Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

အထင်နဲ့ အမြင်

လူတစ်ယောက်၏ရုပ်ရည်ချောမောလှပခြင်းဥပဓိရုပ်ကောင်းခြင်းတို့သည် ကျနော်တို့၏အတိတ်ကံနှင့်သာဆိုင်မည်ဟုထင်ပါသည်။
ဒါပေမယ့် ရုပ်ရည်ရူပကာ ကိုကြည့်ခြင်းအားဖြင့်အတွင်းစိတ်သဏ္ဍန်ကိုခန့်မှန်း၍မရနိုင်ပါ။
ရုပ်ချောတိုင်းသဘောကောင်းမယ်လို့ မထင်နိုင်သလို ရုပ်ဆိုးသူများကိုလည်းစိတ်ထားမကောင်းသူများဟုသတ်မှတ်၍မရနိုင်ပါ..
လူတစ်ယောက်စိတ်ကိုတဒင်္ဂမြင်ရုံမျှနှင့်ဆုံးဖြတ်၍မရနိုင်ပါ။
စစ်တပ်အာဏာသိမ်းပြီး 1989 ခု တစ်ခုသောရက်တစ်ရက်မှာ ကျနော်တို့ညီအကိုနှစ်ယောက်ပါပလေကာ ကားနဲ့ မော်လမြိုင်မှ
ရန်ကုန်သို့ တက်လာခဲ့ကြပါတယ်.. မော်လမြိုင်ဇက်သည်ရေတက်ရေကျပေါ်မူတည်၍မုတ္တမသို့ကူးနေရတယ်၊
ဒီနေ့မုတ္တမဘက်ရောက်တာ နှစ်နာရီ လောက်ရှိနေပြီ။ စစ်အုပ်ချုပ်ရေးကာလစစ်တောင်းတံတားခြောက်နာရီပိတ်တယ်.
ည 10 နာရီ အပြင်မထွက်ရအမိန့်ထုတ်ထားတယ်
ညီအကိုနှစ်ယောက်တည်းဆိုတော့ ဖြည်းဖြည်းမှန်မှန်ဘဲမောင်းလာကြတယ်။ မော်လမြိုင်ကားလမ်းဟာ လမ်းသိပ်မကျယ်ပါ၊
ရှေ့ကကုန်ကားကြီးတွေရှိရင်နောက်ကလိုက်ပေတော့။ကုန်အပြည့်နဲ့ကားကြီးတွေဟာလမ်းဘေးချမောင်းရင်အန္တရယ်များသောကြောင့်
ဘေးမချပေးကြပါ။ လမ်းကျယ်မှသာကျော်တက်ရတယ်
ညမထွက်ရအမိန့်ရှိသောကြောင့်ကုန်ကားတွေလည်းနေ့ဘက်မှာဘဲမောင်းနေရတယ်..ယာဉ်ကြီးတွေနောက်မှာကျနော်တို့ကားလည်း ဖြေးဖြေးဘဲလိုက်နေရတယ်ဒီလိုဘဲမှောင်စပျိုးနေတဲ့အချိန်ခြောက်နာရီလောက်မှာဘုရားကြီးကိုရောက်လာပါတယ်.
လမ်းမှာဖြေးဖြေးမောင်းရတာရယ်၊ မော်လမြိုင်မှာ ဆီအပြည့်မဖြည့်ခဲ့တာ ရယ်ကြောင့်ဆီဂိတ်မှာတစ်မှတ်ဘဲကျန်ပါတော့တယ်.
ကျနော်တို့ဆီဖြည့်ရတော့မယ်..အဲဒီအချိန်တုန်းကဘုရားကြီးဟာနာမည်ကြီးတယ်
ဆီဂါလံမပြည့်တာရယ်ဆီမသန့်တာရယ်ကြောင့်ဘုရားကြီးမှာဆီမထည့်ဘို့သူငယ် ချင်းတွေသတိပေးလေ့ရှိကြတယ်.
ကျနော့်အဖြစ်ကနာမည်ကြီးဘုရားကြီးမှာဆီထည့်ရမည့်ကိန်းဆိုက်နေပြီ၊မတတ်နိုင်ဘူး၊ဆီရောင်းတဲ့သူတွေကိုအကဲခတ်ပြီး ဆီဝယ်တော့မယ်၊ ဓါတ်ဆီရောင်းတဲ့သူတွေအများကြီးပါ..ကျနော်တို့ညီအကိုတွေဆီရောင်းတဲ့သူတွေ အင်္ဂါရုပ်ကိုကြည့်ပြီးမှ
ဆီဝယ်တော့မယ်.ဒီလူရုပ်မသန့်ဘူး မ၀ယ်နဲ့၊မုတ်ဆိတ်နဲ့ကုလားကြီး မ၀ယ်နဲ့၊ဟိုလူလဲရုပ်မသန့်ဘူး မ၀ယ်နဲ့.
ဒီလိုနဲ့ ရွေးလာခဲ့ကြတာ ဘုန်းကြီးကျောင်းရှေ့နားမှာ ရောင်းနေတဲ့သူတွေဆီကိုရောက်လာပါတယ်..
ဒီလူတွေကရုပ်သန့်တယ်။နောက်ပြီး ဘုန်းကြီးကျောင်းရှေ့မှာရောင်းနေတဲ့သူတွေဆိုတော့မဟုတ်တာမလုပ် လောက်ဘူးထင်တယ်၊
ဒီလိုနဲ့ဘဲ ဓါတ်ဆီ ငါး ဂါလံ ၀ယ်ထည့်ပြီး ခရီးဆက်လာခဲ့ကြပါတယ်.
ဘုရားကြီးကထွက်လာတော့မှောင်နေပြီ ။ဆက်မောင်းလာလိုက်တာ ဘုရားကြီးနဲ့ ပဲခူး အလယ်လောက် မှာဘုရားကြီး က၀ယ်ခဲ့တဲ့
ဓါတ်ဆီ ကောင်းကောင်းဒုက္ခပေးပါပြီ..ဖွတ်ချက် ဖွတ်ချက် နဲ့ စက်ထိုးရပ်သွားပါတယ်။
ပြန်နှိုးကြည့်တယ်၊ စက်မမှန်ဘဲပြန်ရပ်သွားပါတယ်..ဖစ်တာကိုဖြုတ်ကြည့်တာ ရေတွေ့နေတယ်.
ကာဘရိုက် တာကိုဖြုတ်ကြည့်တာ ရေတွေချည်းဘဲ.
တောက်.ခွေးမသားတွေ ဒုက္ခပေးပြီ.
ကျနော်တို့သူတော်ကောင်းထင်ခဲ့သောကောင်တွေက ဓါတ်ဆီထဲကိုရေတွေထည့်ပေးလိုက်ပြီ.
ကာဘရိုက်တာဖြုတ်ဆေးပြီးစက်နှိုးလဲမရဘူး.ဆီတိုင်ကီထဲမှာ ရေတွေရှိနေတော့ စက်မနိုးတော့ဘူး
ဆီသန့်သန့်ပေးနော်လို့ ကျနော်ပြောတာ..ဘုရားစူး ဆီသန့်သန့်တွေ.ဘုန်းကြီးကျောင်းဝင်းထဲက စေတီလေး ကိုတိုင်တည်ပြီး
ပြောခဲ့တဲ့ သူတွေ. ကျနော့်ညီ ဒေါကန်ကန် နဲ့ မိုးမွှန်အောင်ဆဲနေပြီ.. လမ်းထဲမှာ ကားပျက်တာမဆန်းပါ
ဒါပေမယ့် အခုက ညဆယ်နာရီမထွက်ရအမိန့်ထုတ်ထားတယ်.ဆီတိုင်ကီဖြုတ်ဆေးဘို့ ပစ္စည်းမစုံမလင်နဲ့ မလွယ်ပါ
ကားပြင်ဘို့ကို လက်လျှော့လိုက် ပါပြီ..ကားတစ်စီးစီးကိုအကူအညီတောင်းပြီး ပဲခူးကိုဆွဲသွားချင်နေတယ်။
ကားတွေက အများကြီး ဖြတ်နေတယ်..ဘယ်သူ့ကိုမှ အကူအညီတောင်းလို့မရပါ..ည ဆယ်နာရီမထွက်ရ အမိန့်ကြောင့်လဲပါ ပါမည်.
ဒီအချိန်မျိုးမှာဘယ်သူမှလဲကူညီချင်ကြမှာမဟုတ်ပါ။
ကားတားနေရတာစိတ်ပျက်လာပြီ.ည 9 နာရီထိုးနေပြီ။ ကားတွေလာတာလဲ ကျဲသွားပါပြီ။ လာတဲ့ကားတွေလဲမရပ်ပေးတော့ပါ။ စိတ်ဓါတ်တော်တော်ကျသွားပါတယ်.ငါတို့ဒီည လမ်းမှာဘဲအိပ်ရတော့မယ်ထင်တယ်။
ဒီအချိန်ကားတစ်စီးလာနေပါတယ် ကျနော်တို့ညီအကို ၀မ်းသာအားရနဲ့ လက်ပြပြီးတားနေပါတယ်.ဒေါ့ဂျစ်ကားကိုမုတ်ဆိတ်ကုလားကြီး မောင်းလာပါတယ်မုတ်ဆိတ်ကိုကြည့်ပြီး ကျနော်တော်တော်စိတ်ပျက်သွားပါတယ်.
ညီလေးမတားနဲ့တော့သူတို့က ပိုဆိုးမှာ..
ကျနော်ပြောသလိုဘဲ မုတ်ဆိတ်ကျနော်တို့ကိုငဲ့စောင်းကြည့်ပြီး ဆက်မောင်းသွားပါတယ်.
ငါ ထင်သားဘဲလက်ညောင်းတာဘဲအဖတ်တင်တယ်ကျနော့်နှုတ်ကပြောနေမိပါတယ်..
ဒါပေမယ့်ဓါတ်တိုင်နှစ်တိုင်လောက်အကွာမှာဒေါ့ဂျစ်ကားဟာရပ်သွားပြီးနောက်ပြန်ဆုတ်လာပါတယ်..
ဘာဖြစ်တာလဲ..
ဓါတ်ဆီဝယ်တာ ရေတွေရောထည့်ပေးလိုက်လို့စက်နှိုးလို့မရတော့ဘူး..
ပြင်မယ်ဆိုရင်ပြင်ပေးလို့ရတယ်သူစဉ်းစားပြီးပြောပါတယ်။
ဒါပေမယ့် အခုအချိန်မရှိတော့ဘူး..ပြင်ရင်ငါတို့နှစ်စီးလုံးဒုက္ခရောက်သွားမယ်
ဘိုင်ကြီး ဘယ်လိုလုပ်ရင်ကောင်းမလဲ.
ကျနော်တို့အရပ်မှာ အစ်ကိုအရွယ် မွတ်ဆလင် တွေ ကို ဘိုင်ကြီးလို့ခေါ်လေ့ရှိတယ်.သူ မုတ်ဆိတ်ကိုသပ်ရင်းစဉ်းစားနေတယ်.. နောက်ကားပေါ်မှခုန်ဆင်း၊ စက်ပစ္စည်းထည့်ထားသော သေတ္တာထဲမှ ကြိုးတစ်ခွေထုတ်လာခဲ့ပါတယ်..သူ့ဒေါ့ဂျစ်ကားက ကျနော်တို့ ပါပလေကာ ကိုဆွဲပြီး ပဲခူးကိုဦးတည်နေပါပြီ..
ပဲခူးဝပ်ရှော့ရောက်ချိန်ဆယ်နာရီထိုးတော့မယ်မုတ်ဆိတ်ဘိုင်ကြီး သူ့ကြိုးခွေကိုသိမ်းနေပြီ..
ဘိုင်ကြီး ကျနော့်ကားကိုဆွဲပေးတဲ့အတွက် ဘယ်လောက်ပေးရမလဲ..မလိုဘူးပေးစရာမလိုပါဘူး.
မဟုတ်တာယူပါ.ကျနော်ငွေအတင်းပေးတာ ဘိုင်ကြီးးလက်မခံပါ.ဆီဘိုးတော့ယူလိုက်ပါ။
ညီလေး မင်းဒုက္ခရောက်နေတဲ့အချိန်မှာ ငါကူညီပေးခဲ့တာနော်.နောင်တစ်ချိန် ဒုက္ခရောက်နေတဲ့သူတွေ့ခဲ့ရင်မင်းလဲကူညီပေးလိုက်ပါ
ဒါဆိုရင်ငါကျေနပ်ပြီ..
ကျနော်တို့ညီအကိုနှစ်ယောက် ဘိုင်ကြီးစကားကိုကြားလိုက်တဲ့အချိန်မှာ တော်တော်လေးအံ့အားသင့်သွားပါတယ်. လမ်းမှာရှေ့က ဆွဲနေတဲ့သူ့ကားနောက်ကိုလိုက်ရင်းစိတ်ထင်တာတွေပြောနေကြတယ်.
ပဲခူးရောက်ရင် ငါတို့ဆီက ဘယ်လောက်တောင်းမလဲမသိဘူး
သိပ်များနေရင်ဘယ်လိုလုပ်မလဲ.
ဒီလမ်းအတိုင်းပြန်တာဘဲ..ငါတို့ကိုဆွဲသွားလို့ ဆီဘယ်လောက်ပိုကုန်မှာမို့လဲ ကြည့်ပြီပေးတာပေါ့ကွာ.
မိုးချုပ်ချုပ် ကူညီသူမရှိတဲ့ကြားက ဆွဲပေးလာသောကျေးဇူးကိုမှမထောက်။ ကျနော်တို့ညီအကိုဘိုင်ကြီးကိုလူပုံ ကြည့်ပြီး အကောင်း မမြင်ခဲ့ကြပါ
ကျနော်တို့ပေးသောငွေကို ဘိုင်ကြီးလုံးဝ လက်မခံခဲ့ပါ.သူ့ကြိုးခွေကို သိမ်းဆည်းပြီးသနပ္ပင်ကို ခရီးဆက်သွားပြီ..
ဘာသာတူ၊လူမျိုးတူတွေက ဘုရားကိုမှအားမနာဘဲတိုင်တည်ပြီးကျနော်တို့ကိုဒုက္ခချောက်ထဲတွန်းချခဲ့တယ်..လူမျိုးမတူ၊ ဘာသာမတူတဲ့ ဘိုင်ကြီးက ငွေရေးကြေးရေးတစ်ပြားမှမယူခဲ့ဘဲအခမဲ့ကူညီပေးခဲ့တယ်ဘယ်သူမှမကူညီခဲ့တဲ့ ညမထွက်ရ အခြေအနေမျိုးမှာ ကူညီပေး ခဲ့တယ်ပိုဆိုးတာကသူ့စေတနာကိုကျနော်တို့တလွဲတွေးပြီးအထင်သေးခဲ့သေးတယ်။
လောကကြီးမှာ အထင်နဲ့ အမြင်လွဲနေတာတွေရှိနေပါသေးတယ်..


 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit