Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

တောသူကြီး

မြူမှုံမြူနှင်းတွေ ဝေနေတဲ့ဒီဇင်ဘာနံနက်ခင်းလေး..
တက္ကသိုလ်ဓမ္မာရုံကြီးထဲမှာဘူမိဗေဒဆရာကန်တော့ပွဲကျင်းပရန်ကြိုတင်ပြင်ဆင်နေကြတယ်..
စောနေသေးသောကြောင့်လူမစုံသေးပါ၊ဦးစီးဆောင်ရွက်နေသောကျောင်းသားဟောင်းများသာရောက်နေကြသေးသည်။
မြူနှင်းမှုံနေသော ရန်ကုန်တက္ကသိုလ်ဝင်ပေါက်ထိပ်နားမှာ ကျနော်တို့စာသင်ခဲ့ကြသော မန္တလေးဆောင်ကြီးက ကျနော်တို့ကိုငဲ့စောင်းပြီး ကြည့်နေသလိုမျိုးပြန်ခံစားနေရပါတယ်..
လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်တုန်းကမန္တလေးဆောင်ကြီးပေါ်မှာကျနော်တို့ပျော်ပျော်ပါးပါးစာသင်ခဲ့ကြတယ်
ရှမ်းပြည်တောင်ပိုင်းကိုနှစ်တိုင်းကွင်းဆင်းခဲ့ကြတယ်ပျော်စရာအတိတ်တွေက တရိပ်ရိပ်ပြန်ပေါ်လာတယ်.
ဟိုးအချိန်တုန်းကနုနု နယ်နယ်ဘ၀ အခုတော့ ဘ၀အတွေ့အကြုံရင့်ကျင့်လာတဲ့ဘ၀.. နှစ်တိုင်းသူငယ်ချင်းတွေပြန်ဆုံကြတဲ့ပွဲကို အမြဲတမ်းမျော်လင့်နေခဲ့မိတယ်..
သူငယ်ချင်းတွေပြန်ဆုံကြရင်အရင်ကျောင်းသားဘ၀ပြန်ရောက်သွားသလိုမျိုးခံစားရပါတယ်. စိတ်တွေပြန်နုပျိုလာပါတယ်..
ဟေ့ ဟေ့. စောစောစီးစီး ဟိုမှာ ဆရာတစ်ယောက်လာနေပြီ.
ဒီဇင်ဘာမြူနှင်းများကြားထဲကတရွေ့ရွေ့လာနေသောထိုဆရာကိုဓမ္မာရုံဝင်ပေါက်ထိပ်မှာလှမ်းတွေ့လိုက်ရပါတယ်
သိုးမွှေးဦးထုပ်ကိုဆောင်း၊ပင်နီကြမ်းလိုလိုတိုက်ပုံဝတ်ထားတယ်၊အအေးဒဏ်ကာကွယ်ရန်လည်ပင်းမှာလည်းမာဖလာပတ်ထားသေးတယ်
ဘယ်သူလဲကျောင်းသားလား..ဆရာလားကြည့်ပါလား.ဒီဒီဇိုင်းက ကျောင်းသားဖြစ်နိုင်မလား..၀ိုင်းတွဲလိုက်ကြပါအုံး.. လက်ထဲက ဒုတ်ကောက်ကိုထောက်ရင်း ဖြေးဖြေးချင်းလှမ်းလာနေတယ် ခဏရပ်ပြီးမန္တလေးဆောင်ဘက်နောက်ပြန်လှည့်ပြီး ကြည့်နေသေးတယ်.ဓမ္မာရုံဝင်ပေါက်က ဖြေးဖြေးချင်းလျှောက်လာစဉ်နှစ်ကြိမ်သုံး ကြိမ်ရပ်နေသေးတယ်.. ကျန်းမားရေးမကောင်းဘူး ထင်တယ်.၀ိုင်းတွဲလိုက်ကြပါအုံးတဖြေးဖြေးနီးလာပါပြီသိုးမွှေးဦးထုပ်ဆောင်းထားသောမျက်နှာကိုကြည့်ရတာမသဲကွဲပါ..
ဆရာထဲ မှာဒီမျက်နှာမျိုးမတွေ့ဘူးပါ..သူငယ်ချင်းတွေအားလုံးစိုက်ကြည့်နေကြတယ်..
ဟာ..သူကြီး.တောသူကြီး.မှတ်မိကြပြီလား
ဟုတ်တယ်.တောသူကြီးဒါပထမဆုံးအကြိမ်လာတာဘဲ
ငယ်ရုပ်ကိုမှတ်မိသွားပါပြီ..ဆရာလို့ထင်နေကြတဲ့တောသူကြီး သူ့ဒီဇိုင်းက ဆရာတွေထက်ပိုပြီးရင့်ကျင့်ပုံပေါက်နေတယ်..
ဟာသူကြီး ဘယ်လိုဖြစ်တာလဲ.မင်းကိုကြည့်ရတာ အဖိုးကြီးကျနေတာဘဲ
အသက်လေးဆယ့်ငါးနှစ်လောက်ကခြောက်ဆယ်ပုံပေါက်နေတယ်.ဘာအရူးထနေတာလဲ
ဒီတောသူကြီးကို ဆရာတွေနဲ့ အတူထိုင်ခိုင်းပြီးငါတို့ကန်တော့လိုက်ကြရအောင်.
သူငယ်ချင်းတွေတစ်ယောက်တစ်ပေါက်ပြောကြဆိုကြ၊နောက်တတ်သောသူငယ်ချင်းတစ်ယောက်ကသိုးမွှေးဦးထုပ်ကိုဆွဲလုလိုက်တာ.
တောသူကြီးခေါင်းကတုံးပြောင်ဖြစ်နေတယ်.
ဟာ..သူကြီး.ဘုန်းကြီးထွက်လာတာလား..
မဟုတ်ပါဘူး.ငါ့အသက်အရွယ် ဒီပုံမျိုးဘဲနေရမှာပေါ့.
ဟာမှားနေပြီ.ငါတို့ရွယ်တူတွေဘဲ.ဂတုံး တုံးစရာမလိုပါဘူးကွာ.
မင်းတို့ကောင်တွေနေရမယ့် အချိန်သိပ်မရှိတော့ဘူး..မင်းတို့ဘာသာရေးလည်းလုပ်မယ့်ပုံမပေါ်ပါဘူး
သေရင်ငရဲကျမှာမကြောက်ဘူးလား.ဟေ
တောသူကြီး ကျနော်တို့အားလုံး ကို တရားစဟောပါတော့တယ်.ဘုရားစာတွေလည်းရွတ်ပြနေတယ်
ဒီကောင်တော်တော်ပြောင်းလဲနေပါလား
ဟေ့ကောင်တွေ မင်းတို့ ငါပြောတာနားထောင်ကြရဲ့လားနားကောလည်ကြရဲ့လား.
ဟာငါတို့ဘုန်းကြီးဝတ်မှာမှမဟုတ်တာ.ဘာတွေလာပြောနေတာလဲ.
ဟာအပါယ်ငရဲလားမယ့်ကောင်တွေပါလား.
ငရဲဆိုတာသေမှရောက်မှာလောလောဆယ်လူ့လောကထဲမှာဘဲရှိသေးတာ..
သူကြီးမင်းဘာဖြစ်လို့အဘိုးကြီးဒီဇိုင်းမျိုးဖြစ်နေရတာလဲ
ဘာဖြစ်လို့လဲ.ငါနဲ့ မလိုက်လို့လား.
လုံးဝမလိုက်ဘူးမင်းပုံစံကသေခါနီးအဖိုးကြီးဒီဇိုင်း..
အေးကွငါလည်းထင်သား..ရွာမှာကငါသူကြီးဆိုတော့ငါ့ဘေးနားမှာအဘိုးကြီးတွေချည်းဘဲ...
ကြာတော့သူတို့ပုံစံမျိုးဖြစ်သွားရတာပေါ့..
မင်း ဒီပုံကို မင်းမိန်းမ ဘာမှမပြောဘူးလား..
ဒီမိန်းမ ဘာမှမပြောလို့ပေါ့ကွငါနဲ့မလိုက်ဖက်လည်း မလိုက်ဖက်တဲ့အကြောင်းပြောသင့်တာပေါ့။ ဒါကြောင့်မိန်းမကိုစိတ်ကုန်တယ်.
ဟာမင်းလုံးဝစိတ်မရှိတော့ဘူးပေါ့မလိမ်နဲ့နော်..လိမ်ရင်မင်းပြောတဲ့ငါးပါးသီလနဲ့ ငြိမယ်.
စိတ်မရှိတာမဟုတ်ဘူး.သူ့ပုံကတုံးတော့ ငါစိတ်မလာတာပေါ့
ဟုတ်ပြီ.ပုံမလာလို့စိတ်မလာတာ..ပုံလာရင် ငယ်စိတ်တွေကျန်သေးတဲ့သဘော.
ညကျရင်လက်တွေ့စမ်းကြမယ်..
မင်းတို့ပုံတွေကြည့်ရတာဘာသာရေးကိုစိတ်ဝင်စားတဲ့ပုံမပေါ်ပါဘူး.ဟိုတစ်ကောင်လဲဂျင်းဘောင်းဘီဝတ်တုန်း.ငါတို့ရွာမှာဆို မင်းတော့ တော်တော်အတင်းပြောခံရမှာ..
သူကြီးသူကြီး.ဒီအတိုင်းသွားလို့နောက်နှစ်ထိတောင်ခံပါ့မလား
ခုတင်..ကိုကျော်သူကိုဖုန်းဆက်ခေါ်ထားပြီးပြီ..
ငါတို့သူငယ်ချင်းထဲမှာ ကျော်သူမရှိပါဘူး .ဘယ်သူလဲ.
ရုပ်ရှင်မင်းသားကျော်သူ.
ဘာလုပ်ဘို့လဲ..
မင်းကိုနာရေးကားနဲ့ ရေဝေးလိုက်ပို့ခိုင်းမလို့..
ဟာ.ဒီကောင်တွေ မဦးမချွတ်
ဘုရားစာတွေရွတ်ပြီးသေရမှာတော့အကြောက်သား..
မင်းတို့နဲ့တွေ့မှဘဲငါ့စိတ်တွေပိုလွတ်လပ်ပြီးငယ်သွားသလိုဘဲ
ရွာမှာကသူကြီးဆိုပြီးအရမ်းသိက္ခာထိမ်းနေရတယ်..
မင်းရွာကသိက္ခာတွေ၊ ဘာတွေချန်ထားလိုက်တော့.အရင်ကျောင်းသားဘ၀လိုပျော်ပျော်နေစမ်းပါ
မင်းကိုကြည့်ရတာဘိုးဘွားရိပ်သာကိုသွားမယ့်ပုံပေါက်နေတယ်.
ဟိုမှာငါတို့သူငယ်ချင်း.အရမ်းနုပျိုနေတယ် တွေ့လား
အေး.ဟုတ်တယ်.အရမ်းနုပျိုနေပါလား..
ဒီကောင်မိန်းမရတာ တစ်နှစ်ဘဲရှိသေးတယ်..
ဟာ.ဟုတ်လားအရင်မယားကြီးကော..
လူပျိုစစ်စစ်ကွ.အခုမှမိန်းမရတာ..
သေခါနီးမှ မိန်းမယူရလားမယူပါနဲ့တော့ဘာလို့အပူရှာနေတာလဲ
မင့်ဘိုးအေ..လူ့ဘ၀ဟာအသက်ခြောက်ဆယ်မှစတာ၊မင်းမသိဘူး..ဟုတ်
ဆေးပေးမီးယူတဲ့.အသက်ကြီးမှပိုပြီးအဖေါ်လိုအပ်တာကွ.
ငါ့ရွာနဲ့တော့ဆန့်ကျင်ဘက်တွေချည်းဘဲ..
သူကြီးမင်း.. သားတစ်ယောက်ကော..
ရှိတာမှ ဒီသားတစ်ယောက်ထဲ ဒီကောင်ကိုးရီးယားက ခုထိပြန်မလာသေးဘူး.. သူ့အမေက လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပြန်လာခိုင်းတယ်လူမလာဘူး၊ စာဘဲရောက်လာတယ်
အဖေ ရွာမှာ အင်တာနက်ကဖေးရှိလားလို့မေးလာတယ်.
မင်းနဲ့ငါ ငယ်ငယ်က သောက်နေကျလ္ဘက်ရည်ဆိုင်မှာ စူပါကော်ဖီမစ်ရော၊ နက်စ်ကဖီးရော၊တီးမစ်တွေရော အစုံ ရနေပြီလို့ စာပြန်လိုက်တာ..လူလဲပေါ်မလာ၊စာလဲမပြန်တော့ဘူးကွာ.
သူကြီးသူကြီးမင်းမိန်းမကိုသနားတယ်ကွာ..အဲဒါမင်းအပြစ်..
ဘာဆိုင်လို့လဲကွ
မင်းသူ့အနားကို မကပ်လို့ ဟိုးအဝေးကြီးကသားကိုသတိရနေတာ.
ဟာနေရမယ့်အချိန်ကဘာမှမရှိတော့ဘူး.သေရင်လဲခွဲရမှာဘဲ
မင်းသိပ်ပြီးတရားရနေပြီလားဒါဆိုလဲကျော်သူကားနဲ့ ရေဝေး ကို go တော့
လာပြန်ပြီ..ဒီစကားဘဲပြောနေ..
လောကကြီးမှာပျော်စရာတွေအများကြီးပါ.ကြည့်စမ်းငါတို့မင်းထက်အများကြီးနုပျိုနေတယ်.
ဘာကြောင့်လဲသိလား.
မသိဘူးကွာ.
ပျော်ပျော်နေ သေခဲတဲ့.စိတ်ပျော်တော့ ကိုယ့်နုတာပေါ့ကွာ..
မင်းတို့မှာဆေးရှိလား.ရှိရင်ငါ့ကိုပေး..
ဆေးလိုချင်တယ်ပေါ့ရမယ်ရမယ်.
အခုတော့မရဘူး.ညကျမှပေးမယ်..
ဟာ..ဆရာကန်တော့ပြီးရင်ပြည်ကားနဲ့ပြန်တော့မှာ..လုပ်စမ်းပါ.
မရဘူး.မရဘူး..ညကျမှ စိတ်ပျို ကိုယ်နုဆေးပေးမယ်..
ဆရာကန်တော့ပွဲလာကြသောကျောင်းသားများကြားထဲမှာ သူကြီးတစ်ယောက် သူ့ဝတ်စားပုံနဲ့ ရုပ်က
ရင့်သလိုဖြစ်နေတယ်.သူ့ဖြစ်ပုံက ကန်တော့ခံဆရာတွေထက်ရုပ်ရင့်သလိုဖြစ်နေတော့ သူ့ခမျာနဲနဲတော့ ရှက်နေရှာတယ်
မင်းတို့ကိုကြည့်ရတာ အရမ်းတက်ကြွပြီး ဖျတ်လတ်နေတာဘဲနော်.
ဒါ ပေါ့ကိုယ်တို့မှာက ဆေးရှိတယ်လေ.ညကျမှမင်းကိုပေးမှာ..
နေ့ချင်းပြန်မယ်ဆိုပြီး အ၀တ်အစားတွေပါမလာဘူးကွ..
ဒါပြဿနာမဟုတ်ဘူး.မင်းမှာရေပါလာဘို့အရေးကြီးတယ်..ဆရာကန်တော့ပွဲပြီးရင် အ၀တ်အစားသွားဝယ်လိုက်..
နေ့လည်ဆရာကန်တော့ပွဲပြီးသွားတော၊့ လှည်းတန်းမှာသူကြီးအတွက် အ၀တ်အစားသွားထွက်ဝယ်ကြပါတယ်၊ ဂျင်းဘောင်းဘီ၊ စပို့ရှပ်၊ ဂတုံးပြောင်ကိုစွပ်ဘို့ မန်ချက်စတာဘောလုံးအသင်းသိုးမွေးခေါင်းစွပ်တွေနဲ့သူကြီးပုံနဲနဲပိုလန်းလာပြီ..
ဟေ့ကောင်တွေ ဒီပုံကိုရွာကလူတွေသာမြင်သွားရင်ငါအတင်းချခံထိတော့မှာ
မြန်မြန်သွားကြရအောင်
ညစာအတွက် တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အကယ်ဒမီဟိုတယ်မှာသွားစားကြမယ်.. ဒီနေ့ကန်တော့ကြသောသူငယ်ချင်းထဲက တစ်ယောက်ကဟိုတယ်ကိုဦးစီးနေသောကြောင့်သူစီစဉ်ပေးတာဖြစ်ပါတယ်
အင်းယားကန်ဘေးကမြက်ခင်းမှာညစာစားကြတယ်.
မင်းတို့ ငါ့ကိုနုပျိုဆေးပေးမယ်ဆို.
ရမယ်.ရမယ်.ဟောဒီမှာအပြင်းရှိတယ်.ဘီယာလဲရှိတယ်..
ငါအရက်မသောက်ဘူးကွ..
အရက်ဆိုတာက မင်းသွားချင်တဲ့နတ်ပြည်မှာမရှိသလို၊မင်းမသွားချင်တဲ့ ငရဲပြည်မှာလည်းမရှိဘူး၊လူ့ပြည်မှာဘဲရှိတာ လူ့ပြည်ရောက်တုန်း ရောက်ခိုက်သောက်ကိုသောက်ရမယ်..
နောက်ပြီးနုပျိုဆေးက အရက်နဲ့အရမ်းတည့်တာ.ဆေးမသောက်ခင်အရက်နဲနဲသောက်လိုက်.
ဟုတ်ပြီ..နဲနဲထပ်ချလိုက်အုံး..
မင်းတို့ဆေးမရခင် ငါမူးတော့မယ်
မူးရင်ဆေးနဲ့ပိုတည့်တယ်..
ထမင်းစားသောက်ပြီးချိန်မှာတော့သူကြီးရေချိန်နဲနဲကိုက်လာပြီ..
သူငယ်ချင်းက ကျနော်တို့အတွက်ကာရာအိုကေ ခန်းမကြီးတစ်ခုစီစဉ်ပေးထားတယ်အပြင်လူတစ်ယောက်မှမရှိ..
ကျနော်တို့ပျင်းနေမှာစိုးသောကြောင့် စကားပြောဖေါ်ရအောင်ကောင်မလေး အယောက်လေးဆယ် လောက်က စောင့်နေပေးတယ်..
အရမ်းကိုသိတတ်သောသူငယ်ချင်း.ကျနော်တို့သူငယ်ချင်းအားလုံးအ တွက်သီးသန့်အခန်း
ရော့ သူကြီး.ဒါကို မိုက်ခရိုဖုန်းလို့ခေါ်တယ်..
ဘာလုပ်ဖို့လဲ..
မင်းဘဲ ငါတို့ကိုနေ့လည်က တရားဟောခဲ့တယ်လေ.နိဗ္ဗာန်ရောက်ကြောင်းတရားလေ..
ဒီအခန်းထဲမှာရောက်နေတဲ့သူတွေအားလုံးနားလည်သွားအောင်မင်းမိုက်ခွက်နဲ့တရားဟောရမယ်
ဟာ.မဖြစ်ဘူးမဖြစ်ဘူးငါမူးနေပြီ..
ပြောရင်းနဲ့ သောက်တလွဲတွေထွက်ကုန်မယ်.
မရဘူးမရဘူး.မင်းတရားဟောကိုဟောရမယ်.
ငါမူးနေပြီကွ မဖြစ်ဘူး
မင်းတရားမဟောရင် သီချင်းဆိုပြရမယ်
ဟာရှက်စရာကြီး.မလုပ်ပါနဲ့.ဟိုမှာကောင်မလေးတွေကြည့်နေတယ်..
မရဘူး.သီချင်းတစ်ပုဒ်ဆိုပြရမယ်.
ငြင်းမရတော့လဲဆိုရတော့မှာပေါ့.ပေးစမ်း မိုက်.
ကောင်မလေးနှစ်ယောက်ခြံရံလျှက် မိုက်ကိုဆွဲပြီး သူကြီး အပြတ်ဟဲနေပြီ..
နေရေးနဲ့ စားသောက်ရေးမနှေးအောင်ပင်အောင်မြင်ရမည်..
လူမွဲများစိတ်ချမ်းသာအောင် ကြံဆောင်မည်ဒို့ နဂါးနီ..
လူမွဲများစိတ်ချမ်းသာအောင် ကြံဆောင်မည်ဒို့ နဂါးနီ..
ဘာသာရောင်သာသနာရောင် ထွန်းလင်းပြောင်မည်..
ဂျင်းဘောင်းဘီ၊ မန်ယူခေါင်းဆောင်းဝတ်ထားတဲ့တောသူကြီး လူငယ်ပုံဖြစ်သွားပြီ။ လက်တစ်ဖက်ကမိုက်လက်တစ်ဖက်ကကောင်မလေး ပခုံးမှာတင်ပြီးသီချင်းဟစ်နေသောပုံက နေ့လည်ကပြောနေသော ဖြစ်ပျက်တရားနဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုမေ့နေလောက်ပြီ
မိုက်ခွက်ကို ကိုင် သီချင်းဟစ်ပြီးသကာလ သူကြီးအာရွင်သွားပြီ.ကောင်မလေးတစ်အုပ်နဲ့စကားတွေဖေါင်ဖွဲ့ လို့ လူငယ်လေးတစ်ယောက် လိုပင်..တောသူကြီးဆိုသောဂုဏ်ပုဒ်ကိုသူမေ့နေပြီ..
ဟော.ဟော.မိုက်ခွက်အတင်းလုပြီး သီချင်းနောက်တစ်ပုဒ်ထပ်ဟဲနေပြီ

နေကာမျက်မှန် လေးနဲ့ လေးနှမငယ် ခင်ပါတယ်.
ငှက်ခါးလေးတွေ အခါခါ နားလို့..သက်ထားလေးဆီစာလွှာပါးရင်း..
သာယာစေကြောင်းတောင်းဆုပြုပါတယ်
အဆိုတော်မျိုးမြင့်လေးအရှုံးပေးရလောက်အောင်အပြတ်ဟဲနေပြီသီချင်းပြီးသွားတဲ့အခိုက် ငြိမ်သက်သွားသောအချိန်လေးမှာ.
ဇီးကုန်းရွာကသူကြီးခင်ဗျားဟိုတယ်ရှေ့ မှာ ကားစောင့်နေပါတယ်..
ဆောင်းဘောက်မှ အသံကြီးထွက်လာပါတယ်..
ဘယ်သူ့ကားလဲကွ.ငါကားမကြိုခိုင်းထားပါဘူး..သူကြီးအားကျမခံ မိုက်နဲ့ပြန်မေးလိုက်ပါတယ်
ရုပ်ရှင်မင်းသားကျော်သူက နာရေးကားနဲ့ ရေဝေးလိုက်ပို့မလို့.
ဟာ..ဘယ်ခွေးမသားလဲအရေးထဲ..ဒီမှာ နတ်သမီးတွေနဲ့တွေ့တဲ့အဆင့်ဘဲရှိသေးတယ်.
နတ်ပြည်မတက်ရသေးဘူး.သွားသွား.ပြန်ခိုင်းလိုက်
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit