Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main »

 

လေတံခွန်(သို့)စွန်

လက်ထဲမှာကိုင်ထားသောချည်ကြိုးလေးကိုဆရင်းဆရင်းနဲ့ကျနော့်ရဲ့သိမ်းငှက်လေးဟာလေထဲသို့
တရွေ့ရွေ့တက်လာပါသည်။လေကောင်းစွာမမိသေး၍ကြိုးကိုဆွဲပြီးတင်းလိုက်လျှော့ပေးလိုက်နဲ့
လေထဲရောက်အောင်ကစားနေရပါသည်။Field Group တွေခွဲတော့ အမည်စာရင်းကပ်ထားတဲ့မန္တလေးဆောင်
မှာသွားကြည့်တယ်။ယင်းမာပင်-မြင်းတိုက်အုပ်စုတဲ့…..ခေါင်းဆောင်ဆရာကဒဂုံဆောင်အဆောင်မှူးဦးမေတ္တာ(လ/ထ ကထိက)
ဖြစ်ပြီးဆရာငယ်များအနေနဲ့ဦးခင်မောင်လတ်(နောင်ဂျပန်မှာဒေါက်တာဘွဲ့ယူ)၊ဦးတင်မောင်ညွန့်နှင့်ဆရာလေးဦးထွန်းစိုး၊
Field ရောက်မှလာကူတဲ့ဆရာဦးစောဖေ(မာစတာဘွဲ့ကျမ်းပြုဆဲ)တို့ဘဲဖြစ်ပါသည်။

Location ကရှမ်းပြည်နယ်တောင်ပိုင်းလို့သိရပါတယ်။ ငသေး စိတ်ဝင်စားတာကရှမ်းပြည်ပါ။ ဘာဖြစ်လို့လဲဆို
တော့အမေ့မျိုးရိုးက ရှမ်းယို့ လို့ခေါ်တဲ့ရှမ်းမျိုးနွယ်ပါ။ဒါကြောင့်ရှမ်းတွေအများကြီးရှိမယ်ထင်တဲ့ရှမ်းပြည်ကိုစိတ်ဝင်စားပါ
သည်။
ဒီလိုနှင့်ပထမဆုံးမအတွေ့အကြုံအဖြစ် Field ဆင်းခြင်းခရီးစတင် ပါလေရော……သတ်မှတ်ထားတဲ့ရက်မှာ
မန္တလေးဆောင်ကနေရန်ကုန်ဘူတာကြီးကိုကားနဲ့သွားကြပါတယ်…….စင်္ကြန်အမှတ်သုံးလောက်မှာဘူမိကျောင်းသား
တွေအတွက်သတ်မှတ်ထားတဲ့ရထားတွဲ ၂ တွဲပေါ်တက်ပြီးနေရာယူကြတယ်။တစ်ကယ်တမ်းပြောရရင်နေရာလုကြတာပါ။
ကိုယ်နှင့်အလျဉ်းသင့်တဲ့အုပ်စု တူရာ…တူရာထိုင်ကြတော့ ငသေးတို့အုပ်စုကဆရာနှင့်ဝေးတဲ့နေရာထိုင်ကြပါတယ်…
သိတယ်မဟုတ်လား…ကဲလို့ရအောင်လေ……..


ရထားစထွက်တော့ပျော်လိုက်ကြတာ….သံပြိုင်သီချင်းဆိုသူဆိုကြနဲ့ပေါ့…..ငသေးတို့အဖွဲ့မှာမောင်မောင်ကျော်
(ငကျော်)၊သန်းထွန်းဦး(ကင်စန်း)၊သန်းစောဦး(၀ါးရင်းတုတ်)၊ကိုကို(ခ)ဇော်ထက်(အာဝါး)၊လွှင်မောင်ကျော်တို့ဖြစ်ကြပါ
တယ်။ဇော်ဝင်းဦးတို့က အုံးသော်၊စိုးအောင်၊ဇင်အောင်၊ဇော်ထွန်းအောင်တို့စုထိုင်ကြပါသည်။ပဲခူးရောက်ကာနီးတော့သီ
ချင်းဆိုသူကပါဝါကျလာပါပြီ……
ညောင်လေးပင်ရောက်တော့ကင်စန်းကထပြီး ဟိုကြည့်သည်ကြည့်လုပ်နေပါတယ်……
ကင်စန်း….ဘာရှာနေတာလဲ……..
အေး….ငါလူတစ်ယောက်ရှာနေတာ ……ပစ္စည်းတစ်ခုပေးမလို့…..ငါကြိုချိတ်ထားတယ်……
ကူရှာပေးအုံးကွာ…….
ဟာ….မင်းကောင်ကိုငါမှမသိတာ……..
အော်…..ဟုတ်သားဘဲ…..ဟိုဘက်ပြတင်းပေါက်သွားကြည့်လိုက်အုံးမယ်…………..
ဟေ့……… လို့ခေါ်ပြီးအောက်ကကမ်းပေးလာတဲ့ပစ္စည်းကိုလှမ်းအယူရထားလဲထွက်တော့တာဘဲ……ကင်စန်းကခုံ
ရှိရာပြန်လာထိုင်ရင်းလက်ထဲမှာသတင်းစာစက္ကူပတ်ပြီးဂုံနီကြိုးချည်ထားတဲ့အထုပ်တစ်ထုတ်ကိုငကျော်ကိုလှမ်းပေး
လိုက်ပါသည်။
ငကျော်က ….ကင်စန်း…ဘာတွေလဲ…..
မင်းသိချင်ရင်ဖြည်လိုက်လေ…..

ဟာ…အရက်တွေပါလား….လို့ပြောရင်းရွံ့တွန့်တွန့်ဖြစ်သွား ပါတယ်။
ဟုတ်တယ်…မီးပေါင်ကျသွားတဲ့မင်းတို့အတွက်ငါကြိုတင်မှာထားတာ…ဒါ ဒို့ ဖဒိုကချက်တဲ့မီးတောက်အရက်
တွေဘဲ……
ဟာ…မင်းဥစ္စာမီးတောက်ပါ့မလား……
မင်းသိချင်ရင်ကြည့်လိုက်….ရော့မီးခြစ်……..
ဟာ…ဟုတ်တယ်ဟေ့….မီးညွန့်ကပြာလဲ့နေတာဘဲ……
အမလေး…အမယ်မင်း….ဒါကြီးကိုဗိုက်ထဲသွင်းလိုက်ရင်တော့အူတွေအသည်းတွေကျွမ်းရော့မယ်လို့
ငကျော်ကငိုချင်းချတော့နောက်ခံတီးလုံးလေးနဲ့ပါးစပ်ဆိုင်းပါလိုက်ပေးလိုက်တယ်။
ပူနောင်…ပူနောင် …..ပူနောင်….ပူနောင် …ထိန်….ထိန်…ထိန်….ဂွမ်း…….
ဒီလိုနဲ့တစ်ယောက်တစ်ခွက်စီလှည့်ရင်းပုလင်းနှစ်လုံးဟာတစ်လုံးအဖော်မဲ့သွားရှာတယ်……
ဒို့များကျေးတောရွှာက…..သာဂိတို့များ……ဆိုပြီးထွန်းအောင်ကျော်ကိုစောင်းဆိုလိုက်….
ရန်ကုန်မြို့ကြီးကိုဖြင့်ယောင်လည်လည်ရောက်လာခဲ့တယ်….မျက်လုံးလေးကလပ်ကလပ်…အလဲ့အလဲ့…….
ဆိုပြီးဝါးရင်းတုတ်ကိုစောင်းဆိုလိုက်…..
ရထားကတော့သူ့တာဝန်အတိုင်းတစ်ညလုံးခုတ်မောင်းလျှက်….ဟိုဘက်စိုးအောင်တို့အုပ်စုက…..
တစ်ချက်တစ်ချက်စီကနဲထရယ်လိုက်….တိုးတိုးပြောလိုက်နဲ့….တစ်ချို့ဟိုယိမ်းဒီယိမ်းငိုက်မျဉ်းလျှက်……
ဒီလိုနှင့်သာစည်ဘူတာကိုမနက်(5)နာရီခွဲလောက်ရောက်လာပါသည်။
ကျောင်းသာအချို့နိုးလာတော့အိပ်နေတဲ့သူငယ်ချင်းတွေကိုလှုပ်နှိုးရင်း..
ထကြလော့အသင်ကျောင်းသားတို့နံနက်ခင်းနေရောင်ခြည်ကိုရှုလော့…….
စသည်ဖြင့်နောက်ပြောင်ပြောကြရင်းရထားပေါ်ကဆင်းကြပါသည်။
ရထားဟာရှမ်းပြည်တက်မည့်ရထားနှင့်ချိတ်ဆက်(ရှန်တိန်)လုပ်နေပါသည်။
ငသေးတစ်ယောက်အချိန်ရတုန်းဘူတာဝန်းကျင်စနည်းနာထွက်ကပါတယ်။ဆရာတွေပြောသလို observation
ကောင်းးရမယ်ဆိုလို့ Geologist ပီသအောင်လေ့လာနေတာပါ။
သာစည်ဘူတာဟာ မန္တလေးနှင့်ရှမ်းပြည်ကိုလမ်းခွဲပေးတဲ့ရထားလမ်းဆုံဖြစ်ပါတယ်။မိုးနည်းရေရှားဝန်းကျင်ထဲ
ပါတာမို့လို့မနက်ခင်းစိမ့်တိမ့်တိမ့်လေးအေးပေမယ့်…….နေမြင့်လေ….ပူလာလေ…..ဖြစ်လာပါတယ်…… အပင်အနေ
နဲ့ထနောင်း၊မန်ကျဉ်းပင်အချို့သာ အပင်ကြီးအဖြစ်မြင်တွေ့ရပြီးခြုံပုတ်ပင်လိုအပင်ပုလေးတွေများတယ်…….
ငသေးတို့အုပ်စုအဖိုးအခပေးပြီးရေချိုးလို့ရတဲ့အိမ်မှာမျက် နှာသစ်ရေချိုးလုပ်ကြပါတယ်။ကင်စန်းကအသင့်တွေ့
တဲ့ကျောက်ပြင်မှာသနပ်ခါးသွေးတော့အားလုံးဝိုင်းလိမ်းကြပါသည်။ရေချိုးပြီးတော့ဘူတာနားလ္ဘက်ရည်ဆိုင် မှာအချိန်
ဖြုန်းကြပါတယ်။ရထားကတော်တော်နှင့်မထွက်သေးတာမို့ဘူတာနားကမြင်းလှည်းငှားပြီးလမ်းဘက်ထွက်ခဲ့ကြပါတယ်။
အိုအေစစ်ဆိုတဲ့ဆိုင်လေးနားမှာကိုယ်အဖွဲ့ကလူတစ်ချို့စုရုံးစုရုံးနဲ့တွေ့လို့……ဘာများလဲလို့စပ်စုကြည့်တော့…
fault တစ်ခုရှိလို့…..ယင်အုံနေတာပါလားလို့သိလိုက်ရပါတယ်……
10 နာရီလောက်မှရထားသာစည်ကစထွက်လာပါသည်။
ငသေး……ရှမ်းပြည်ရောက်ဖူးလား…….
မရောက်ဖူးဘူး…..ဘာလုပ်မလို့လဲ…….

ဒီလိုကွ….အခုရထားနဲ့သွားမယ့်လမ်းကြောင်းကဘူတာစဉ်တွေအမည်…..ကိုမင်းလိုက်ဖတ်ကြည့်.. ရယ်ရတယ်…….
ပြော ပါအုံးဘယ်လိုဟာသလဲ…….
ဒီလိုကွ….သာစည်ပြီးရင်…လှိုင်းတက်…..ပြီးရင်ယင်းမာပင်……ဒီထိကဘာမှမထူးဘူး…..နောက်တွေ့မယ့်ဟာ
က ပထမလွန်းထိုး၊ဒုတိယလွန်းထိုး၊တတိယလွန်းထိုး…..ပြီးရင်ဆင်တောင်….ဆင်တောင်ပြီးရင်ခွေးရုပ်၊ပြီးရင် မြင်းတိုက်
မြင်းတိုက်ပြီးရင် ကလော……ကလောပြီးတော့…..ကမ်းနား……ပြီးရင်……အောင်ပန်း…..ပြီးရင်…
…ဟောဟဲ…..အဲလေ...ဟဲဟိုး……ရွှေညောင်ရောက်တယ်၊ရထားလမ်းဆုံးလို့ကားနှင့်ဆက်တက်ရင်တောင်ကြီး(တောင်
ဂျီး ဟုအသံမထွက်ပါ)ပေါ့ကွာ……
ဟား….ဟား..ဟုတ်သားဘဲ…..
ဒီလိုနဲ့ယင်းမာပင်ဘူတာရောက်တော့ဆင်းကြပြီးနှစ်စဉ်စတည်းချလေ့ရှိတဲ့ဗိုလ်တဲကိုရောက်ကြပါတယ်။ဗိုလ်တဲ
ပေါ်မှာကိုယ့်အစုအလိုက်ဖြစ်သလိုအိပ်ကြပါတယ်……ဆရာတွေကဗိုလ်တဲအောက်မှာနေရာယူပါတယ်။
ရေချိုးကာနီးဆရာဦးမေတ္တာကမှာပါတယ်
“ဒီဒေသဟာ…ကျေးလက်တောရွာဖြစ်လို့ရိုးသားဖြူစင်ကြတယ်…..
ရေချိုးတာကအစမင်းတို့ရေချိုးချင်သလိုဘောင်းဘီတိုနဲ့မချိုးရဘူး……
အသွားအလာအနေအထိုင်ကအစ သတိထားဘို့မှာပါတယ်…….
ကျောင်းသားတွေလေ….(repeater) တွေလဲပါတာမို့လို့အထူးသင်စရာမလိုပါဘူး…..
ရေချိုးချင်ရင်(Sidi)လေးနဲ့အလစ်သွားချိုးတယ်။ညနေထမင်းစာချိန်နီးတော့အလျှိုလျှိုပျောက်ကုန်ကြတယ်……
ငသေးလဲ……သူများနောက်ရောယောင်လိုက်သွားတာသံလမ်းကျော်တော့
ရန်ကုန် ဆိုင် ဆိုတဲ့နေရာမှာ ငကျော်အသံကြားရတယ်။
ရန်ကုန်သားဆရာကြီးက ….ငသေး…လာဟေ့….သူ့ကိုလည်းရမ် တူးပက်လောက်ထည့်ပေးလိုက်ပါအုံး…….
ဒီလိုနှင့်ထမင်းမြိန်ဆေးသောက်ပြီးဗိုလ်တဲကိုပြန်ရောက်ကြပါတယ်။ဒီ Field ရဲ့ပထမဆုံးဟင်းကိုသူများတွေမ
ကြိုက်ကြဘူး….ငသေးကကြိုက်သမှတအားကြိုက်…ငါးခြောက်နဲ့အားလူးဟင်း….ဖြစ်ပါတယ်…….
ထမင်းအ၀စားပြီးတော့ခြင်ထောင်ထဲတန်းဝင်ပြီးနှပ်လိုက်ပါတော့သည်။မနက်မိုးလင်းတော့ ငကျော်အသံစာစာ
အောင်ကြားရတယ်။ညကသရဲခြောက်သလိုလို….
ယင်းမာပင်မှာနေစဉ်ကာလအထူးသတိရမိတာကတော့ field ဆင်းတဲ့တစ်ရက်မှာမိုးအရမ်းရွာပြီးချောင်းကူးလို့မ
ရတော့လောက်အောင်တောင်ကျရေတက်လာပါတယ်။ကိုကိုအေး၊ကိုမြင့်တို့ကကြိုးနှင့်ဆိုင်းပြီးကူးမလို့ကြံစည်တာဆရာ
ဦးခင်မောင်လတ်ကမကူးစေတော့ဘဲ ချောင်းရှောင်လမ်းးကနေပြန်ခဲ့ကြတဲ့အဖြစ်ပါ။နောက်တစ်ခုက…ယင်းမာပင်မှာနွား
နို့အရမ်းပေါပါတယ်။တစ်ခွက်မှတစ်မတ်ဘဲ…နောက်နှစ်ရက်လောက်ကြာတော့သောက်သူများလာလို့ထင်ပါရဲ့ ငါးမူးဖြစ်
လာပါတယ်။ရွာသားတွေဆိုတော့ရိုးတော့ရိုးပါတယ်။ ဒါပေမယ့် ….မ အ….ပါဘူး…..
ရထားလမ်းအတိုင်း General traverse သွားတော့ကျောက်ပန်းအိုးတံတားအဖြတ်ငကျော်တစ်ယောက်အောက်
ကိုငုံ့ကြည့်ရင်းမူးလာတယ်ဆိုပြီးလေးဖက်ထောက်သွားနေတုန်းဖေမြင့်ဦးကိုသတိရလိုက်တာ…ဖေမြင့်ဦးနဲ့ဝေးနေလို့ပုံ
ကောင်းတစ်ပုံလွတ်သွားပါတယ်……
ကျောက်ပန်းအိုးတံတားအကျော်မှာဆရာတွေက Outcrop အရ Fault ဖြစ်ခဲ့တဲ့အနေအထားတွေကိုရှင်းပြပါ
တယ်။ကားလမ်းတစ်လျှောက်ပေကြိုးနှင့်တိုင်းနေရင်းကျောက်အမျိုးအစားကို colour ခြယ်ခိုင်းပါသည်။အများအားဖြင့်
phyllite ကျောက်တွေများပါသည်။
ဒီလိုနှင့်နှစ်ပတ်လောက်အကြာမြင်းတိုက် camp ကိုပြောင်းရပါသည်။မြင်းတိုက်ဟာယင်းမာပင်နှင့်ရာသီဥတု၊မြေ
အနေအထားအရအများကြီးကွာခြားသွားပါပြီ…….မြင်ကွင်းတစ်ခုလုံး KRB (ကလောမြေနီအုပ်စု)တွေဖုံးလွမ်းလို့…
စိုစွတ်အေးမြနေပါသည်။
တစ်ခါတစ်ရံမိုးရွာတတ်တော့…..jungle boot မှာမြေနီတွေကပ်နေပြီးပိုလေးလံလာပါတယ်…….
မြင်းတိုက်ဘူတာဟာဘူတာငယ်လေးတစ်ခုဖြစ်ပြီးဘူတာရဲ့အောက်ဘက်တောင်ကုန်းမှာရထားဝန်ထမ်းအိမ်ရာ
(၂ ခန်းတွဲတန်းလျား) တွေရှိပါတယ်။ဘူတာမျက်နှာချင်းဆိုင်မှာစပါးခင်းနဲ့……ပန်းဝါ၀ါ(နေကြာရိုင်း)တွေတအားလှနေပါ
တယ်…….
မြင်းတိုက် camp မှာနေ့စဉ်…ငသေး၊ထွန်းအောင်ကျော်နှင့်ငွေသိန်းကအပြင်ဝရံတာမှာဘဲရလို့တိုးဝှေ့အိပ်ကြပါသည်။
တဖက်အခန်းရဲ့အတွင်းဘက်မှာတော့မောင်မောင်ကျော်၊ကံဦး၊ဇော်မင်းအောင်၊၀ါးရင်းတုတ်၊သန်းထွန်းဦးတို့နေရာရကြပါတယ်။
ဟိုး….တစ်ဘက်တန်းလျားမှာတော့ စိုးအောင်၊ဇော်ထွန်းအောင်၊ဇင်အောင်၊ဇော်ဝင်းဦးတို့အုပ်စုနေရာယူကြပါတယ်……..
မြင်းတိုက်မှာအမှတ်ရတာကတော့ Field အပြန်ရထားစီးပြန်လာတော့ ကမ္ဘားနီးဂူထဲအရောက်ဇော်ဝင်းဦးတို့
လက်ချက်နဲ့အထူးတန်းတွဲကကောင်မလေးတစ်ယောက်ရဲ့ချိုင့်ထဲကပုစွန်ထုတ်ကျော် ထူးဆန်းစွာပျောက်ဆုံးခြင်းရယ်…
detail traverse မှာ ငသေး ကစိတ်မြန်လက်မြန်နဲ့ပြန်ချင်ဇောအားကြီးလို့ထွန်းအောင်ကျော်နှင့်အတူလျှိုထဲဆင်း
ပြီးပြန်အတက်ကားလမ်းပေါ်ရောက်လို့….အရမ်းဝမ်းသာတဲ့အဖြစ်လေး….ဒါလဲတာရှည်မခံပါဘူး….ကျန်ကိုယ့်အဖွဲ့သား
တွေကလမ်းဟောင်းအတိုင်းပြန်လာတာမရှေးမနှောင်းဘဲရောက်လာလို့….အော် …ငါတို့ကဖြင့်ပင်ပန်းလိုက်တာလို့….
တတိယအမှတ်ရတာက လပြည့်ကျော်ညတစ်ညမှာငကျော်တို့အိပ်တဲ့အခန်းထဲသူရဲဝင်တယ်ဆိုတဲ့အဖြစ်ပါ။
အရိပ်မဲမဲတစ်ခုအခန်းထဲကနေအောက်ဘက်မီးဖိုခန်းဆင်းသွားတာ ကင်စန်း တွေ့လိုက်သတဲ့…ညဦးယံတုန်းကတော့
ဟိုး….ဝေးဝေးတောင်ကုန်မှာမီးစုံး နှစ်လုံး သုံးလုံးလောက်တော့တွေ့မိတယ်……
စတုတ္ထမမေ့နိုင်တာကတော့အောင်ခင်စိုးတို့ပါဝင်တဲ့(စ)လုံးအုပ်စုမြင်းတိုက်မှာလာအိပ်ခြင်းပါဘဲ..
အောင်ခင်စိုးကဘားအံ့ကမို့ ငသေး တို့ကြားကအိပ်တယ်…သိတဲ့အတိုင်းသုံးယောက်စာကွက်တိကျယ်တဲ့နေရာလေး…
သူဝင်လာတော့ကြပ်ကလဲကြပ်သနဲ့…ပြီးတော့သူက….တလတစ်ခါတောင်ရေမချိုးတဲ့အပြင်ပရုပ်ဆီကိုရေလဲသုံးတတ်
သေးသည်။အနံ့အပြင်ညကျရင်ဟောက်သံနှင့်ပါနှိပ်စက်တော့ ငသေးအိပ်လို့မရတော့ဘူး….အေးကလဲအေး…ရှမ်းပြည်
လေကလဲစိမ့် အောင်ခင်စိုးရဲ့ orchestra ကလဲ ဖွင့် ဒုက္ခကိုရောက်လို့ပါဘဲ…….
အိမ်မှာနေရာသာဟင်းမကောင်းဘူးလို့ချေးများတတ်ပေမယ့်မြင်းတိုက်ဘူတာဘေးကဘာမှမစုံတဲ့အသုပ်တပွဲ
ဟာစား ကောင်းနေတတ်ပါတယ်။သံလွှင်…ဧရာတို့နှင့်လိုက်ဖက်ပါတယ်……
ဘူတာတစ်ဝိုက်မှာတောပန်းလေးတွေဟာလဲအလွန်လှပါတယ်…..လူကြီးတွေပြောတာမှန်ပါတယ်…..ဟင်းချို
ဆိုတာ ပူရင်ချိုတာဘဲ….အနေနီးရင်မြင်ပါများတော့အကြင်နာတရားတွေရင်မှာအများကြီးဖြစ်လာတယ်…..ဆိုလားဘဲ..
ဒီလိုနှင့် Field ရဲ့အခက်အခဲ၊ကျော်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေပြန်သုံးသပ်ရင်းအမိတက္ကသိုလ်ရင်ခွင်ကိုပြန်ခို
လှုံဘို့လာတဲ့အပြန်ခရီးရထားစီးရင်းတွေးနေရတာ Field တစ်ခုရဲ့အရသာအထွဋ်အထိပ်ပါဘဲ…….
ဖိုင်နယ်ရောက်တော့ငသေးတို့အဖွဲ့ရှမ်းပြည်တောင်ပိုင်းပင်းတယမြို့နယ်ထဲက မြောက်ရွှေပုထိုး ကျေးရွာကိုဗဟိုပြု
ကွင်းဆင်းရတယ်…ခေါင်းဆောင်ဆရာကဦးမြင့်ခိုင်ပါ…….
နယ်မြေကွင်းဆင်းခြင်းယေဘူယျ လေ့လာမှုသင်ခန်းစာအပြီးမှာတော့လမ်းခရီးသင့်လျော်ရာနေရာမှာစတည်းချ
ဗဟိုပြုလေ့လာခြင်း(Flying camp) ထွက်တဲ့အချိန်မရောက်ခင်ငသေးတစ်ယောက်ဖျားပါတယ်……
ဒါနဲ့စခန်းစောင့်အဖြစ်မောင်မောင်ဦး(စနိုးဝှိုက်)နဲ့နှစ်ယောက်ထဲကျန်ခဲ့ပါတယ်။
နေရတဲ့နေရာကဘုရားအနီးကကျေးလက်ဆေးပေးခန်းပါ။
ညဘက်မှောင်မဲမဲနှင့်ဘုရားကပျံ့လွှင့်လာတဲ့ခေါင်းလောင်းသံ၊ဆွဲလွဲသံလေးရယ်၊
မပွင့်တစ်ပွင့်လရောင်မှုန်ဝါးဝါးအောက်က…
လေအတိုက်လှုပ်ယိမ်းသွားတဲ့အရာတွေနှင့်စိတ်ခြောက်ခြားစရာကောင်းလှပါသည်။
ကျေးလက်ဆေးခန်းကလဲဆေးအနံ့နဲ့မွှန်နေပါတယ်…….
ဘယ်လိုဘဲဖြစ်ဖြစ်ရှိတဲ့ဆေးကြိတ်မှိတ်သောက်ပြီး
အဖျားပျောက်အောင်နေရပါတယ်ဒါပေမယ့်ငှက်ဖျားလိုဖြစ်နေတာကြောင့်အဖျားမပျောက်သလိုလိုနဲ့နုံးခွေနေပါတယ်
ဒီလိုနဲ့သုံးရက်အကြာFlying camp အဖွဲ့နဲ့ဆရာပါပြန်ရောက်လာပါတယ်။ပင်ပန်းခဲ့ကြတာမို့ detail traverse မထွက်ခင်
 တစ်ရက်အနားပေးပါတယ်။ဝါးရင်းတုတ်၊ဇော်မြတ်(ပရော်ဖက်ဆာ)၊ကင်စန်းတို့ ပင်းတယကိုသွား
မယ်ဆိုတော့ ငသေးလဲ အဖျားလုံးလုံးပျောက်အောင်ဆေးခန်းပြချင်လို့လိုက်သွားပါတယ်……..
လမ်းလျှောက်ရင်တစ်နာရီခွဲခန့်ကြာတဲ့ခရီးမှာ…ပင်ပန်းသမျှမပြေပြစ်ရပါတယ်……ဆေးခန်းကညနေ(၅)နာရီမှ
ဖွင့်မယ်တဲ့……camp ကိုငါးနာရီအရောက်ပြန်လာရမယ်ဆိုတော့ U 25 (ဦးအစိပ်) ဆိုင်မှာဘဲအချမ်းပြေ အာမီကစ်ပြီး
ပြန်ခဲ့ရတယ်……
နောက်တစ်နေ့ခြောက်ယောက်တစ်အုပ်စုစီ detail traverse ဆင်းတော့ …မနက်ခင်းစစချင်းခေါင်းကမူးနောက်
နောက်နဲ့….ဒါပေမယ့်ဆရာ့ကိုငသေးမပြောရဲဘူး……..မနေ့ကပင်းတယကိုတော့သွားလည်နိုင်ပြီးဒီနေ့ကွင်းဆင်းဘို့ငြင်း
မယ်ဆိုရင်….သဘာဝမကျလို့ဖြစ်ချင်ရာဖြစ်ဆိုပြီး ကွင်းဆင်းလိုက်ခဲ့ပါတယ်…..
တစ်နေ့လုံးဘာမှမဖြစ်ပေမယ့်ညနေ camp အပြန်မိုးမိပါလေရော….ငါတော့အဖျားပြန်တက်တော့မယ်လို့ငသေး
တစ်ယောက်စိတ်ပူနေမ်တယ်…..အပြန်လမ်းခရီးမိုးသည်ထဲမှာအိမ်တစ်အိမ်ကိုဝင်ခေါ်ရင်းဝင်နားမိပါသည်။အိမ်ရှင်က
ကျောင်းသားတွေဖြစ်ကြောင်းသိတော့ အိမ်ထဲဝင်ပါဆိုပြီးအတင်းခေါ်တဲ့အပြင်ထမင်းပါချက်ကျွေးပါတယ်…..
ငသေးတို့က ဘူမိကျောင်းသားလေ….သိတယ်မဟုတ်လား….. အားတော့နာတော့နာပါတယ်….ဆိုပြီးရေငတ်
သူရေတွင်းထဲကျတဲ့အဖြစ်လေ……..
တစ်သက်မှာဒီထမင်းဟင်းဟာအမြိန်ဆုံးပါဘဲ……..ကြည့်စမ်းပါအုံး….ထမင်းဟာရှမ်းဆန်နီနီစေးစေးပျစ်ပျစ်….
ဟင်းက…….ပဲလွန်း..(ကောက်ညှင်းပေါင်းထဲထည့်တဲ့ပဲ)ကိုဂျင်းများများနှင့်ဟင်းချိုချက်ပြီး….ငရုတ်သီးခြောက်ကြော်ဒီ
နှစ်မျိုးနဲ့တင်..်ချမ်းတာရော….ဆာတာရောနဲ့ရောကြိတ်တာ(၃)ပန်းကန်စီရှောကနဲဝင်သွားပါသည်။ကိုယ်နဲ့ဆွေမျိုးလည်း
မတော်….ယခင်ကသိကျွမ်းဖူးခြင်းလဲမရှိ…..ဒါပေမယ့်စေတနာထားလိုက်ကြတာ……
camp ကိုအပြန်မိုးဖွဲထဲမှာအ၀တ်စုတ်ကိုမီးတုတ်လုပ်ပြီးပြန်ခဲ့ရတယ်……ပြန်ရောက်တော့ည (၇)နာရီလောက်ရှိ
ပြီ……..ဖျားသူကိုရေခဲရေချိုးခိုင်းသလိုဖြစ်နေလို့လားမသိ…နောက်တစ်နေ့အဖျားလုံးလုံးပျောက်ပြီးလန်းလန်းဆန်း
ဆန်းကံ့ကော်ပန်းလေးငသေးပေါ့……
ဒိလိုနဲ့ကိုကိုအေးကောင်းမှုနဲ့ပင်းတယဘုန်းကြီးကျောင်းအောက်မှာဘဲကွင်းဆင်းရင်း camp သိမ်းမယ့်ရက်
ရောက်လာပါတယ်……
မြောက်ရွှေပုထိုးတစ်ဝိုက်ကွင်းဆင်းတဲ့ရွာတွေကတော့ ကံလှကုန်း၊ပွေးတောင်၊ဇော်ဂျီရွာ၊၀ါးပိုးဖြူရွာစသည့်တို့
ဖြစ်ပြီး ဓနုတိုင်းရင်းသားတွေအများကြီးနေထိုင်ကြပါတယ်။ကံလှကုန်းလ္ဘက်ခြောက်(အခါးရည်)အရမ်းသောက်လို့
ကောင်းပါတယ်…..
Field ထဲမှာဖျားရတာအနေအထိုင်မတတ်လို့ပါ…နေ့လည်စာစားပြီးခဏနှပ်တာ…တောင်ပေါ်လေအေးအေးက
ထွေးပွေ့ကျီစယ်လွန်းတော့ ဆေးနာ ဖြစ်သွားရပါတယ်….သန်းထွန်းဦး၊၀ါးရင်းတုတ်တို့လဲ အိပ်တာဘဲ မဖျားဘူးဗျ….
သူတို့ကနေရောင်ထဲကိုယ်အောက်ပိုင်းထုတ်ပြီးအိပ်တော့မဖျားဘူးဗျ………
မြောက်ရွှေပုထိုးရွားသားကိုစံဝင်းကမပြန်ခင်တစ်ရက်မှာငသေးရယ်၊၀ါးရင်းတုတ်ရယ်ကို ထမင်းခေါ်ကျွေးတယ်။
ဟင်းက ပဲလွန်းဟင်းချို၊ကြက်သားဟင်း၊ဂျူးပင်ရဲ့အဖူးကိုကြက်သွန်ဖြူ၊ငရုတ်သီးစိတ်နဲ့ရောနယ်ပြီးသံပရာညှစ်ထားတဲ့ဂျူး
ဖူးသုတ်၊ရှမ်းဆန်နီနီရယ်သိပ်စားလို့ကောင်းသဗျ……
မနက်စောစောလာစားဘို့ဖိတ်လို့သွားတော့အရက်ပါဧည့်ခံတယ်……ဘယ့်နှယ်မနက်စောစောစီးစီးအရက်မ
သောက်လို့မရဘူးလားမေးတော့….သောက်ရမယ်လို့ပြောလို့…..နှာခေါင်းပိတ်ပြီးမျိုလိုက်ရတယ်….ယမကာညနေ
စောင်း…….ဆိုပွဲပြီးပြီ…….
နောက်တစ်နေ့ပြန်မလို့ကားစောင့်နေတုန်းကိုစံဝင်းကလက်ဆောင်ပေးအုံးမယ်ဆိုပြီးထင်းရူးသားတစ်တုံးသွား
သယ်လာတယ်…..ဂီတ(ထွင်းအိုး)လုပ်ဘို့တဲ့ငသေးကတင်ရမယ့်ကားအခက်အခဲ……ရထားမှာသစ်တောအဖွဲ့ရဲ့ရစ်
မယ့်အခက်အခဲကိုကြည့်ပြီးငြင်းလိုက်တာကို ……၀ါးရင်းတုတ်နှင့်ကင်စန်းတို့ကပြောလို့မဆုံးတော့ဘူး…..စေတနာကို
စော်ကားတယ်…ဘာညာပေါ့…….
မြောက်ရွှေပုထိုးမှာနေရင်းတစ်ရက်မှာကုံလုံကျောင်းကိုရောက်သွားပါတယ်။ကုံလုံကျောင်းဆရာတော်ကိုဖူး
ရင်းနဲ့….ဆရာတော်ကဘူးသီးခြောက်(မြတ်စွာဘုရားရုပ်ပွားတော်သဏ္ဍန်)ထုတ်ပြပါသည်။
ထီးတင်မယ့်နေ့လာဘို့ဖိတ်ပါသည်။ဒီလိုနဲ့ထီးတင်မည့်နေ့မှာကုံလုံကျောင်းကိုသွားကြပါသည်။အနယ်နယ်ကလာ
ကြတဲ့လူတွေ၊လှည်းတွေ…..အဲဒီမှာထီးတော်ကိုဝါးဆိုင်းထမ်းနှင့်ကျောင်းသားအချို့ရယ်ရွာသားအချို့ရယ်ပင့်ဆောင်လာ
ပါတယ်။ဘုရားနားရောက်တော့ဆက်ပြီးပင့်လို့မသွားဘူးဖြစ်နေတယ်…..ငသေးကတအားကျုံးပြီးဆွဲတယ်
…ဒါလည်းပါမလာဘူး…….ဘယ်ပါမလဲရွာသားတွေကပြန်ဆွဲထားတာကိုး…..
လက်စသတ်တော့…ဟိုဆွဲ…သည်ဆွဲနဲ့ကစားနေကြ
တာဘဲ….ရွာဓလေ့ဘဲထင်ပါရဲ့…ဒါနဲ့အလိုက်သင့်ကစားရင်းမောလာတော့ထီးတော်ကိုတင်လိုက်ကြပါတယ်….
ဆရာတော်တစ်ပါးကပေါက်ပေါက်နဲ့အကြွေစေ့တွေကြဲချပါတယ်……
ကုံလုံဆရာတော်ဆိုတာမြန်မာပြည်မှာ……ဟိုးဟိုးမကျော်ခင်တည်းက……
ဒို့….ထီးတော်တင်ပေးခဲ့တာ …..လို့ ဂုဏ်ယူမယ်ဆိုရလောက်တယ်ထင်ပါရဲ့……….

 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ…
ဓမ္မဒူတ…
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

© Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit