Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

ဓါတုဆေးဝါးဝန်းကျင်နဲ့ကျနော်တို့

အောက်ပြည်အောက်ရွာမှာနေခဲ့တဲ့ကျနော်တို့ငယ်စဉ်ဘ၀တုန်းကအညာကလာတဲ့စလေဇီးသီးအခြောက်ကိုအရမ်းကြိုက်ခဲ့တယ်.. ဇီးသီးတစ်လုံး ပါစပ်ထဲပစ်ထည့်လိုက်ရင် အစေ့ကိုနှမျှောတသနဲ့ ထွေးထုတ်စရာမလို အစေ့ကိုပါဝါးစားလို့ရတယ်အရမ်းကြိုက်တယ်. အညာကလာသောလူရွယ်တစ်ယောက်အထမ်းနဲ့ထမ်းပြီးနေ့လည်နေ့ခင်းဘက်လာရောင်းလေ့ရှိတယ်ကျနော်တို့ထိုလူရွယ်ကို လွယ်လွယ် ကူကူ ဘဲ အညာသားလို့ခေါ်ကြတယ်..
အညာသားသည် နေ့ခင်းဘက်ကစားနေချိန်များတွင် အထမ်းနဲ့ လာရောင်းလေ့ရှိတယ် စက္ကူကန်တော့ ထိုးပြီးစလေဇီးသီးခြောက် ငါးမူးဘိုး၊တစ်ကျပ်ဘိုးလာရောင်းလေ့ရှိတယ်အညာသားဆီမှာ ကျနော်တို့ စလေသီးဝယ်စားနေကြတာအတော်ကြာနေပြီ.
တစ်လတစ်ခေါက် အညာသား အညာပြန်ပြီး စလေဇီးသီးပြန်ယူလေ့ရှိတယ်.အညာ အသွားအပြန် တစ်ပတ်လောက်ကြာလေ့ရှိတယ်. ဒီတစ်ခေါက်အညာသားအညာပြန်တာတော်တော်ကြာနေပြီ.ကျနော်တို့အားလုံး နေ့ခင်းဘက် အညာသားကိုမျှော်နေမိတယ်..စလေ ဇီးသီးကိုတမ်းတနေကြတယ်
ဒီနေ့ မနက် အညာသားပြန်ရောက်ပြီလို့သတင်းကြားလိုက်ပါတယ်..ဒီနေ့လည် ကျနော်တို့ကစားရတာစိတ်မပါ ပါ.အညာသားယူလာမဲ့ စလေဇီးသီး ကိုမျှော်နေမိတယ်. ဒီနေ့မှမျှော်နေသော အညာသားနောက်ကျနေပါတယ်..
ကျနော်တို့အားလုံး အညာသားလေးတည်းနေကျ အလယ်ရွာ ရပ်ကွက်ဆီကိုလိုက်သွားကြတယ်. အညာသားတည်းနေသောအိမ်ရှေ့မှာ စလေဇီးသီးခြောက် ထည့်ထားသော ဂုန်နီအိတ်များထပ်ထားသည်ကို တွေ့ရတယ်.အညာသားကိုမတွေ့သေးပါ..အတွင်းကို လှမ်းကြည့် လိုက်တာ အညာသားကို လှမ်းမြင်လိုက်ရပါတယ်
အညာသားက ကျနော်တို့ကိုကျောခိုင်းထားသောကြောင့် ကျနော်တို့ကိုမမြင်နိုင်ပါ. သူဘာလုပ်နေလဲဆိုတာ ကျနော်တို့အားလုံး မြင်နေရတယ်။ ဖုံမှုံတွေကပ်နေသောစလေဇီးသီး အလယ်ပုံမှာအညာသားထိုင်နေသည်အရည်တစ်ခုခုကိုပါးစပ်ထဲမှ ငုံပြီး တဖွီး ဖွီး နဲ့ စလေဇီးသီး တွေကိုပါးစပ်နဲ့ လိုက်မှုတ်နေသည်..
ပြီးရင် အ၀တ်စုတ်တစ်ခုနဲ့ စလေဇီးသီး များကို ကောက်ပြီး ပွတ်သုတ်နေတယ်.ထိုအခါ စလေဇီးသီးခြောက်များသည် တောက်ပပြီး ပြောင်လက်လာသည်..
ကျနော်တို့တစ်သက်လုံးစားလာသောစလေဇီးသီး ခြောက်များသည် အညာသားပါးစပ်က တံထွေးတွေနဲ့ အရောင်တင်ထားပေးသော စလေဇီးသီး များပါတကား
အပြန်လမ်း မှာ ကျနော်တို့အားလုံး တဝေါ့ ဝေါ့ နဲ့ အန်တဲ့သူအန်.တထွီ ထွီ နဲ့ ရွံ့ တဲ့သူရွံ့
အဲဒီနေ့ကစပြီးအညာသားစလေဇီးသီးခြောက်ကိုကျနော်တို့ လုံးဝမစားကြတော့ပါ..
..

ကျနော့်မှာ ကျောင်းပြီးစ၊တူလေးတစ်ယောက်ရှိပါတယ်.ကိုယ်ပိုင်လုပ်ငန်းတစ်ခုခုလုပ်ချင်နေသောသူသည် ဘယ်လမ်းကြောင်းဝင်ရမှန်း မသိဖြစ်နေရှာတယ်. လုပ်ငန်းတစ်ခု အစပျိုးသောကာလဟာ အရမ်းကိုခက်ခဲပါတယ်. ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းဟာ အဆင်ပြေအုံးမှ၊  ကိုယ့်ကံနဲ့လည်းစပ်အုံးမှ.. အခု ကျနော့်တူဟာ ငါးခြောက်ပွဲရုံလုပ်ရင် ကောင်းမလားဆိုပြီး ငါးခြောက်ထွက်တဲ့ ဧရာဝတီတိုင်းကိုဆင်းသွားပါတယ်..
ဟာ ငါ့တူ.မင်းငါးခြောက်ထွက်တဲ့နေရာသွားပြီးငါ့အတွက်ငါးခြောက်လက်ဆောင်လဲယူမလာခဲ့ပါလား
ဦးလေး ငါးခြောက် ပုဇွန်ခြောက်မစားနဲ့တော့..
မင်း ခရီးပမ်းလို့ထင် တယ် အသံတွေလဲဝင်နေပြီ
မဟုတ်ဘူး..အဲဒီငါးခြောက်ဒုက္ခပေးတာ..
ကျနော့် ကိုအိမ်ရှင်တွေက ငါးခြောက်ဖုတ်ကို ဆီဆန်းပြီးကျွေးတာ..ဦးလေးသိတဲ့အတိုင်း ကျနော်က ငါးခြောက်အရမ်းကြိုက်တာ. ဘာပြောမလဲ စားကောင်းကောင်းနဲ့ ဒီလိုစားတာ. ညရောက်တော့ လည်ချောင်းတွေလဲနာ၊ ရင်ထဲမှာပူပြီး ရေတွေလဲငတ်၊ မနက် ရောက်တော့ အသံမထွက်တော့ဘူး.နောက်နေ့ ငါးခြောက်လှန်းတဲ့နေရာတွေကိုရောက်သွားတာ.အမလေးလေး..ယင်နား၊ လောက်တက်နေတဲ့ ငါးခြောက်တွေကို တရုတ်ခြင်ဆေးတွေနဲ့ ဒီလိုဖြန်းနေတာ..တစ်နေရာ၊နှစ်နေရာ မဟုတ်ဘူး။ ငါးခြောက်လှန်းတဲ့ စင်တိုင်းမှာ တရုတ်ခြင်ဆေးဘူးတွေတောင်လိုပုံနေတယ်..
ကျနော်ရွာထဲလျှောက်ကြည့်တော့ ဆိုင်တိုင်းမှာတရုတ်ခြင်ဆေးဘူးတွေ စက္ကူဖါလိုက်ရောင်းနေတာ. ရွာမှာ တရုတ်ခြင်ဆေးဘူးတွေ ရောင်းအကောင်းဆုံးတဲ့.တရုတ်ခြင်ဆေးဘူးဖြန်းတဲ့ငါးခြောက်နဲ့တွေ့ပြီး ကျနော်ဗိုက်ထဲကို အဆိပ်တွေ ဘယ်လောက်ဝင်ကုန်ပြီလဲ မသိဘူး
တစ်ရက်စက်လှေနဲ့ မြစ်ထဲလျှောက်သွားရင်း ငါးခိုးဖမ်းတဲ့သူတွေကိုလဲ တွေ့ခဲ့သေးတယ်.
ဦးလေးတို့ငယ်ငယ်တုန်းကလိုမိုင်းခွဲပြီးမဖမ်းတော့ဘူး..အခုနည်းက ဘာသံမှမထွက်ဘူး.
ဘာနည်းလဲကွာ ပြောပြပါ အုန်း..
ပိုးသတ်ဆေးနဲ့ငါးတွေကိုဖမ်းတာ..ပိုးသတ်ဆေးပျော့ရင် ငါးတွေပေါ်လာတာ နှေးတယ်.
ပိုးသတ်ဆေးပြင်းရင်တော့ ငါးတွေမြန်မြန်ပေါ်လာတယ်.
လူတွေသိရင် အဖမ်းခံရမှာကြောက်တော့ ပိုးသတ်ဆေးပြင်းပြင်း ရေထဲဖြန်းချလိုက်.. ခဏအတွင်းငါးတွေပက်လက် ပက်လက်နဲ့ ပေါ်လာတယ်..ပေါ်လာတဲ့ငါးတွေကို မြန်မြန် လိုက်ကောက်ပြီး ပြေးပြီ. အဲဒီငါးတွေကိုရွာထဲမှာ လိုက်ရောင်းတော့ မသိတဲ့ သူတွေက ၀ယ်.လူတွေဗိုက်ထဲပိုးသတ်ဆေးတွေရောက်.
တော်ပြီဗျာ. ငါးခြောက်လဲမရောင်းတော့ဘူး.. ပုဇွန်ခြောက်လဲ မစားတော့ဘူး. ငါးလဲမစားတော့ဘူး ငါးခြောက်ပွဲရုံလည်း မလုပ်တော့ဘူးဈေးပေါပေါနဲ့ အပြင်းစားခြင်ဆေးဗူးတွေ Import သွင်းမလားလို့ စိတ်ကူးနေတယ်..
ကျနော့်တူပြောသောစကားကို နားထောင်ပြီး သူငယ်ချင်းတစ်ယောက် ပြောသော စကားကိုပြန်ကြားယောင်မိပါတယ်.
ဈေးထဲက၀ယ်လာတဲ့ငါးခြောက်နေလှန်းနေတုန်းလာနားနေတဲ့ ယင်ကောင်တွေ မပျံနိုင်တော့ဘူး တုန်းကနဲ ငါးခြောက်ပေါ်မှာသေတာဘဲ
ငါးခြောက်တွေထဲမှာခြင်ဆေးဘယ်လောက်စိမ့်ဝင်နေလဲမသိပါ..ငါးခြောက်၊ ပုဇွန်ခြောက်တွေ စားရမှာတောင်ကြောက်နေပြီ
ဦးလေးဆီမလာခင် ကျနော်ဆေးခန်းဝင်ပြခဲ့သေးတယ်..ဆရာဝန်ကပြောတယ် ပိုးသတ်ဆေးတွေ ဓါတုပစ္စည်းတွေ ဗိုက်ထဲကိုဝင်လာတာ များရင်ကင်ဆာတွေပိုဖြစ်လာမယ်တဲ့.. ကင်ဆာမဖြစ်ခင်လူတွေရဲ့ မျိုးပွားတဲ့နှုန်းကျလာမယ်. ဒီထက်ဆိုးတာက ပန်းသေတာဖြစ်လာ နိုင်တယ်တဲ့
ကျနော်စိတ်ညစ်နေပြီ. ပန်းသေလို့မဖြစ်ဘူး. အဖေမွေးထားတာတစ်ယောက်ထဲ.. ကျနော့်အလှည့်ရောက်မှ နောက်မျိုးဆက် မကျန်ခဲ့ရင်ကျနော့်ကိုသတ်မှာ.ကျနော်မျိုးကန်းလို့မဖြစ်ဘူး
စိတ်မပူပါနဲ့ကွာ ဒီခေတ်ကြီးထဲမှာ ဖန်ပြွန်သန္ဓေ ဆိုတာ အရမ်းလွယ်နေပြီ
ဟာဦးလေးကလဲကိုယ့်ပစ္စည်းကိုကိုယ့်ဟာကို လုပ်ယူမှာပေါ့.ဘာလို့သူများအကူအညီယူမှာလဲ
ကျနော်တို့ပတ်ဝန်းကျင်မှာ ဓါတုပစ္စည်းတွေနဲ့ ရောထားသော အစားအသောက်တွေဝိုင်းရံနေတယ် အရောင်ဆိုးထားသော အသီးများ၊ ပိုးသတ်ဆေးတွေကျန်နေသောဟင်းသီးဟင်းရွက်များ၊မပုပ်မသိုးရအောင် ဓါတုပစ္စည်းတွေနဲ့ရောထားသောစားစရာများ၊ကျနော်တို့ဆီမှာ ကျန်းမာရေးဗဟုသုတနဲသောလူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနိမ့်သောအနေအထား၊ အစားအသောက်နဲ့ ဆေးဝါးတွေကို ထိထိ ရောက်ရောက်စစ်ဆေးခြင်းမရှိသော အခြေအနေတွေကြားထဲမှာ ကျနော်တို့ရှင်သန်နေရတယ်..
နေ့စဉ်နေ့တိုင်း သတင်းစာထဲက နာရေးတွေကိုကြည့်လိုက်ရင် အရွယ်ကောင်းလူလတ်ပိုင်းတွေ ပိုများလာနေပါတယ်..ငယ်ငယ်တုန်းက အညာသားလုပ်ပုံကို မျက်စိရှေ့မှာ မြင်လိုက်ရသောကြောင့် အညာသားစလေဇီးသီး ကိုလုံးဝမစားတော့ပါ ယနေ့ အခြေအနေမှာ မျက်စိနဲ့ တပ်အပ်မမြင်ပေမယ့်နားထဲမှာကြားနေရတယ်။စားနေတဲ့အစားအစာတိုင်းဓါတုပစ္စည်းတွေနဲ့ကင်းတယ်လို့မရှိရှောင်နေရင်ငတ်ပြီး သေဘို့သာရှိတော့မယ်..ဒီအတိုင်းသာဆက်သွားနေရင် ယနေ့မှစ၍ နောင်နှစ်ပေါင်း ၁၂၀ တိုင်ပါစေ ဆိုတဲ့မွေးနေဆုတောင်းသံတွေဟာ ကျနော်တို့အတွက်မဟုတ်တော့ဘူးထင်ပါရဲ့။

 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit