|
၁၉.၁၂.၂၀၀၉ နေ့
၁၉၈၀ဘူမိဗေဒကျောင်းသားဟောင်းများဆရာကန်တော့ပွဲအခမ်းအနားကိုနံက်
၉း၀၀နာရီ ၀ါးတန်းလမ်း Doreen စားသောက်ဆိုင်မှာ
ကျင်းပခဲ့ပါတယ်။တက္ကသိုလ်ဓမ္မာရုံမှာကျင်းပခွင့်မရခဲ့ပါဘူး။အခမ်းအနားမှုးကိုဆန်နီ
ရဲ့စကားအတိုင်း…
ကံ့ကော်ရနံ့သင်းပျံ့တဲ့တက္ကသိုလ်ပုရ၀ုဏ်မှာကျင်းပခွင့်မရဘဲ
မဆလာနံ့မွှေးကြိုင်နေတဲ့စားသောက်ဆိုင်မှာဆရာတွေကို
ကန်တော့ရတာကျနော်တို့ရဲ့ရင်ထဲ
မှာတစ်ခုခုလိုနေသလိုမျိုး၊မပြည့်စုံသလိုမျိုးခံစားနေရပါတယ်။
ကျနော်တို့ဘူမိဗေဒကျောင်းသားဟောင်းတွေရဲ့ရင်ထဲမှာကျနော်တို့စာသင်ခဲ့တဲ့မန္တလေး
ဆောင်၊ အခန်း၁၀၈
မှာကျနော်တို့ရဲ့ဆရာတွေကိုအားရပါးရကန်တော့ချင်နေကြပါတယ်။မမျှော်လင့်ပေမဲ့လည်း၊အခွင့်အရေးလေးများရလာခဲ့ရင်နောင်နှစ်
ဆရာကန်တော့ပွဲကိုမန္တလေး
ဆောင်မှာကျင်းပခွင့်ရလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့၂၀၁၀ကိုကြိုဆိုလိုက်ပါတယ်။
|