ပြောဘူးပါတယ်။

ဒို့ဘာသာ ဟာတစ်ခြားဘာသာရပ်လိုလက်တွေ့ practical လုပ်ရုံနှင့်မရဘူး….

Practical အပြင်ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းပြီး research လုပ်မှပြည့်စုံတယ်ကွ…တဲ့…

ကျွန်တော့သူငယ်ချင်းကြောင်ဝဏ္ဏ(မင်းစိတ်ဆိုးချင်လဲဆိုးကွာနာမည်ခေါ်လိုက်ပြီ)

ကတော့သူတို့ဂုဏ်ထူးတန်းတုန်းကဆရာတာ(ဦးမေတ္တာ)ကိုပြောဖူးတယ်၊

Geology ဆိုတာဘာမှမသေချာဘူး၊မရေရာတဲ့ဘာသာရပ်တဲ့…..ဟာ….

ဒီကောင်ဆိုးလှချည်လားလို့မပြောလိုက်ကြပါနှင့်….

ကျွန်တော့ သူငယ်ချင်းကိုသ.သူပြောတာလဲမှန်ပါတယ်ဗျ…..ပေါ်ထွက်ပိုင်း Out crop အနေအထားအရဒီလိုရှိတယ်။

ဒီလိုတည်နေတာကိုပြောလို့မရပါဘူး……..ဒီလိုရှိနိုင်တယ်လို့သာယူဆရမှာကိုး ……

အထက်မှာကျွန်တော်ဖေါ်ပြထားသလို Geology ရဲ့ Definition ကလည်း May be ဆိုထားတာကိုး……

သို့သော်လည်းပေါ့လေ……

ကျောက်လွာစဉ်အနေအထားပေါ်တွေ့ရှိမှု၊ယခင်ကလေ့လာ တွေ့ရှိချက်၊ဓါတ်ခွဲခန်း Sample တွေ့နှင့် cutting တွေ့ရဲ့ဖေါ်ပြချက်အရ ယခင်ထက်ပို၍တိကျသော X- section ကိုဆွဲပြနိုင်ပါသည်။

ဒါဆိုမောင်မင်းဘယ်ဌာနမှာအရာရှိဖြစ်နေပြီလဲ….

မမေးပါနှင့် ပထမနှစ်က ဇီဝဗေဒ၊ဒုတိယနှစ်ကမွေးမြူရေး၊တတိယနှစ်နှင့်စတုတ္တနှစ်မှာ ဘူမိဗေဒ၊အခုအပြင်မှာလက္ဘက်ရည်ဖျော်နေပါတယ်

ဘ၀ပေးကံပေါ့ဗျာ……

Geology ဆိုတာကိုအောက်မှာဖေါ်ပြမယ့်အဖြစ်အပျက်နှင့်အဆုံးသတ်လိုက်ကြရအောင်နော…….

၁၉၈၁ စာသင်နှစ်မှာကျွန်တော်တို့ဘူမိဗေဒနှင့်ဥပဒေတို့ဘော်လီဘောအုပ်စုပွဲစဉ်မှာဆုံကြပါလေရော….

RC ထဲမှာပေါ့ဗျာ…..

ကျွန်တော်တို့အဲဒီတုန်းကမိန်းခလေးတွေဘူမိဗေဒ၀င်ခွင့်ပေးတဲ့နှစ်မို့လို့မိန်းခလေးအင်အားနည်းနည်းနှင့်ကျားအင်အားများစွာ RC ထဲသွား ကြည့်ကြတာပေါ့

ဗျာ…..တစ်ဖက်ကဥပဒေမှာတော့မိန်းခလေးနဲနဲများတယ်ဗျာ…..

ဒီလိုနှင့်နှစ်ဘက်အသင်းကစားကြတော့ဘူမိဗေဒဘဲဘယ်ရမလဲဗျာရှုံးတာပေါ့ဗျာ…..

ခင်ဗျားတို့သိလားမသိဘူး ဥပဒေဘက်မှာအရမ်းတော်တဲ့ကုလားကြီးရှိတယ်ဗျာ….

ဒီလိုနှင့်ကြည့်တဲ့သူချင်းစကားစစ်ထိုးကြရော…

ဥပဒေဘက်က …… ၄တန်း၎တန်းသပ်သပ် ၅တန်း၅တန်း သပ်သပ်……ဆိုပြီးအဆင့်ခွဲတဲ့စကားနှင့်တိုက်ခိုက်ကြတယ်။

ဆိုလိုတာကကျနော်တို့ဘူမိဗေဒက ၄နှစ်နှင့်ကျောင်းပြီး ပြီ…

သူတို့ဥပဒေက ၅နှစ်တက်ရတော့မတူဘူး လို့ပြောတာ…..

ဘယ်ရမလဲဘူမိဗေဒအကောင်တွေကလဲဒီတော့ဒီလိုပြန်အော်လိုက်တယ်….

ဥပဒေက ၅ နှစ်တက်ရပေမယ့်စာပေးစာယူ(အဲဒီခေတ်အသုံးအနှုန်းပါ အခုအဝေးသင်)ယူလဲရတယ် ဆို……ဟေ့..အရည်အချင်း အရည်အချင်းသပ်သပ်…

…..အရေအတွက်အရေအတွက်သပ်သပ်……

ဒါပါပဲ…Geology ဆိုတာ တွေး၍ဖြစ်နိုင်ပါစေ…….
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ…
ဓမ္မဒူတ…
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

© Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit