Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

ဘ၀နှင့် ဓါးပြများ

ကျနော်တို့ငယ်စဉ်ဘ၀မှစ၍စီးပွားရေးလောကသို့ရောက်သည်အထိဘ၀တစ်လျှောက်လုံးမဆလစနစ်၏အောက်တွင်
ရှင်သန်ကြီးပြင်းခဲ့ရသည်။ကျနော်တို့မိဘများသည်လည်းမိသားစုဝမ်းရေးကိုမဆလစနစ်၏အောက်တွင်သာရှာဖွေ
ရုန်းကန်ခဲ့ရသည်။ငယ်စဉ်ဘ၀မှတ်မှတ်ရရအဖြစ်ဆုံးတစ်နေ့ရှိခဲ့ပါသည်။ကျနော်တို့မိသားစုအားလုံးမှီခိုအားထားနေရ
သောကုန်စုံဆိုင်လေးပြည်သူပိုင်အသိမ်းခံလိုက်ရခြင်းဖြစ်ပါသည်။
ပိုင်ဆိုင်သမျှအရင်းအနှီးများအားလုံးမရှိတော့ပါ။ပထမဆုံးအကြိမ်ဓါးပြတိုက်ခံလိုက်ရခြင်းဖြစ်ပါသည်။ရန်ကုန်
ကအဖေ့သူငယ်ချင်းတစ်ယောက်ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်သွားပါသည်။စက်ပစ္စည်းများတပ်ဆင်ပြီး
ကာစမလည်ပတ်ရသေးသောသူ့စက်ရုံအသိမ်းခံလိုက်ရသောကြောင့်ဖြစ်ပါသည်။
ပြည်သူပိုင်အသိမ်းခံလိုက်ရပြီးနောင်နှစ်အနည်းငယ်အတွင်းမှာလည်းစိတ်ထိခိုက်စရာအဖြစ်ထပ်ကြုံတွေ့ခဲ့ရ
ပြန်ပါသည်။ငွေစက္ကူငါးဆယ်တန်တစ်ရာတန်တရားဝင်သုံးစွဲခွင့်မပြုတော့ပါလက်ဝယ်ရှိနေသောငွေများကိုတစ်
အိမ်ထာင်လျှင်ငါးရာကျပ်သာပြန်လဲပေးခဲ့ပါသည်။
လူတစ်ယောက်၏ခင်မင်မှု၊ယုံကြည်စိတ်ချရမှု၊ရင်နှီးမှုများကိုအပေါ်ယံပေါင်းကြည့်ရုံဖြင့်မသိနိုင်ပါ.ငွေရေး
ကြေးရေးနှင့်ပတ်သက်လာလျှင်မိတ်ဆွေစစ်ဆိုတာတော်တော်ရှားပါသည်။အဖေရင်းနှီးသောသူငယ်ချင်းများကို
တစ်ယောက်ကိုငွေငါးရာစီပေး၍သွားလဲစေခဲ့ပါသည်။အဖေသူတို့ကိုအလကားမလုပ်ခိုင်းပါ။ရလာခဲ့လျှင်တစ်ယောက်ကို
နှစ်ရာ့ငါးဆယ်ပေးပါမည်ဟုကတိပေးထားခဲ့ပါသည်။တစ်ယောက်တစ်ဝက်သဘောမျိုးပါ။
ရွှေတစ်ကျပ်သားငါးဆယ်ခြောက်ဆယ်ခေတ်မှာအဖေရင်းနှီးသောသူငယ်ချင်းတော်တော်များများအဖေလဲ
ခိုင်းသောငွေများကိုပြန်မပေးကြတော့ပါ။ပြန်လဲလို့ရလာသောငွေများကိုသူတို့ငွေလို့ဘဲသဘောထားလိုက်ကြပါသည်၊
အဖေ့ငွေကိုပြန်မပေးကြသူများတွင်ဘုရားဂေါပကလူကြီးများ၊ဘုန်းကြီးကျောင်းကိုချောင်းပေါက်မတတ်သွားနေသူ
များလည်းပါနေတာကိုထူးဆန်းစွာတွေ့ရပါသည်။လောကကြီးသည်ထူးဆန်းလေစွနေ့စဉ်နာကြားနေကြသော
တရားဒေသနာတော်ကိုဘယ်ချောင်ထိုးထားလိုက်ပြီလဲလို့ကျနော်မေးလိုက်ချင်ပါသည်။ဒုတိယအကြိမ်အဖေဓါးပြအ
တိုက်ခံလိုက်ရပါသည်။
ငယ်ငယ်ကကျနော်နားလည်ထားသောမဆလစနစ်သည်အရာအားလုံးကိုနိုင်ငံတော်မှထိန်းချုပ်ထားပါသည်။
စီးပွားရေးလုပ်ငန်းကြီးများကိုပြည်သူများလုပ်ခွင့်မရှိပါ။နိုင်ငံတကာနဲ့အဆက်အဆံနည်းသော၊တံခါးပိတ်ထားသော
စနစ်ဟုနားလည်ထားပါသည်။ထိုစနစ်ကြောင့်တဖြေးဖြေးတိုင်းပြည်လိုအပ်ချက်ကြီးမားလာတာကိုကျနော်တို့ခလေး
ဘ၀မှာပင်ကြုံခဲ့ရပါသည်။
ငယ်စဉ်ကမိုးတွင်းချိန်စီးနေသောရာဘာဖိနပ်များနေရာမှာဆင်ကြယ်ဖိနပ်ဝင်လာပါသည်။ကြက်ဆင်ဖဲထီးနေရာတွင်
ခိုတံဆိပ်ခေါက်ထီးများဝင်လာပါသည်။ကျနော်တို့မြို့သည်နယ်စပ်မြို့လေးဖြစ်သောကြောင့်ရန်ကုန်မှပစ္စည်း များလွယ်
လွယ်ကူကူမရောက်နိုင်သလိုအားလုံး၏လိုအပ်ချက်များကိုလည်းပြည့်စုံအောင်မဖြည့်ဆည်းနိုင်ခဲ့ပါ။ထို့
ကြောင့်ကျနော်တို့အားလုံးဝတ်သောတက်ထရွန်အဖြူ၊ကျောင်းစိမ်းများ၊ခဲတံ၊စာအုပ်များမှအစအားလုံးကိုထိုင်းနိုင်ငံ
ထုတ်ပစ္စည်းများကိုသာအားကိုးနေရပါသည်။နယ်စပ်မှဝင်လာသောပစ္စည်းများသည်သွင်းကုန်လိုင်စင်မရှိဘဲဝင်လာ
သောကြောင့်ထိုပစ္စည်းများအားလုံးကိုမှောင်ခိုပစ္စည်းဟုအားလုံးကကင်ပွန်းတပ်လိုက်ကြပါသည်။အားလုံးလိုအပ်
ချက်ကြောင့်ဝင်လာရသောထိုမှောင်ခိုပစ္စည်းများကိုသွင်းကုန်လိုင်စင်နှင့်လည်းခွင့်မပြုခဲ့ပါ..တိုင်းပြည်လိုအပ်
ချက်ကြီးမားသောကြောင့်နယ်စပ်မြို့များသို့မှောင်ခိုပစ္စည်းများအလုံးအရင်းနှင့်ဝင်ရောက်လာပါသည်။

အပေါက်များရှိနေသောရေခွက်ကိုရေထဲနှစ်လိုက်ပါကအပေါက်များမှတဆင့်ရေတွေဝင်လာပါမည်။အပြင်
ရေထုနှင့်ညီမျှသွားပါကရေထပ်မ၀င်တော့ပါ။ထိုနည်းတူကျနော်တို့လိုအပ်ချက်ရှိနေသ၍မှောင်ခိုပစ္စည်းများအလုံး
အရင်းနှင့်ဝင်နေအုံးမည်သာဖြစ်ပါသည်။ထိုဝင်လာသောမှောင်ခိုပစ္စည်းများကိုတားဆီးရန်ရှာဖွေရေးများကိုတာဝန်
ပေးလိုက်ပါသည်။မှောင်ခိုပစ္စည်းများကိုရှာဖွေရေးများကတရားဝင်ဖမ်းဆီးပိုင်ခွင့်ရှိပါသည်။ထိုင်းနိုင်ငံထုတ်ပစ္စည်း
များကိုတင်သွင်းခြင်းကို ပြည်သူအများစုစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်လာကြပါသည်။
မိမိကိုယ်ပိုင်ငွေဖြင့်ဝယ်ယူတင်သွင်းလာသောပစ္စည်းများကိုပြန်လည်ရောင်းချခြင်းဖြင့်စီးပွားဖြစ်လာကြ
သလိုကံဆိုးသူများကရှာဖွေရေးနှင့်တွေ့ပြီးအသိမ်းခံလိုက်ရသောကြောင့်မွဲသွားသူများလည်းရှိပါသည်။မှောင်ခို
ပစ္စည်းများသည်ခိုးဆိုးလုယက်ခဲ့သောပစ္စည်းများမဟုတ်ပါ။ပြည်သူများကိုယ်ပိုင်ငွေဖြင့်ဝယ်ယူတင်သွင်းခဲ့သော
ပစ္စည်းများသာဖြစ်ပါသည်။
သွင်းကုန်လိုင်စင်မရှိဘဲသွင်းလာခဲ့သောကြောင့်ရှာဖွေရေးများကသဲကြီးမဲကြီးအလုအယက်လိုက်လံဖမ်း
ဆီးကြပါသည်။ရှာဖွေရေးများသည်လည်းဖမ်းဆီးရမိသောပစ္စည်းများကိုအနည်းငယ်ကိုသာတိုင်းပြည်ကိုပေးခဲ့ပြီး
အများစုကို ကိုယ့်အိတ်ထဲကိုထည့်ခဲ့ကြပါသည်။ငယ်ငယ်ကကျနော်တို့အားလုံးရှာဖွေရေးများကိုတရားဝင်ဓါးပြ
များဟုသတ်မှတ်ခဲ့ပါသည်။ထိုအချိန်မှစ၍ထိုင်းနိုင်ငံသည်ကျနော်တို့ထက်တဖြေးဖြေးပို၍ချမ်းသာလာပါသည်။
ဘေးပတ်ဝန်းကျင်ရှိခွက်နိုင်ငံများကြောင့်ချမ်းသာလာသောသူတို့ကိုအထင်ကြီးစရာမရှိပါ။
ကျနော်တို့လိုအပ်ချက်ကြီးကြီးမားမားကိုသူတို့ကဖြည့်ပေးနေဆဲပါ။ယုတ်စွအဆုံးအိမ်သာစက္ကူမှအစအိမ်မိုး
သွပ်၊စက်ယန္တယားများအဆုံးလိုအပ်ချက်များကိုဖြည့်ပေးနေသောသူတို့သည်သူတို့ထုတ်ကုန်များကိုပြိုင်ဘက်မရှိ
ကျနော်တို့တိုင်းပြည်ထဲကိုပို့နေသည်။ပြိုင်ဘက်မရှိကျနော်တို့ဈေးကွက်ကိုရထားသောသူတို့သည်ထိုအချိန်ကသူတို့
ကိုသူတို့အရမ်းအထင်ကြီးခဲ့ကြသည်။ကျနော်တို့ပြည်သူတွေလည်းရှာဖွေရေးများနှင့်လိုက်တမ်းပြေးတန်းကစားနေ
ရင်းတဖြေးဖြေးပရုပ်လုံးဘ၀ကိုရောက်လာခဲ့ရပါသည်။မျက်စိရှေ့မှာမြင်တာတွေကထိုင်းနိုင်ငံမှလုပ်ငန်းရှင်များနှင့်ရှာ
ဖွေရေးများပို၍ချမ်းသာလာကြပါသည်။ပြည်သူအများစုကလုံးပါး၊ပါးလာနေကြသည်။
ပြည်သူအများထဲမှကျနော်တို့သည်လည်းမှောင်ခိုအလုပ်နဲ့မကင်းခဲ့ကြပါ။ကျောင်းအားရက်များကျောင်းဆင်း
ချိန်များတွင်မြို့ပြင်မှမှောင်ခိုပစ္စည်းများကိုစက်ဘီးနှင့်သယ်လာပြီးမြို့ထဲဈေးမှာလာသွင်းရုံနှင့်ရလာသောငွေများသည်
မုန့်ဘိုးထက်မကများနေပါသည်။ရန်ကုန်မှာကျောင်းတက်နေစဉ်အတွင်းကျနော်တို့ရန်ကုန်လာလျှင်ဂျင်းဘောင်း
ဘီများသယ်လာလေ့ရှိပါသည်။ယူလာသောဂျင်းဘောင်းဘီများကိုစိန်ဂျွန်းဈေးမှာသွင်းလေ့ရှိပါသည်။နောက်ဆုံးနှစ်
မှာကျနော်တို့ပြိုင်ဘီးများကိုသယ်လာပြီးဗိုလ်ချုပ်ဈေးမှာသွင်းခဲ့ပါသည်။ထိုအချိန်ကပြည်လမ်းတစ်လျှောက်မှာပြိုင်
ဘီးစီးတာအရမ်းခေတ်စားခဲ့ပါသည်။ကျနော်တို့ကျောင်းပြီးချိန်မှာမဆလစနစ်သည်လည်းအရှိန်ကောင်းကောင်းနှင့်
ချီတက်နေဆဲ..ကျောင်းပြီးစသူငယ်ချင်းများထဲမှာမာစတာတန်းဆက်တက်သူများ၊နိုင်ငံခြားဘာသာစကားသင်
တန်းဆက်တက်သူများရှိသလို၊သင်္ဘောလိုက်သူများလည်းရှိခဲ့ပါသည်။ထိုအချိန်ကဘူမိဗေဒဓါတ်သတ္တုရှာဖွေရေးမှ
အလုပ်ခေါ်သောကြောင့်ကျနော်တို့ဘူမိဗေဒသူငယ်ချင်းတော်တော်များများဘဓရထဲရောက်သွားကြပါသည်။
နောက်ဆုံးနှစ်မှာနှစ်နှစ်နေခဲ့သောကျနော်ဘာအတန်းမှဆက်မတက်ဖြစ်တော့ပါ.
ကျနော့်ဇာတိနယ်စပ်မြို့ကလေးကမှောင်ခိုစီးပွားရေးနှင့်စည်စည်ကားကားဖြစ်နေသည်။အိမ်ပြန်ရောက်ခဲ့သော
ကျနော်ဒီလောကနှင့်နီးစပ်နေသောကြောင့်ဒီလောကထဲကိုဘဲရောက်ခဲ့ပါသည်။ထိုအချိန်ကမြ၀တီလမ်းကြောင်းမှ
ဆင်းလာသောပစ္စည်းများကိုကျုံဒိုးမှတစ်ဆင့်မော်လမြိုင်မိုင်ဒါဈေးကိုပို့ကြသည်။မိုင်ဒါဈေးမှတဖန်ရန်ကုန်သို့ဆက်
ကြပြန်သည်။ကျနော်တို့ပစ္စည်းများကိုကိုယ်တိုင်မသယ်ကြပါ။ကယ်ရီသမားဆိုသောအခကြေးငွေယူသောလူတန်းစား
တစ်ရပ်ပေါ်လာသည်။ပစ္စည်းတန်ဘိုးငွေကိုတင်ထားသည်။လမ်းမှာဖြစ်သမျှသူတို့လျှော်မည်။ကယ်ရီခကိုသူတို့ကိုပေးရမည်။
ကယ်ရီသမားဘ၀သည်နှဲသမားလိုပါဘဲ။ကာစတန်ရှာဖွေရေးနှင့်လိုက်တမ်းပြေးတမ်းကစားနေကြသည်။သုံးလေးခေါက်လွတ်ခဲ့
လျှင်အိတ်ဖောင်းလာပြီးတစ်ခေါက်ထိသွားပြီဆိုရင်ပြန်ပိန်သွားပြန်ပါသည်။
ပစ္စည်းအကျများရင်တော့သူတို့ထိသမျှကျနော်တို့လည်းခံပေတော့.တင်ထားတဲ့ငွေထက်ပိုနေလျှင်သူ
တို့လည်းမလျှော်နိုင်တော့ပါ။ဒီအချိန်ကျရင်ကျနော်တို့လည်းထိပြီဂျိုင်းမြစ်ကြောင်းအတိုင်းစုံဆင်းလာသောကျုံ
ဒိုးသင်္ဘောပေါ်မှာမှောင်ခိုပစ္စည်းတွေအပြည့်ပါလာသည်။သင်္ဘောထွက်ပြီးမကြာခင်မှာကျုံဒိုးကာစတန်တွေ
ပဲ့ချိတ်လှေနဲ့လိုက်လာပြီးတွေ့သမျှမြင်သမျှပစ္စည်းတွေကိုသူတို့စက်လှေထဲထည့်သည်။လှေတစ်စီးစာပြည့်ပြီ
ဆိုလျှင်ပြန်လှည့်သွားကြသည်။
ကျုံဒိုးသင်္ဘောကဆက်လက်စုန်ဆင်းလာနေသည်။ကျိုက်မရောရှာဖွေရေးဟေ့..အော်ဟစ်လိုက်တဲ့
အသံကြောင့်သင်္ဘောတစ်စီးလုံးတုန်လှုပ်သွားပါသည်။ပဲ့ချိတ်နှစ်စီးနှင့်ကျိုက်မရောရှာဖွေရေးတဲ့.ဘာယူနီဖောင်းမှမပါ ကြပါ.
ဖောင်းအစ်နေသောမျက်နှာ၊ရီဝေနေသောအရက်မျက်လုံး၊တသင်းသင်းနှင့်အရက်နံ့တွေကသူတို့ကိုယ်
တွေမှာ.သူတို့ကအရိုင်းစိုင်းတွေပမာလူကိုယ်ပေါ်ကပစ္စည်းတွေရော၊စီးထားတဲ့ဖိနပ်ပါမကျန်လုယူကြသည်။
လှေနှစ်စီးပြည့်လျှင်သူတို့လည်းပြန်လှည့်ပြန်ကြသည်။
မော်လမြိုင်ကိုလှမ်းမြင်နေရသောဇာသပြင်ကိုရောက်လာပြီ.ထိုစဉ်ပဲ့ချိတ်တစ်စင်းဒုန်းမောင်းလာသည်။
ပထမလူတွေကဒီအတိုင်းကြည့်နေကြသည်။တဖြေးဖြေးနီးလာပြီ.အသက်ကယ်အကျီ င်္ဝတ်ထားသောကာကီရောင်ယူ
နီဖောင်းကိုမြင်တော့.မော်လမြိုင်ကာစတန်ဟေ့
ထုံးစံအတိုင်းလုယက်ကြပြန်ပါသည်၊တောင်းပန်သံများ၊အော်ဟစ်သံများ၊ကြိမ်းမောင်းသံများ
လှေတစ်စီးပြည့်ပြီဆိုလျှင်သူတို့လှည့်ပြန်သွားကြပြန်ပါသည်။သင်္ဘောပေါ်တွင်ပြည်သူများ၏ငိုယိုနေသောအသံများ
သာကျန်နေခဲ့ပါသည်။တစ်ခါတစ်ရံမဟုတ်ပါ..နေ့စဉ်ပြည်သူတွေကိုဓါးပြတိုက်နေသောမြင်ကွင်းများ
မှောင်ခိုပစ္စည်းဆိုတာပြည်သူတွေခိုးဆိုးလုယူခဲ့သောပစ္စည်းများမဟုတ်ပါ.မိမိကိုယ်ပိုင်ငွေနှင့်ဝယ်ခဲ့သော
ပစ္စည်းများ၊ပြည်သူများလိုအပ်နေသောပစ္စည်းများဖြစ်ပါသည်။
ထိုအချိန်ကမော်လမြိုင်သည်မှောင်ခိုမြို့တော်ဖြစ်ခဲ့သည်။ဝင်ပေါက်အားလုံးမှဝင်သောပစ္စည်းများမော်လမြိုင်
မိုင်ဒါဈေးမှာလာစုကြသည်။မြ၀တီလမ်းကြောင်း၊ကော့သောင်းလမ်းကြောင်း၊ဘုရားသုံးဆူလမ်းကြောင်း၊စင်ကာပူ၊ပီနံ
စက်လှေလမ်းကြောင်းအားလုံးမော်လမြိုင်မှာလာဆုံကြသည်။ပြီးမှတဖန်ရန်ကုန်သို့ဆက်တက်ကြသည်။
ကျနော့်ဘ၀သည်မိုင်ဒါဈေးမှစခဲ့ပါသည်။ကျနော်တို့မြို့လေးမှာရှိစဉ်က ညီအစ်ကိုတွေအမျိုးတွေစုပြီးလုပ်ခဲ့ကြ
သည်။မိုင်ဒါဈေးမှာကျနော်တစ်ယောက်တည်းအဖေပေးသောငွေနှင့်စီးပွားရေးလောကထဲဝင်လာခဲ့ပါသည်။
ထိုခေတ်ကလူငယ်အများစုဆိုင်ကယ်အရူးအမူးစွဲလန်းကြသည်။ကျနော်လည်းဆိုင်ကယ်ရူး ရူးခဲ့ပါသည်။သို့သော်ကျနော်
ဝယ်မစီးနိုင်ခဲ့ပါ။အဖေပေးသောငွေဆိုင်ကယ်တစ်စီးဝယ်စီးရန်မလောက်သောကြောင့်ဖြစ်ပါသည်။ကျနော်အားမ ငယ်ခဲ့ပါ။
လမ်းလျှောက်ပြီးအလုပ်လုပ်ခဲ့ပါသည်။
မော်လမြိုင်ရထားကြီးသည်နေ့စဉ်ပုံမှန်ပြေးဆွဲလျှက်ရှိနေသည်။မုတ္တမဘူတာမှထွက်လျှင်ထုံးစံအတိုင်းမှောင်
ခိုပစ္စည်းတွေအပြည့်..ဒါပေမယ့်လမ်းမှာ.မော်လမြိုင်ကာစတန်၊သထုံရှာဖွေရေး၊ကျိုက်ထိုရှာဖွေရေး၊ရန်ကုန်ကာစတန်တွေစောင့်ပြီး
လုကြယက်ကြပြန်ပြီ..မော်လမြိုင်ရထား၊ကျုံဒိုးသင်္ဘောနဲ့အတူတူပါဘဲ.နောက်ဆုံးမှာပြည်သူ
များ၏မျက်ရည်များနှင့်ငိုကြွေးသံများသာကျန်ရစ်ခဲ့ပါသည်။ငွေကြေးကုန်သွားသောကယ်ရီသမားအချို့ကကာစတန်
သတင်းပေးအဖြစ်အသားထဲကလောက်ဖြစ်သွားကြပါသည်။
လမ်းလျှောက်တတ်ကာစ ယိုင်တိယိုင်တိုင်ကလေးတစ်ယောက်ကိုလူကြီးတစ်ယောက်အရှိန်နှင့်ဝင်တိုက်
လိုက်သောအခါ ခလေးခမျာမရှုမလှလွင့်ထွက်သွားရပြီးခွေးကျကျသွားရရှာပါသည်။စီးပွားရေးမှာလမ်းလျှောက်တတ်
ကာစကျနော့်ဘ၀သည်လည်းတစ်ရာတန်တရားမ၀င်ကြေငြာချက်ကြောင့်မှောက်ရက်လဲခဲ့ရပါသည်။ကျောင်းပြီးကာစဘဝ
တူသူငယ်ချင်းတွေအားလုံးမရှုမလှခံလိုက်ကြရပါသည်။
အဖေ့နည်းတူကျနော်လည်းဓါးပြအတိုက်ခံလိုက်ရပြန်ပါသည်။ဖြစ်ချင်တာဖြစ်ခွင့်မရှိသောအခြေအနေ၊စီးပွား
ရေးကိုတရားဝင်လုပ်ချင်ပါသော်လည်းလုပ်ခွင့်မရှိသောကြောင့်ကျနော်တို့အားလုံးမှောင်ခိုသံသရာထဲမှာဘဲပြန်ကျင်
လည်ခဲ့ရပါသည်။အရင်းအနှီးငွေကလည်းနဂိုကမှများများစားစားမရှိခဲ့ပါ။ဒီအခြေအနေနှင့်ဆုံခဲ့သောအခါလက်ထဲမှာငွေနဲနဲဘဲ
ရှိပါတော့သည်။အများနည်းတူဖြစ်ခဲ့ရသောကြောင့်စိတ်ပျက်အားငယ်နေ၍လည်းဘာမှမထူးလာတော့ပါ။
မရှိမဲ့ရှိမဲ့ငွေတွေကိုပြန်စု၊အရင်းအနှီးနဲနေပြီဖြစ်သောကြောင့်ညီအစ်ကိုတွေပြန်စုပြီးဘ၀သစ်စရပြန်ပါသည်။
အစ်ကိုတွေကတောင်ဥက္ကလာဆယ်ရပ်ကွက်ဈေးမှာထိုင်သည်။ကျနော်ကမိုင်ဒါဈေးမှပစ္စည်းပို့သည်။ရှာဖွေရေး၊ကာစတန်၊
ကယ်ရီသမား ဒီဝဲဂယက်ထဲကရုန်းမထွက်နိုင်သေးပါ။လုပ်ငန်းတွေပြန်အရှိန်ရလာချိန်မှာကျနော်တို့လည်းပြန်အ
ဆင်ပြေလာကြပါသည်။ဒါပေမယ့်ဒီအခြေအနေလည်းသိပ်ကြာကြာမနေလိုက်ရပါ။နောက်တစ်ခါကျနော်တို့ဓါးပြအ
တိုက်ခံလိုက်ရပြန်ပါသည်။ခုနှစ်ဆယ့်ငါးကျပ်တန်၊သုံးဆယ့်ငါးကျပ်တန်တရားမ၀င်ထပ်ကြေငြာပြန်ပါသည်။
ဒီတစ်ခါတော့အရင်ကထက်ပိုထိပါသည်။ငွေမရှိသော်လည်းပစ္စည်းများကိုအကြွေးနှင့်ရောင်းထားသောကြောင့်
အကြွေးပေးမည့်သူများအမျိုးမျိုးညစ်နေကြပါသည်။နေ့စဉ်အကြွေးလိုက်သိမ်းလျှင်ရောင်းမကောင်းဘူးနောက်နေ့မှယူပါလို့
ပြောကြတဲ့သူတွေခုနှစ်ဆယ့်ငါးကျပ်တန်ကြေငြာပြီးနောက်မှာခုနှစ်ဆယ့်ငါးကျပ်တန်တွေနှင့်သူတို့အကြွေးကိုချေခိုင်းသညါ။
တရားမ၀င်သောငွေကိုကျနော်တို့လက်မခံနိုင်ပါနှစ်ဦးနှစ်ဘက်ညှိုနှိုင်းချက်အရအကြွေးစာရင်းများကိုတစ်လလျှင်
ဘယ်လောက်နှုန်းပေးပါမည်ဟူသောသဘောတူညီချက်ရခဲ့ပါသည်။
သို့သော်အချိန်ကြာလာသည်နှင့်အမျှသူတို့တွေကတိပျက်လာကြသည်။တဖြေးဖြေးနှင့်ကျနော်တို့အကြွေးတွေဆုံးရှုံးစပြုလာပြီ..
ဒီနောက်ပိုင်းအလုပ်လုပ်၍သိပ်မကောင်းတော့ပါ။နိုင်ငံရေးမတည်မငြိမ်မှုခဏခဏဖြစ်ပေါ်လာသည်။
ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ်ကျနော့်ဘ၀တွေကလုပ်စရာရှိတာကိုဆက်လုပ်နေရပါသည်။နိုင်ငံရေးသည် လည်းတအုံနွေးနွေး
နှင့်ကြာလာသော်ရှစ်လေးလုံး မှာထပေါက်ကွဲပါတော့သည်။ဘယ်သူမှစီးပွားရေးမလုပ်နိုင်ကြ
တော့ပါ။ဂိုဒေါင်ဖေါက်မှုတွေဖြစ်လာတော့ပစ္စည်းများကိုနေအိမ်သို့ပြောင်းရွေ့ထားရသည်။ကျနော်တို့အကြွေးနှင့် ရောင်းထားသူ
တွေကျနော်တို့ပစ္စည်းတွေကိုကားနှင့်တင်ပြီးလမ်းတကာလှည့်ပြီးလျှော့ဈေးတွေနဲ့လိုက်ရောင်းနေတာ
တွေ့ခဲ့ရပါသည်။ခုနှစ်ဆယ့်ငါးကျပ်တန်ဖြစ်ကတည်းကအကြွေးများကိုရှစ်လေးလုံးအရေးအခင်းဖြစ်လာချိန်မှာကျနော်တို့ကို
ပြန်မဆပ်တော့ပါ။
သူတို့လက်ထဲမှာရှိသောပစ္စည်းများကိုလည်းတခြားမှာရောင်းစားလိုက်ပါပြီ
ဒီတစ်ခါဓါးပြတိုက်ခံထိတာအဆိုးဆုံးပါဘဲ။မွေးကတည်းကကျနော်တို့အကြိမ်ကြိမ်အခါခါဓါးပြတိုက်ခံခဲ့ရပါသည်။
ကျနော်တို့ဘ၀မှာမွေးကတည်းကဓါးပြတွေနှင့်မကင်းခဲ့ပါ။ကျနော်တို့လို ဓါးပြတိုက်ခံထိသောသူငယ်
ချင်းတစ်ယောက်အကြောင်းကိုပြောပြချင်ပါသည်။ကျနော်မိုင်ဒါဈေးရောက်ကတည်းကခင်ခဲ့သောသူငယ်ချင်းတစ်
ယောက်ရှိခဲ့ပါသည်။ဦးချော့ကလက်ဟုခေါ်သောမွန်လူမျိုးတစ်ယောက်ဖြစ်ပါသည်။သူ၏နာမည်မှာရီစရာကောင်း
သလိုသူသည်လည်းဟာသအလွန်ပြောတတ်သည်။သူ့ကိုမွန်အသိုင်းအ၀ိုင်းကမသိသူမရှိသလောက်ပင်၊အရင်းအနီး
ငွေကလည်းနဲနဲ၊လုပ်ချင်တာတွေကလည်းများများ၊စိတ်ထဲမှာဖြစ်ချင်တာတွေမဖြစ်သေးချိန်စိတ်ဓါတ်ကလဲကျနေချိန်
ဦးချောကလက်သည်သူကျင်လည်ခဲ့သောသူ့ဘ၀မျိုးစုံအကြောင်းကိုဟာသနှောပြီးပြောပြလေ့ရှိပါသည်။သူ့ရဲ့ဟာသ
တွေကကျနော့်စိတ်ကိုပြန်လန်းဆန်းစေခဲ့ပါသည်။သူသည်ကျနော့်ထက်အသက်နဲနဲကြီးသောကြောင့်မွန်ဘာသာနှင့်
ဦးလေးလို့အဓိပ္ပါယ်ရသောအမူးလို့ခေါ်ခဲ့ပါသည်။မွန်လူမျိုးစစ်စစ်ဖြစ်သောအမူး၏မွန်သံဝဲနေသောဟာသများသည်
ဒီနေ့လူရွင်တော် မေတ္တာ၊၀က်မ တို့ထက်ရီစရာပိုကောင်းပါသည်။
စီးပွားရေးအတွေ့အကြုံနဲနေသောကျနော်ကိုစိတ်ဓါတ်ကောင်းမွန်သောကုန်သည်များနှင့်မိတ်ဆက်ပေးခဲ့ပါသည်။
အမူးကိုကျနော်အရမ်းကျေးဇူးတင်ပါသည်။ထိုအချိန်ကအရင်းအနှီးနဲသောသူများသည်မှောင်ခိုစက်လှေလိုင်းများမှာ
ငွေရှယ်ယာသဘောမျိုးထည့်လေ့ရှိပါသည်။ထိုခေတ်ထိုအချိန်ကကျနော်တို့မိုင်ဒါဈေးမှာငွေရှယ်ယာထည့်တာတွေ
ခေတ်စားပါသည်။ဆယ်ပြားစား၊ပြားနှစ်ဆယ်စား။တစ်မတ်စားစသည်ဖြင့်လမ်းကြောင်းအသီးသီးလူတွေနှုန်းအသီးသီး
နှင့်ငွေရှယ်ယာထည့်သူများကိုပေးလေ့ရှိပါသည်။ဥပမာအားဖြင့်ဆယ်ပြားစားဆိုတာ ငွေတစ်သောင်းထည့်
သူကိုတစ်သောင်းတစ်ထောင်ပြန်ထုတ်ပေးခြင်းဖြစ်သည်။ကျနော်တို့လိုအရင်းနဲသူတွေထည့်လေ့ရှိသည်။ကိုယ်ငွေ
ထည့်ပေးလိုက်သူ၏ရာဇ၀င်၊စိတ်နေသဘောထားကိုလည်းလေ့လာဘို့လိုသည်။စိတ်ဓါတ်မကောင်းသူကိုထည့်ပေးလိုက်ပါက
ပြန်မလာဘဲဖြစ်တတ်သည်။ကျနော်တို့ကအများအားဖြင့်စက်လှေလိုင်းမှာငွေထည့်လေ့ရှိပါသည်။
ကျနော့်သူငယ်ချင်းတစ်ယောက်ပြားသုံးဆယ်ပေးမည်ဟူသောစက်လှေတစ်စီးမှာငွေထည့်လိုက်ပါသည်။သူ လောဘတက်ပြီး
ပုံမှန်ထက်ပိုပေးနေသောစက်လှေအကြောင်းမစုံစမ်းတော့ပါ။လှေပြန်အ၀င်မှာသူ့လှေဖမ်းခံထိ သည်။လှေပေါ်မှာအခြားပစ္စည်းဘာမှမပါ။
ပီနံအိတ်ခွံအဟောင်းများကိုသာတင်ခဲ့သည်။ပစ္စည်းမပါဗလာစက်လှေကိုတစ်ဖက်လှည့်နှင့်သတင်းပေးပြီးရှယ်ယာထည့်ထား
သောငွေများကိုလှေရှင်ကဓါးပြတိုက်လိုက်ခြင်းဖြစ်ပါသည်။
ကျနော်သည်ဦးချောကလက်မိတ်ဆက်ပေးသောလှေစာရေးကိုချိန်၏စက်လှေမှာငွေထည့်ပေးလေ့ရှိပါတယ်။
ကိုချိန်သည်စိတ်ဓါတ်ကောင်းမွန်သည်။ဘာသာရေးကိုင်းရှိုင်းသည်။မွန်ရိုးရာအယူကြီးသည်။သူ၏စက်လှေမှာရေချ
တာမကြာသေးသောကြောင့်စိတ်ချရသည်။သက်တမ်းရှည်လှေအိုကြီးတွေဟာစိတ်မချရတော့ပါ။လှေစာရေးကိုချိန်လိုမျိုးစိတ်ချရသော
သူနှင့်တွဲလုပ်ဖို့ဦးချောကလက်တိုက်တွန်းခဲ့သောကြောင့်ကျနော်လုပ်ခဲ့ခြင်းဖြစ်ပါသည်။တစ်ကယ်တော့ကျနော်ပင်လယ်နှင့်မနီးစပ်သူပါ။
စက်လှေအကြောင်းကိုလည်းကျနော်သိပ်မသိပါ။ပင်လယ်နှင့်မနီးစပ်သော
ကြောင့်သူပြောပြသောပင်လယ်ရေကြောင်းအတွေ့အကြုံများသည်ကျနော့်အတွက်အထူးအဆန်းဖြစ်နေပါသည်။
မလက္ကာရေလက်ကြားမှပင်လယ်ဓါးပြများအကြောင်း၊လူတွေကိုလှေဝမ်းထဲပိတ်လှောင်ပြီးလှေမြှပ်ပြစ်တာကြားပြီး
ထိတ်လန့်တုန်လှုပ်မိပါသည်။ပျောက်ချင်းမလှပျောက်သွားသောသူ့သူငယ်ချင်းများအကြောင်းကြားမိပြီးစိတ်မ
ကောင်းဖြစ်ရပါသည်။သူပြောပြသောပင်လယ်ရေကြောင်းခရီးစဉ်သည်လည်းစိတ်ဝင်စားစရာကောင်းနေပါသည်။
ပုံမှန်ရေမိုင်နှုန်း၈မိုင်နှုန်းနှင့်အနောက်စူးစူး၂၇၀ဒီဂရီအတိုင်း၂နာရီခွဲမောင်းပြီးရင်နိုင်ငံတကာရေပိုင်နက်ထဲရောက်ပြီ။
ထိုမှ၂၂၅ဒီဂရီအတိုင်း၁၀နာရီမောင်းရင်လောင်ဂျီတွဒ်၉၆ဒီဂရီကိုရောက်မည်။ရာသီဥတုကြောင့်သော်၎င်း၊
စက်အင်ဂျင်ကြောင့်သော်၎င်း၊အချိန်နောက်ကျတတ်ပါသည်။လောင်ဂျီတွဒ်၉၆ဒီဂရီသည်အရေးကြီးသည်။
ထိုအချိန်ကဂျီပီအက်စ်တွေမရှိသောကြောင့်ပဲ့နင်းကြီးများ၏အတွေ့အကြုံနှင့်လောင်ဂျီတွဒ်၉၆ဒီဂရီကိုရောက်အောင်
မောင်းရသည်။လောင်ဂျီတွဒ်၉၆ရောက်လျှင်၁၈၀ဒီဂရီအတိုင်း၄၅နာရီထပ်မောင်းရသည်။၄၅နာရီပြည့်လျှင်၁၃၅ဒီဂရီ
ပြောင်း၍၁၅နာရီထပ်မောင်းလျှင်ပဲ့နင်းကြီးအခေါ်ကျွန်းဖြူကိုတွေ့ရပြီ။ကျွန်းဖြူအနီးမှာကမ်းလွန်အချက်ပြဗော်ယာ
တွေရှိသည်။အချက်ပြမီး၎ချက်မှာတစ်ကြိမ်မှိတ်တိုတ်မှိတ်တိုတ်အချက်ပြနေသောဗော်ယာကို၎ချက်ပြမီးဗော်ယာဟု
ခေါ်ကြသည်။၎ချက်ပြမီးဗော်ယာရောက်လျှင်၁၁၅ဒီဂရီပြောင်းပြီးဆက်ထွက်လာလျှင်၃ချက်ပြမီးဗော်ယာကိုတွေ့မည်၊
မလက္ကာရေလက်ကြားရောက်နေပြီ။၁၁၀ဒီဂရီပြောင်းပြီးဆက်ထွက်လာလျှင်၂ချက်ပြမီးဗော်ယာဆက်တွေ့မည်။
ဆက်သွားလျှင်၁ချက်ပြမီးဗော်ယာကိုတွေ့မည်။၁၀၀ဒီဂရီတည့်တည့်မောင်းလျှင်စင်္ကာပူရေပိုင်နက်ကိုရောက်ပြီ။
အားလုံးအချိန်၅ရက်ကြာပါသည်။သူ့ခရီးစဉ်အကြောင်းပြောပြခဲ့ဘူးပါသည်။ကိုချိန်နှင့်ကျနော်ကံစပ်သည်။လုပ်ခဲ့သမျှ
အားလုံးအဆင်ပြေခဲ့သည်။
စက်လှေနှင့်ပတ်သက်၍ကျနော်သိသရွေ့ပြောရရင်စက်လှေမှာအဓိကလူနှစ်ဦးရှိပါသည်။ပဲ့နင်းကြီးနှင့်စက်လှေစာရေးဖြစ်သည်။
ပဲ့နင်းကြီးသည်ပင်လယ်ထဲမှာလိုရာခရီးရောက်အောင်စက်လှေကိုမောင်းနှင်
နေသူ၊လှေစာရေးကအသွားအပြန်ကုန်ပစ္စည်းများကိုဝယ်ယူတင်ဆောင်ရန်ဆုံးဖြတ်ရသူဖြစ်သည်။စက်လှေဘေး
အန္တရာယ်ကြုံလာပါကပဲ့နင်းကြီးမှာဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ကုန်ပစ္စည်းများမှာခြင်း၊၀ယ်ခြင်း၊စီးပွားရေးနှင့်ပတ်သက်
လျှင်လှေစာရေး၏အဆုံးအဖြတ်ဖြစ်ပါသည်။စက်လှေသည်စီးပွားရေးအရသွားလာခြင်းကြောင့်လှေဝင်လှေထွက်များကို
လှေစာရေးကဆုံးဖြတ်ပါသည်။အလုပ်လုပ်တာနဲနဲကြာလာသောကြောင့်ကိုချိန်မိသားစုနှင့်ကျနော်တစတစရင်းနှီးလာပါသည်။
မွန်လူမျိုးဖြစ်သောကိုချိန်မိသားစုဘာသာရေးကိုင်းရှိုင်းသည်။မွန်ရိုးရာအယူများကိုယုံကြည်သည်။ဓလေ့ရိုးရာများကိုလည်း
လုပ်လေ့ရှိသည်။ပင်လယ်ရေကြောင်းလုပ်နေသောကြောင့်ဝါ၀င်ဝါထွက်မှာဦးရှင်ကြီးတင်လေ့ရှိသည်။
သူ့လှေပေါ်မှာအရက်၊၀က်သား လုံးဝခွင့်မပြုသူ့မိသားစုအလှူတွေရှိရင်ကျနော်တို့ကိုအမြဲခေါ်လေ့ရှိသည်။
ဒီတစ်ပတ်ထဲမှာသူလှေထွက်တော့မည်။အသွားကုန်စုနေတာလှေပြည့်တော့မည်။ပြဿဓါး၊ရက်ရာဇာတွေ ရှောင်၊
ကောင်းသောရက်ကိုရွေးပြီး၊လှေထွက်မည့်ရက်ကိုသတ်မှတ်လိုက်ပြီ၊စင်ကာပူပွဲရုံနှင့်လည်းဖုံးချိတ်ပြီးပြီ.
ဒီနေ့လှေထွက်မည့်နေ့ရောက်ပြီ၊ကျနော်တို့ကအန္တရာယ်ကင်းဘေးရှင်းအောင်ဝိုင်းဆုတောင်းနေကြပါသည်။ညရှစ်
နာရီလောက်ကျနော်တို့ဆီကိုဦးချောကလက်ရောက်လာသည်၊ကိုချိန်ဆုံးသွားပြီသူ့စက်လှေအထွက်မှာ
ဓါးပြတိုက်ခံရသည်။ဓါးပြကျည်ဆံထိပြီးကိုချိန်ဆုံးရသည်။အလောင်းသံဖြူဇရပ်ဆေးရုံရောက်နေပြီလို့ပြောပြပါသည်။
ကျနော်အရမ်းအံ့သြ၀မ်းနဲမိပါသည်။ကျနော့်ငွေကိုမနှမြောပါ။သူ့လိုစိတ်ကောင်းရှိသူတစ်ယောက်ဆုံးရှုံးသွား
ရသောကြောင့်ဖြစ်ပါသည်။ဓါးပြတိုက်ခံရလျှင်ပစ္စည်းဥစ္စာ၊ငွေများသာ ဆုံးရှုံးလေ့ရှိသည်။ဒီတစ်ခါ ဓါးပြသေနတ်နှင့်
ကိုချိန်အသက်ပါ၊ပါသွားသောကြောင့်ကျနော်အရမ်းဝမ်းနဲခဲ့ရပါသည်။
စက်လှေနေ့လည်ဆယ့်နှစ်နာရီမှာထွက်မည်။မထွက်မီထုံးစံအတိုင်းဦးရှင်ကြီးတင်သည်။လေမတိုက်လှိုင်းမ ပုတ်ဘဲနှင့်
ဦးရှင်ကြီးကျောင်းဆောင်ဝုန်းကနဲလဲကျသွားသည်။အားလုံးနိမိတ်မကောင်းသောကြောင့်ထွက်သော
ရက်ကိုနောက်ဆုတ်ချင်နေသည်။တွေဝေစဉ်းစားနေသောကိုချိန်ထွက်မည်ဟုဆုံးဖြတ်လိုက်သောကြောင့်ထွက်
ခဲ့ကြတာပါ။လှေထွက်ပြီးတစ်နာရီလောက်ချောင်းရိုးထဲမှာဘဲရှိသေးသည်။ပင်လယ်ထဲကိုမရောက်သေးပါ။
မျက်နှာချင်းဆိုင်မောင်းဝင်လာသောပဲ့ချိတ်လှေပေါ်မှဓါးပြသေနတ်ကြောင့်ကိုချိန်ဆုံးခဲ့ရတာပါ။မျက်နှာ
ဖုံးစွပ်ဓါးပြတွေကလိုချင်တာရှာဖွေယူပြီးပင်လယ်ဘက်ပြန်ထွက်သွားကြပါသည်။အသုဘမှာလှေသားတွေပြော
နေကြတာပါ။ရိုးရာအယူကြီးသောကိုချိန်သာမန်အချိန်မှာလှေထွက်မည့်ရက်နောက်ဆုတ်လိုက်မှာအသေအချာ
ဒါပေမယ့်မိုင်ဒါဈေးမှာစင်ကာပူနဲ့ဖုံးချိတ်တုန်းကဘယ်နေ့၊ဘယ်ရက်၊ဘယ်အချိန်မှာဆုံရပ်ကိုအရောက်လာခဲ့မယ်
လို့ကျနော်ကိုချိန်ပြောနေတာတွေကိုကြားခဲ့ပါသည်။လှေထွက်ပြီး၅ရက်ဆိုငါတို့ဆုံရပ်ကိုရောက်ပြီတဲ့..ကျနော်တို့
အားလုံးကိုလည်းပြောခဲ့သည်။ဆုံရပ်မှာတွေ့ရမယ့်အချိန်လွဲမှာစိုးသောကြောင့်နိမိတ်ပြခဲ့တာကိုဥပေက္ခာပြုပြီးဇွတ်
ထွက်ခဲ့သူ၊အချိန်အတိအကျနှင့်ဈေးပြောထားသောပစ္စည်းကိုနောက်ကျလို့မဖြစ်တဲ့အတွက်ဇွတ်ထွက်ခဲ့ရသူ၊ရှယ်ယာ
ထည့်ကြတဲ့သူတွေအားလုံးအမြတ်များများရပါစေတော့စေတနာနဲ့ပြနေတဲ့နိမိတ်ကိုကိုယ်နဲ့ရင်းပြီးဇွတ်ထွက်ခဲ့သူ..
ဘ၀မှာအကြိမ်ကြိမ်ဓါးပြတိုက်ခံထိဖူးပါသည်။လူမသေငွေမရှားပါ၊အားလုံးကိုငှဲ့ပြီးပြနေတဲ့နိမိတ်ကိုကျောခိုင်း၊
အသက်ပေးပြီးဓါးပြအတိုက်ခံလိုက်ရသောကျနော့်သူငယ်ချင်းကိုကျနော်အမြဲသတိရနေမှာပါ.
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit